Friday, April 3, 2020

စင်ကာပူတွင် လာမည့် ဧပြီလ ၇ ရက်နေ့မှစပြီး မရှိမဖြစ် ဝန်ဆောင်မှုတွေကလွဲ၍ အလုပ်တွေ အကုန်ပိတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြော


Image may contain: 1 person, standing
စင်ကာပူတွင် မရှိမဖြစ် ဝန်ဆောင်မှုများနှင့် စီးပွားရေးအတွက် အရေးပါသော ဘဏ်တွေပဲ အလုပ်ဖွင့်ပါမယ်။ အိမ်ကနေ အလုပ်လုပ်လို့ရတဲ့သူများအဖို့ အိမ်မှပဲ အလုပ်လုပ်ရန်။ construction နဲ့ သင်္ဘောကျင်းတွေမှာ အလုပ်လုပ်နေပြီး အဆောင်တွေမှာ နေတဲ့ အလုပ်သမားများအတွက် သီးခြားစီစဉ်မည်။
အချိန်ကာလကို ဧပြီ ၇ ရက်ကနေ မေလ ၄ ရက်ထိအချိန် သတ်မှတ်ထားသည်။

စျေးတွေ၊ စူပါမားကတ်တွေ၊ ဆေးခန်းတွေ ဆေးရုံတွေ၊ သယ်သူပို့ဆောင်ရေးတွေ၊ ရေမီး Services တွေ၊ ဘဏ်တွေ ဖွင့်မြဲ ဖွင့်နေဦးမှာဖြစ်ပါတယ်။
ကလေး မူကြိုကျောင်းတွေလည်း ပိတ်ပြီး အလုပ်ဆက်လက်လုပ်နေရတဲ့ မိဘတွေရဲ့ ကလေးတွေအတွက်တော့ ကန့်သတ်ချက်နဲ့ သတ်သတ်စီစဉ်ပေးမည်။ တက္ကသိုလ်တွေ ကျောင်းတွေလည်ပိတ်ပြီး အိမ်ကနေ စာသင်လို့ရတဲ့ စနစ်တခုနဲ့ သွားမည်။

စင်ကာပူမှာ အစားအသောက်အတွက် မစိုးရိမ်ပါနဲ့။ လက်ရှိ Covid 19 ကာလကိုကျော်လွန်ပြီးတော့တောင် အစားအသောက်တွေ လုံလောက်မှုရှိပါတယ်လို့ ဝန်းကြီးချုပ်လီရှန်လုံးက ဆိုပါတယ်။ Coffee shop တွေ hawker centres တွေကနေ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ ဆက်လက်ဝယ်ယူစားသောက်လို့လည်း ရပါသေးတယ် ။

အစုအလိုက်အဖွဲ့လိုက်နေခြင်းကို လုံးဝတားမြစ်ပြီး အစားအသောက်ဝယ်တာ အနီးအနား ပန်းခြံမှာ လေ့ကျင့်ခန်းလုပ်တာကလွဲ အပြင်ကို မလိုအပ်ပဲမထွက်ရ။ အတူမနေတဲ့ မိသားစုဝင်တွေရဲ့ အိမ်ကိုတောင်မှ မလိုအပ်ပဲ မသွားဖို့။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေဆီကို မသွားပဲ ရှောင်ဖို့ပြောကြား။

စင်ကာပူဟာ ယခင်က Covid 19 အတွက် မလိုအပ်ပဲ mask မတပ်ဖို့ ဆော်သြခဲ့ပါတယ်။
ယခုအချိန်မှာတော့ mask တပ်ခြင်းဖြင့် Covid 19 ကာကွယ်ကြဖို့ ဝန်ကြီးချုပ်က ပြန်လည်ပြုပြင် ပြောကြားသွားပါတယ်။

ဒီအပတ် ဆန်းဒေးမှာ အစိုးရအနေနဲ့ ပြန်သုံးလို့ရတဲ့အမျိုးအစား mask တွေ အိမ်တိုင်းအတွက် ဝေငှပေးမည်လို့လည်း သိရပါတယ်။

ရေးသားသူ - ကိုငြိမ်း(စင်ကာပူရွှေဂျာနယ်)

>>Zawgyi<<

စင်ကာပူတွင် လာမည့် ဧပြီလ ၇ ရက်နေ့မှစပြီး မရှိမဖြစ် ဝန်ဆောင်မှုတွေကလွဲ၍ အလုပ်တွေ အကုန်ပိတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပြော
Friday, April 3, 2020

စင်ကာပူတွင် မရှိမဖြစ် ဝန်ဆောင်မှုများနှင့် စီးပွားရေးအတွက် အရေးပါသော ဘဏ်တွေပဲ အလုပ်ဖွင့်ပါမယ်
အိမ်ကနေ အလုပ်လုပ်လို့ရတဲ့သူများအဖို့ အိမ်မှပဲ အလုပ်လုပ်ရန်။ construction နဲ့ သင်္ဘောကျင်းတွေမှာ အလုပ်လုပ်နေပြီး အဆောင်တွေမှာ နေတဲ့ အလုပ်သမားများအတွက် သီးခြားစီစဉ်မည်။

အချိန်ကာလကို ဧပြီ ၇ ရက်ကနေ မေလ ၄ ရက်ထိအချိန် သတ်မှတ်ထားသည်။

စျေးတွေ၊ စူပါမားကတ်တွေ၊ ဆေးခန်းတွေ ဆေးရုံတွေ၊ သယ်သူပို့ဆောင်ရေးတွေ၊ ရေမီး Services တွေ၊ ဘဏ်တွေ ဖွင့်မြဲ ဖွင့်နေဦးမှာဖြစ်ပါတယ်။
ကလေး မူကြိုကျောင်းတွေလည်း ပိတ်ပြီး အလုပ်ဆက်လက်လုပ်နေရတဲ့ မိဘတွေရဲ့ ကလေးတွေအတွက်တော့ ကန့်သတ်ချက်နဲ့ သတ်သတ်စီစဉ်ပေးမည်။ တက္ကသိုလ်တွေ ကျောင်းတွေလည်ပိတ်ပြီး အိမ်ကနေ စာသင်လို့ရတဲ့ စနစ်တခုနဲ့ သွားမည်။

စင်ကာပူမှာ အစားအသောက်အတွက် မစိုးရိမ်ပါနဲ့။ လက်ရှိ Covid 19 ကာလကိုကျော်လွန်ပြီးတော့တောင် အစားအသောက်တွေ လုံလောက်မှုရှိပါတယ်လို့ ဝန်းကြီးချုပ်လီရှန်လုံးက ဆိုပါတယ်။ Coffee shop တွေ hawker centres တွေကနေ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ ဆက်လက်ဝယ်ယူစားသောက်လို့လည်း ရပါသေးတယ် ။

အစုအလိုက်အဖွဲ့လိုက်နေခြင်းကို လုံးဝတားမြစ်ပြီး အစားအသောက်ဝယ်တာ အနီးအနား ပန်းခြံမှာ လေ့ကျင့်ခန်းလုပ်တာကလွဲ အပြင်ကို မလိုအပ်ပဲမထွက်ရ။ အတူမနေတဲ့ မိသားစုဝင်တွေရဲ့ အိမ်ကိုတောင်မှ မလိုအပ်ပဲ မသွားဖို့။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေဆီကို မသွားပဲ ရှောင်ဖို့ပြောကြား။

စင်ကာပူဟာ ယခင်က Covid 19 အတွက် မလိုအပ်ပဲ mask မတပ်ဖို့ ဆော်သြခဲ့ပါတယ်။
ယခုအချိန်မှာတော့ mask တပ်ခြင်းဖြင့် Covid 19 ကာကွယ်ကြဖို့ ဝန်ကြီးချုပ်က ပြန်လည်ပြုပြင် ပြောကြားသွားပါတယ်။

ဒီအပတ် ဆန်းဒေးမှာ အစိုးရအနေနဲ့ ပြန်သုံးလို့ရတဲ့အမျိုးအစား mask တွေ အိမ်တိုင်းအတွက် ဝေငှပေးမည်လို့လည်း သိရပါတယ်။

ရေးသားသူ - ကိုငြိမ်း(စင်ကာပူရွှေဂျာနယ်)

0 comments:

Post a Comment