Wednesday, April 1, 2020

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူတို့အား စောင့်ကြည့်နိုင်ရန် စမတ်ဖုန်း အက်ပလီကေးရှင်းကို အသုံးပြုမည်


Image may contain: one or more people and text
ရုရှားနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စွဲကူးစက်ကပ်ရောဂါ ကျယ်ပြန့်လာသည်နှင့်အမျှ မော်စကိုမြို့နေထိုင်သူများအနက် ကိုဗစ်-နိုင်တင်းရောဂါပိုး ကူးစက်ခြင်းခံရသူများအား စောင့်ကြည့်စစ်ဆေးနိုင်မည့် စမတ်ဖုန်းအက်ပလီကေးရှင်းကို မြို့တော်အာဏာပိုင်များက တီထွင်အောင်မြင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ ထုတ်ဖော်ပြသခဲ့သည့် အဆိုပါစမတ်ဖုန်းအက်ပလီကေးရှင်းမှာ တားဆီးပိတ်ဆို့ထားရသော နယ်မြေတွင် ရောဂါမပျံ့ပွားရေး နေအိမ်၌သာ နေကြရန် ညွှန်ကြားခြင်းခံရသူတို့အား မှတ်သားစောင့်ကြည့် ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားအစိုးရ၏ ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝှမ်း ယခုအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုပေါင်း ၂,၇၇၇-မှု့ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ ၁- ရက်တည်း ကူးစက်မှုပေါင်း ၄၄၀ ရှိခဲ့ရာ စုစုပေါင်း ၂၄-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

အထူးသဖြင့် မော်စကိုမြို့တော်သည် ကူးစက်ပျံ့ပွားမှုအများဆုံး ဗဟိုချက်ဖြစ်သည့်အလျှောက် မြို့တော်၏ အစိတ်အပိုင်းတစ်ရပ်ကို တားဆီးပိတ်ဆို့ကြောင်း တနင်္ဂနေ့၌ အမိန့်ထုတ်ပြန်ခဲ့သည်။ ဤတွင် နေထိုင်သူတို့အနေဖြင့် အနီးအနားတစ်ဝှိုက်၌ ဆေးဝါးနှင့် အစားအစာဝယ်ယူရန်၊ အရေးပေါ်ဆေးဝါးကုသမှုခံယူရန် ၊ ခွေးလမ်းလျှောက်ရန်နှင့် အမှိုက်ပစ်ရန်အတွက်သာ နေအိမ်မှထွက်ခွင့်ရရှိကြမည်ဖြစ်သည်။

ယခု စမတ်ဖုန်းအက်ပလီကေးရှင်းကို အာဏာပိုင်တို့က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများအား Downlaod ထည့်သွင်းစေ၍ စောင့်ကြည့်စစ်ဆေးနိုင်မည့်ဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုအခါ အက်ပလီကေးရှင်းကို စမ်းသပ်လျှက်ရှိပြီး မြို့တော်အနှံ့ QR-code စနစ်တခုကိုလည်း ပြင်ဆင်လျှက်ရှိကြောင်း၊ အွန်လိုင်းမှ မှတ်ပုံတင်သည့် မြို့တော်နေထိုင်သူတိုင်းသည် သတ်မှတ်ပေးသည့် Code ကုဒ် တစ်ခုကို ရရှိမည်ဖြစ်သည်။ အဆိုပါ ကုဒ်ကို စျေးဝယ် သို့မဟုတ် ဆေးဝါးရရှိရန် အပြင်သွားခိုက် တားဆီးသည့် ရဲတပ်ဖွဲ့များအား ပြသနိုင်ပြီး အလွယ်တကူစစ်ဆေးမှု ပြီးဆုံးနိုင်မည်ဆို၏။

ဗုဒ္ဓဟူးနေ့တွင် ရုရှားတောင်ပိုင်းဒေသ ၈-ခုတို့သည်လည်း မော်စကိုနည်းတူ တားဆီးပိတ်ဆို့ရာတွင်ပါဝင်ခဲ့သည်။ ဆိုလိုသည်မှာ ရုရှားနိုင်ငံဒေသ ၈၀- ကျော်အနက် ၆၀ တို့အား တားဆီးပိတ်ဆို့ထားရသည့် အဓိပ္ပါယ်သက် ရောက်လျှက်ရှိသည်။
Source-hatyoung #Myanmar_Online_News

