Saturday, April 4, 2020

မြန်မာနိုင်ငံ၌ ဆေးထုတ်လုပ်ရန်အချိန် (၂)ပါတ်သာကြာမြင့်မည် COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်ပြင်ဆင်

Image may contain: 1 person, closeup

မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်နိုင်ငံတော်မှ ခွင့်ပြုလိုက်ပြီဖြစ်ပြီး ဆေးပညာရှင်များ‌ ဆေးထုတ်လုပ်ရာတွင်လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်ရှိ ဒေါက်တာ အောင်မြင့်သည် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် နည်းလမ်းတွေ့ရှိထားကာ ဆေးထုတ်လုပ်ရန်အချိန် (၂)ပါတ်နှင့် လတ်တလောကုန်ကျစရိတ် မြန်မာငွေ ကျပ်သိန်း (၁၅၀) ခန့်ရှိမည်ဖြစ်ပြီး နိုင်ငံတော်မှ ခွင့်ပြုချက်ရရန် လိုအပ်နေကြောင်း ရန်ကုန်ဆေးသုတေသနဌာန၌ ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။
COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် နည်းလမ်းတွေ့ရှိသူ ဒေါက်တာအောင်မြင့်သည် ယခင်ညကြက်မွေးမြူ ရေးလောကတွင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ကြက်လေပြွန်ယောင်ရောဂါ (IB disease) ဖြစ်ပွားစဉ်က ကိုယ်တိုင် ကာကွယ်ဆေးထုတ်လုပ်ပြီး ထိရောက်စွာကုသပေးခဲ့ဘူးကြောင်းနေပြည်တော်မှဒေါက်တာ သန်းဇော်ဦးက ပြောသည်။
"အစမ်းသပ်ခံမယ့် လူငယ်တွေလည်း အသင့်ရှိနေပါပြီ၊ဆေးထုတ်ပြီးရင် လူသားတွေကိုလည်း ကယ်တင်ခွင့်ရမယ်၊ နိုင်ငံတကာကိုလည်း ဒီနည်းလမ်းကို မိတ်ဆက်ပေးနိုင်မယ် " ဟု ၎င်းကပြောသည်။
Image may contain: 2 people
Source-သွေးသစ် #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment