မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသည့် အမျိုးသမီးမှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက်ပိုင်း Facebook Live လွှင့်မှုတွင် ပြောကြားခဲ့သည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူ အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့တည်းခိုနေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။
အဆိုပါလူနာအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကာ ဝေဘာဂီအထူးကု အထူးစောင့်ကြပ်မတ် ကုသမှုပေးခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ (၂၂)ဦး ရှိနေပြီး သေဆုံးသူ (၃)ဦးရှိလာပြီဖြစ်ကြောင်း သိရှီရပါသည်။
#Myanmar_Online_News
>>Zawgyi<<
ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေး လျက်ရှိသော COVID-19 အတည်ပြုလူနာ(Case-16) အသက် ၆၃ နှစ်အရွယ် အမျိုးသမီး သေဆုံး
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသည့် အမျိုးသမီးမှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက်ပိုင်း Facebook Live လွှင့်မှုတွင် ပြောကြားခဲ့သည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူ အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့တည်းခိုနေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။
အဆိုပါလူနာအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကာ ဝေဘာဂီအထူးကု အထူးစောင့်ကြပ်မတ် ကုသမှုပေးခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ (၂၂)ဦး ရှိနေပြီး သေဆုံးသူ (၃)ဦးရှိလာပြီဖြစ်ကြောင်း သိရှီရပါသည်။
0 comments:
Post a Comment