Wednesday, April 1, 2020

Covid-19 ကြောင့် တိုကျိုမြို့ မြန်မာသံရုံး နေ့တစ်ဝက် ရုံးဖွင့်ရက်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြင်ဆင်ကြေညာခြင်း

Image may contain: text

၁။ မြန်မာသံရုံး၊တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့ဆောင်ရွက်နိုင်ရေးအတွက် လစဉ်ပထမရက်သတ္တပတ်အတွင်း ကျရောက်သည့် တနင်္ဂနွေနေ့များတွင်၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ နေ့တစ်ဝက်ကို ရုံးဖွင့်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် (၅-၄-၂၀၂၀)ရက် (တနင်္ဂနွေနေ့)၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့ပါသည်။
၃။ သို့သော်လည်း ယခုအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) သည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြန့်နှံ့ဖြစ်ပွားလျက်ရှိပြီး၊ တိုကျိုမြို့တွင်လည်း ကူးစက်မှုနှုန်းထားများ တိုးမြင့်လာသည်ဖြစ်ရာ တိုကျိုမြို့၊ မြန်မာသံရုံးအနေဖြင့် ကူးစက်မှုလျော့ပါးစေရန်အလို့ငှာလူထုနှင့် ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းစဉ်များကို လျှော့ချဆောင်ရွက်လျက်ရှိပါသည်။
၄။ သို့ပါ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် (၅-၄-၂၀၂၀)ရက် (တနင်္ဂနွေနေ့)၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့သည့် ကြေညာချက်အား ဖျက်သိမ်းပါကြောင်းနှင့် ယင်းနေ့တွင် တိုကျိုမြို့၊ မြန်မာသံရုံး၏ ကောင်စစ်ဌာန အား ဖွင့်လှစ်မည် မဟုတ်(မဟုတ်)ပါကြောင်း၊ တိုကျိုမြို့၊ မြန်မာသံရုံး အနေဖြင့် အဆင်မပြေမှုများ အတွက် တောင်းပန်အပ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
တိုကျိုမြို့၊ မြန်မာသံရုံး
<zawgyi>
Covid-19 ကြောင့် တိုကျိုမြို့ မြန်မာသံရုံး နေ့တစ်ဝက် ရုံးဖွင့်ရက်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြင်ဆင်ကြေညာခြင်း
Thursday, April 2, 2020

၁။ မြန်မာသံရုံး၊တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့ဆောင်ရွက်နိုင်ရေးအတွက် လစဉ် ပထမရက်သတ္တပတ်အတွင်း ကျရောက်သည့် တနင်္ဂနွေနေ့များတွင်၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ နေ့တစ်ဝက်ကို ရုံးဖွင့်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် (၅-၄-၂၀၂၀)ရက် (တနင်္ဂနွေနေ့)၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့ပါသည်။
၃။ သို့သော်လည်း ယခုအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) သည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြန့်နှံ့ဖြစ်ပွားလျက်ရှိပြီး၊ တိုကျိုမြို့တွင်လည်း ကူးစက်မှုနှုန်းထားများ တိုးမြင့်လာသည်ဖြစ်ရာ တိုကျိုမြို့၊ မြန်မာသံရုံးအနေဖြင့် ကူးစက်မှုလျော့ပါးစေရန်အလို့ငှာလူထုနှင့် ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းစဉ်များကို လျှော့ချဆောင်ရွက်လျက်ရှိပါသည်။
၄။ သို့ပါ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် (၅-၄-၂၀၂၀)ရက် (တနင်္ဂနွေနေ့)၊ နံနက် ၀၉၀၀ နာရီမှ နေ့လည် ၁၂၀၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့သည့် ကြေညာချက်အား ဖျက်သိမ်းပါကြောင်းနှင့် ယင်းနေ့တွင် တိုကျိုမြို့၊ မြန်မာသံရုံး၏ ကောင်စစ်ဌာန အား ဖွင့်လှစ်မည် မဟုတ်(မဟုတ်)ပါကြောင်း၊ တိုကျိုမြို့၊ မြန်မာသံရုံး အနေဖြင့် အဆင်မပြေမှုများ အတွက် တောင်းပန်အပ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
တိုကျိုမြို့၊ မြန်မာသံရုံး

0 comments:

Post a Comment