ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အသွင် ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဘက်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမ ှုအခြေအနေများနှင့် ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေးပြောကြားရန်အတ ွက် ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အ ဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် အား (၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) ဖြင့် တာဝန်ပေးအပ်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်က ြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖ ြစ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် ထံ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်မှာ ၀၉-၄၄၀၄၂၂၁၅၄ ဖြစ်ပါသည်။
Source : Ministry of Health and Sports, Myanmar #Myanmar_Online_News
0 comments:
Post a Comment