>>zawgyi<<

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူတို့အား စောင့်ကြည့်နိုင်ရန် စမတ်ဖုန်း အက်ပလီကေးရှင်းကို အသုံးပြုမည်


ရုရှားနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ကပ်ရောဂါ ကျယ်ပြန့်လာသည်နှင့်အမျှ မော်စကိုမြို့နေထိုင်သူများအနက် ကိုဗစ်-နိုင်တင်းရောဂါပိုး ကူးစက်ခြင်းခံရသူများအား စောင့်ကြည့်စစ်ဆေးနိုင်မည့် စမတ်ဖုန်း အက်ပလီကေးရှင်းကို မြို့တော်အာဏာပိုင်များက တီထွင်အောင်မြင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ ထုတ်ဖော်ပြသခဲ့သည့် အဆိုပါစမတ်ဖုန်းအက်ပလီကေးရှင်းမှာ တားဆီးပိတ်ဆို့ထားရသော နယ်မြေတွင် ရောဂါမပျံ့ပွားရေး နေအိမ်၌သာ နေကြရန် ညွှန်ကြားခြင်းခံရသူတို့အား မှတ်သားစောင့်ကြည့် ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားအစိုးရ၏ ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝှမ်း ယခုအထိ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုပေါင်း ၂,၇၇၇-မှု့ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ ၁- ရက်တည်း ကူးစက်မှုပေါင်း ၄၄၀ ရှိခဲ့ရာ စုစုပေါင်း ၂၄-ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည္။

အထူးသဖြင့် မော်စကိုမြို့တော်သည် ကူးစက်ပျံ့ပွားမှုအများဆုံး ဗဟိုချက်ဖြစ်သည့်အလျှောက် မြို့တော်၏ အစိတ်အပိုင်းတစ်ရပ်ကို တားဆီးပိတ်ဆို့ကြောင်း တနင်္ဂနေ့၌ အမိန့်ထုတ်ပြန်ခဲ့သည်။ ဤတွင် နေထိုင်သူတို့အနေဖြင့် အနီးအနားတစ်ဝှိုက်၌ ဆေးဝါးနှင့် အစားအစာဝယ်ယူရန်၊ အရေးပေါ်ဆေးဝါးကုသမှုခံယူရန် ၊ ခွေးလမ်းလျှောက်ရန်နှင့် အမှိုက်ပစ်ရန်အတွက်သာ နေအိမ်မှထွက်ခွင့်ရရှိကြမည်ဖြစ်သည်။

ယခု စမတ်ဖုန်းအက်ပလီကေးရှင်းကို အာဏာပိုင်တို့က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများအား Downlaod ထည့်သွင်းစေ၍ စောင့်ကြည့်စစ်ဆေးနိုင်မည့်ဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယခုအခါ အက်ပလီကေးရှင်းကို စမ်းသပ်လျှက်ရှိပြီး မြို့တော်အနှံ့ QR-code စနစ်တခုကိုလည်း ပြင်ဆင်လျှက်ရှိကြောင်း၊ အွန်လိုင်းမှ မှတ်ပုံတင်သည့် မြို့တော်နေထိုင်သူတိုင်းသည် သတ်မှတ်ပေးသည့် Code ကုဒ် တစ်ခုကို ရရှိမည်ဖြစ်သည်။ အဆိုပါ ကုဒ်ကို စျေးဝယ် သို့မဟုတ် ဆေးဝါးရရှိရန် အပြင်သွားခိုက် တားဆီးသည့် ရဲတပ်ဖွဲ့များအား ပြသနိုင်ပြီး အလွယ်တကူစစ်ဆေးမှု ပြီးဆုံးနိုင်မည်ဆို၏။

ဗုဒ္ဓဟူးနေ့တွင် ရုရှားတောင်ပိုင်းဒေသ ၈-ခုတို့သည်လည်း မော်စကိုနည်းတူ တားဆီးပိတ်ဆို့ရာတွင်ပါဝင်ခဲ့သည်။ ဆိုလိုသည်မှာ ရုရှားနိုင်ငံဒေသ ၈၀- ကျော်အနက် ၆၀ တို့အား တားဆီးပိတ်ဆို့ထားရသည့် အဓိပ္ပါယ်သက် ရောက်လျှက်ရှိသည်။
Source-hatyoung #Myanmar_Online_News

0 comments:

Post a Comment