Sunday, November 16, 2014

အဆိုတော်စိုးပိုင်အသက် (၇၀)ပြည့်ပွဲတွင် မင်းအုပ်စိုး၏ အပြုအမူများကြောင့် ပရိသတ်များ စိတ်အနှောင့်အယှက်ဖြစ်


ဓာတ်ပုံ−ဇွဲဉာဏ်

အသက်(၇၀)ရှိပြီဖြစ် သော အဆိုတော်စိုးပိုင်က သီချင်း အပုဒ် ၂၀ ကျော်ဖျော်ဖြေပေးခဲ့ သည့်အတွက် ပရိသတ်များစိတ် တိုင်းကျခဲ့သော်လည်း ပရိသတ် အဖြစ် လာရောက်ခဲ့သော သရုပ် ဆောင်မင်းအုပ်စိုး၏ အပြုအမူ များကြောင့် အခြားပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ သည်။စိုးပိုင်ကိုအရမ်းကြိုက်သော ကြောင့်လာရောက်ကြည့်ရှုခြင်း ဖြစ်သည်ဟုဆိုသော သရုပ် ဆောင်မင်းအုပ်စိုးက ‘ပြည့်စုံပါ စေ’သီချင်းဖျော်ဖြေသည့်အချိန် တွင် စင်ပေါ်အထိတက်ကာဟန် ပန်အမူအရာများပြုလုပ်ခဲ့ပြီး ၎င်း ကို စင်ပေါ်မှဆင်းခိုင်းသည့် လုံခြုံ ရေးများကို မချေမငံပြန်ဆက်ဆံ ခဲ့သည်။

သို့သော်လည်း သီချင်းပြီး ချိန်တွင်ဆင်းသွားခဲ့ပြီး ထိုအချိန်မှ စ၍ သီချင်းတစ်ပုဒ်သီဆိုပြီးချိန် တိုင်း ‘‘သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်’’ စသည် ဖြင့် အမည်မျိုးစုံကို အသံကျယ် အော်ဟစ်ခဲ့သောကြောင့် လာ ရောက်ကြည့်ရှုသည့် ပရိသတ် များအနှောင့်အယှက်ဖြစ်ခဲ့သည်။

‘‘သူ့ကို စင်ပေါ်က ဆင်းခိုင်း လို့တဲ့။ ကျွန်တော်တို့ကိုတောင်ဆဲ သွားတယ်။ မူးနေတာထင်တယ်’’ ဟု အဆိုပါပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး က ပြောသည်။

စိုးပိုင်ဖျော်ဖြေသည့်အချိန် တွင်လည်း စင်ပေါ်တက်ရန် ကြိုး စားခဲ့သောကြောင့် လုံခြုံရေးများ က ထိန်းခဲ့ရသည်။ ထို့အပြင် ပရိသတ်များကြည့်နေသည့် အရှေ့မှ ကပြနေ၍ အနှောင့် အယှက်ဖြစ်ကြောင်း အသက် (၅၀)ကျော်အရွယ် အမျိုးသမီး ပရိသတ်တစ်ဦးကဆိုသည်။

‘‘ကိုစိုးပိုင်ကိုကြိုက်လို့လာ ကြည့်တာ အေးအေးဆေးဆေး မကြည့်ရဘူး။ တစ်ခါတလေလာ ကြည့်တာကို အနှောင့်အယှက်နဲ့ တိုးနေတယ်’’ဟု ၎င်းက ပြော သည်။ ဖျော်ဖြေပွဲပြီးဆုံးချိန်တွင် ပရိသတ်များအေးအေးဆေးဆေး ပြန်သွားကြသော်လည်း မင်းအုပ် စိုးက အဆိုတော်စိုးပိုင်၏ နာမည် ကိုခေါ်၍ သီချင်းတစ်ပုဒ်ထပ်မံ သီဆိုပေးရန်တောင်းဆိုခဲ့သည်။

ဖျော်ဖြေပွဲတွင် စိုးပိုင်က တစ်ကိုယ်တော်အနေဖြင့် သီချင်း အပုဒ် ၂၀ ကျော် သီဆိုပေးခဲ့ပြီး ဖျော်ဖြေပွဲတွင်ပါဝင်သီဆိုသည့် အမျိုးသမီးအဆိုရှင်ခြောက်ဦးနှင့် လည်း စုံတွဲသီချင်းတစ်ပုဒ်စီဖျော် ဖြေပေးခဲ့သည်။ သီချင်းအများစု ကို ကိုယ်တိုင်ဂစ်တာတီး၍ ဖျော် ဖြေပေးခဲ့ပြီး ၎င်း၏အကြီးဆုံးသား ဖြစ်သူနှင့် ‘သားလေးသိဖို့ပုံပြော မယ်’သီချင်းကို သီဆိုဖျော်ဖြေပေး ခဲ့သည်။

စိုးပိုင်၏ အသက်(၇၀)ပြည့် မွေးနေ့အထိမ်းအမှတ်ဖျော်ဖြေပွဲ ဖြစ်သောကြောင့် ပါဝင်သီဆို သည့် အမျိုးသမီးအနုပညာရှင် များက စိုးပိုင်၏နာမည်ကြီးသီချင်း များမှ တစ်ပုဒ်စီဖျော်ဖြေပေးခဲ့ သည်။


7Day Daily

0 comments:

Post a Comment