Thursday, April 2, 2020

တပ်မတော်သားများ၏ လစာတစ်ရက်စာကို COVID - 19 ကာကွယ်ရေးလုပ်ငန်းများသုံးရန် လှူဒါန်းမည်

Image may contain: 3 people, outdoor

ကြည်း၊ ရေ၊ လေ တပ်မတော်သား အားလုံးတို့၏ လစာဝင်ငွေမှ တစ်ရက်စာကို COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကာကွယ်ထိမ်းချုပ် ကုသရေးလုပ်ငန်းရပ်များတွင်အသုံးပြုရန် နိုင်ငံတော်သို့လှူဒါန်းမည် ဖြစ်ကြောင်း ဧပြီ၂ရက်က သိရသည်။

တပ်မတော်အနေဖြင့် လှူဒါန်းမှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
"အစီအစဥ်တော့ရှိပါတယ်။ ဘယ်လိုလုပ်မယ်တော့မသိသေးပါဘူး။ ဘယ်အချိန်လောက်များဖြစ်နိုင်မလဲဆိုတော့ ရက်ပိုင်းအတွ​င်း ​​​​တော့ဖြစ်မှာပေါ့။ ကျွန်တော်တို့လဲ အစီအစဥ်ကို အသေးစိတ်က မသိသေးတာပါ။ အစီအစဥ်ရှိပြီးသားဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
တပ်မတော်အနေဖြင့် နေပြည်တော်တွင်လူဦးရေ တစ်သောင်းခွဲကို တပြိုင်နက်တည်း Quarantine လုပ်နိုင်ရန်အတွက် တပ်မတော်မှ အိပ်ဆောင်စု ၁၃ စု စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူ ၂၀၀၀ ကို လက် ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးမည်ဟု တပ်မတော်ကသတင်းထုတ်ပြန်ထားပြီး ရန်ကုန်တွင် စောင့်ကြည့်စတင်လက်ခံဆောင်ရွက်ပေးနေသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် အဆိုပါ ရောဂါအားကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘာသာရေးကျောင်းများ ၊ စာသင်တိုက်များ၊ လေဆိပ်များ စျေးများတွင် ပိုးသတ်ဆေးများလိုက်လံဖြန်းပေးနေကြောင်းသိရသည်။
Ref ; The Fifth Wave News
<zawgyi>
တပ်မတော်သားများ၏ လစာတစ်ရက်စာကို COVID - 19 ကာကွယ်ရေးလုပ်ငန်းများသုံးရန် လှူဒါန်းမည်
Thursday, April 2, 2020

ကြည်း၊ ရေ၊ လေ တပ်မတော်သား အားလုံးတို့၏ လစာဝင်ငွေမှ တစ်ရက်စာကို COVID-19 အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာကွယ် ထိမ်းချုပ် ကုသရေးလုပ်ငန်းရပ်များတွင် အသုံးပြုရန် နိုင်ငံတော်သို့ လှူဒါန်းမည် ဖြစ်ကြောင်း ဧပြီ၂ရက်က သိရသည်။
တပ်မတော်အနေဖြင့် လှူဒါန်းမှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
"အစီအစဉ်တော့ရှိပါတယ်။ ဘယ်လိုလုပ်မယ်တော့မသိသေးပါဘူး။ ဘယ်အချိန်လောက်များဖြစ်နိုင်မလဲဆိုတော့ ရက်ပိုင်းအတွင်း တော့ဖြစ်မှာပေါ့။ ကျွန်တော်တို့လဲ အစီအစဉ်ကို အသေးစိတ်က မသိသေးတာပါ။ အစီအစဉ်ရှိပြီးသားဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
တပ်မတော်အနေဖြင့် နေပြည်တော်တွင်လူဦးရေ တစ်သောင်းခွဲကို တပြိုင်နက်တည်း Quarantine လုပ်နိုင်ရန်အတွက် တပ်မတော်မှ အိပ်ဆောင်စု ၁၃ စု စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူ ၂၀၀၀ ကို လက် ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးမည်ဟု တပ်မတော်ကသတင်းထုတ်ပြန်ထားပြီး ရန်ကုန်တွင် စောင့်ကြည့်စတင်လက်ခံဆောင်ရွက်ပေးနေသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် အဆိုပါ ရောဂါအားကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘာသာရေးကျောင်းများ ၊ စာသင်တိုက်များ၊ လေဆိပ်များ စျေးများတွင် ပိုးသတ်ဆေးများလိုက်လံဖြန်းပေးနေကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment