Friday, April 3, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် မူလသတ်မှတ်ရက်အတိုင်း စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်နိုင်မည်မဟုတ်

စာမေးပွဲအောင်စာရင်းများကို မူလသတ်မှတ်ရက်ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် မထုတ်ပြန်ရန် အခြေခံပညာဦးစီးဌာနမှညွှန်ကြားထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများရှိလာသည့်နေ့မှစတင်ပြီး တက္ကသိုလ်စာမေးပွဲများရပ်ဆိုင်းထားခဲ့သလို ဖြေဆိုပြီးစီးထားသည့် အခြေခံပညာအတန်းငယ်စာမေးပွဲများ၏ အောင်စာရင်းများကိုလည်း မူလသတ်မှတ်ရက်ထက် နောက်ကျပြီးမှသာထုတ်ပြန်နိုင်မည်ဖြစ်သည်။
"၂၆ရက်နေ့က မူလသတ်မှတ်ရက်ပါ။လေးတန်း ရှစ်တန်းကမပြီးသေးတော့ ထုတ်လို့မရသေးဘူး။ဟိုတစ်စ ဒီတစ်စနဲ့ ဖြစ်ကုန်မှာစိုးလို့ ဧပြီ ၂၆ကိုမထုတ်ခိုင်းသေးတာ"ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် မတ်လမကုန်ခင်နှင့် ဧပြီလဆန်းပိုင်းတို့တွင် ပြုလုပ်လေ့ရှိသည့် Grade-5,Grade-9 တို့၏ စာစစ်လုပ်ငန်းများ၊တက္ကသိုလ်ဝင်စာမေးပွဲ၏ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများမှာလည်း ယခုအချိန်အထိ ရွှေ့ဆိုင်းထားရသည်။
လက်ရှိတွင် Grade -5 ,Grade -9 တို့၏ စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို မေလ၂ရက်နေ့တွင်ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကို မေလ၁ရက်နေ့တွင် စတင်ဆောင်ရွက်ရန် လျာထားသည်။
"အတည်တော့မဖြစ်သေးဘူး စာစစ်မယ့်ရက်တွေက။ပညာရေးမှူးတွေနဲ့အစည်းဝေးလုပ်ရဦးမှာ။လုပ်ရင်လည်း ဗီဒီယိုကွန်ဖရန့် နဲ့ပဲလုပ်မယ် "ဟုဦးကိုလေးဝင်းကဆိုသည်။
၂၀၁၉-၂၀ ပညာသင်နှစ် အခြေခံပညာအတန်း အသီးသီးတွင်ကျောင်းသားကျောင်းသူ ကိုးသန်းကျော်တက်ရောက်ခဲ့သည်။
Ref : TheVoice
>>Zawgyi<<

Saturday, April 4, 2020

0 comments:

Post a Comment