Friday, November 14, 2014

ဗီဒီယို အကြိုခံစားခြင်း- နောက်ကြည့်မှန် အလိုမရှိ



ဒီနေ့ရဲ့ ဗီဒီယို အညွှန်းကဏ္ဍမှာတော့ မေတ္တာတရားနဲ့ပတ်သက်ပြီး ရိုက်ကူးပြထားတဲ့ လူငယ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

တာယာပွကြီးတို့ မောင်နှမနှစ်ယောက် အိမ်ကိုရောက်နေတဲ့ ‘‘နုဖတ်ဖတ်ဖွေး’’ က ရပ်ကွက်ထဲက လူတွေကို လိုက်ကျပ်လေ့ရှိတာကြောင့် တာယာပွကြီးတို့က အမြဲပြဿနာတွေ ရှင်းရလေ့ရှိပါတယ်။ ရပ်ကွက်ထဲက အထည်ဆိုင်မှာရှိတဲ့ ကောင်မလေးရဲ့ ရည်းစားကို သူ့သူငယ်ချင်း မိန်းမလျာက မြှူဆွယ်တယ်ဆိုပြီး ပြောလို့ ပြဿနာတွေ ရှင်းရသလို တခြားပြဿနာတွေလည်း ခဏခဏ ရှင်းရလေ့ရှိပါတယ်။ နုဖတ်ဖတ်ဖွေးက တာယာ ပွကြီးကို အရမ်းနိုင်ပါတယ်။ အလုပ်က ပြန်လာရင်လည်း သူနဲ့ အတူ ကစားခိုင်းသလို သူရှုံးရင် လည်း အတင်းမနိုင်နိုင်အောင် ညစ်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း တာယာပွကြီးကတော့ အမြဲအ လျှော့ပေးလေ့ရှိပါတယ်။ တစ် ရက်သူ့အတွက် ဧည့်စာရင်းသွား တိုင်တဲ့အချိန် အသားမည်းတဲ့ ဥက္ကဋ္ဌကို မြှောက်ပြောပြီး တာယာပွကြီးကို ချောက်တွန်းလို့ တော် တော်ရှင်းပြခဲ့ရပါတယ်။တာယာပွကြီးက နုဖတ်ဖတ် ဖွေးရဲ့ လုပ်ရပ်တွေကို စိတ်တို တတ်ပေမယ့် အမြဲတမ်း အလျှော့ ပေးလေ့ ရှိပါတယ်။ တစ်ရက် လည်း ဥက္ကဋ္ဌ သမီးကိုကြိုက်နေ တဲ့ ပူပြင်းကို ချောက်တွန်းခဲ့ပါ တယ်။ အဲဒီကိစ္စကြောင့် ပူပြင်းနဲ့ သူ့သူငယ်ချင်း အပြစ်ပေးခံခဲ့ရ ပါတယ်။ အဲဒါကို သိလို့ ပွကြီး အိမ်ကို စိတ်တိုပြီး ပြန်လာချိန်မှာ နုဖတ်က ဘုရားရှိခိုးနေလို့ မဆူ ခဲ့ရပါဘူး။ အဲဒါကြောင့် ထမင်း စားချိန်မှာ ဆူတဲ့အခါ ပွကြီးရဲ့ အစ်မက နုဖတ်ဘက်က ပြော ပေးခဲ့တာကြောင့် ပွကြီးပဲ အလျှော့ပေးခဲ့ရပါတယ်။

ပွကြီးရဲ့ ရင်ထဲမှာ ရှိနေတာ တွေကို ဖွင့်ပြောဖို့ရဲဆေးတင်တဲ့ အနေနဲ့ ပွကြီးကို သူငယ်ချင်းတွေ က အရက်တိုက်ခဲ့ပါတယ်။ အဲဒီ ည အပြန်လမ်းမှာ ပွကြီးတို့ ယွန်း သေတ္တာတစ်လုံး ကောက်ရခဲ့ပါ တယ်။ သေတ္တာ ကောက်ရလို့ အဝေမတည့် ဖြစ်နေတဲ့အချိန် ဥက္ကဋ္ဌနဲ့ တိုးတာကြောင့် သေတ္တာ ကို ဥက္ကဋ္ဌဆီအပ်ခဲ့ရပါတယ်။

သေတ္တာကောက်ရထားတဲ့ အကြောင်း ဥက္ကဋ္ဌက ပျောက်တဲ့ သူကိုယ်တိုင်လာရွေးဖို့ ကြေညာ ပေးပေမယ့် သေတ္တာထဲမှာပါတဲ့ ပစ္စည်းတွေကို ဥက္ကဋ္ဌကိုခွဲပေးရမှာ စိုးတာကြောင့် ပွကြီးက သူငယ် ချင်းတွေနဲ့တိုင်ပင်ပြီး သေတ္တာ ပြန်ရအောင် လုပ်ခဲ့ပါတယ်။ သေတ္တာ ပွကြီးဆီကို ပြန်ရောက် လာခဲ့ပေမယ့် ဖွင့်မယ့်အချိန် နုဖတ်ဖတ်ဖွေးက ယူပြီးပြေးထွက် သွားခဲ့ပါတယ်။ နုဖတ်က ဘာဖြစ် လို့ သေတ္တာကိုလုပြီး ထွက်ပြေး တာလဲ။ ပွကြီးတို့ဆီကို ဘာ ကြောင့် ရောက်လာတာလဲဆိုတာ ကိုတော့ လပ်ကီးဆဲဗင်း ထုတ် လုပ်ရေးက ဖြန့်ချိန်ပေးထားတဲ့ ‘‘နောက်ကြည့်မှန် အလိုမရှိ’’ ဆို တဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ တာယာပွ ကြီးအဖြစ် မိုးအောင်ရင်၊ နုဖတ် ဖတ်ဖွေးအဖြစ် ၀တ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ယွန်းသခင်ရဲ့ ၀တ္ထုကို ကိုကျော် ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ။


7Day Daily

0 comments:

Post a Comment