Wednesday, November 12, 2014

အပစ်ရပ် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သော KIA


အစိုးရ UPWC အဖွဲ့နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ တွေ့ဆုံပွဲပြီးသည့် နောက်ပိုင်းမှ ယနေ့အချိန်ထိ KIA မှ ပယင်းမှော်လုပ်သား (၅၀)ဦး၊ ဆဒုံး အထက်တန်းကျောင်းမှ ကျောင်းသား(၄)ဦး၊ တနိုင်းမြို့နယ်၊ ရာမွတ်မှော်တွင် ပယင်းကျောက် တူးဖော်နေသော ဒေသခံရွာသား(၇)ဦး၊ နှစ်ခြင်းအသင်းတော်မှ ကချင်လူငယ် (၃၀)ဦး၊ ပလောင်တိုင်းရင်းသူ( ၅၀)ဦးနှင့် ဆဒုံးဒေသခံ တောင်ယာသမား (၁၃)ဦးအားလည်းကောင်း လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ဆက်ကြေးကောက်သည့်အနေဖြင့် ရှမ်းရွာ (၁၈) ရွာအား လယ်တစ်ဧကကို တရုတ်ယွမ်ငွေ (၅၀)၊ ခြံထွက်သီးနှံ ကားတစ်စီးလျှင် တရုတ်ယွမ်ငွေ (၆၀)၊ အင်းတော်ကြီး ဒေသရှိ သစ်စက်တစ်စက်လျှင် ငွေကျပ် (၅)သိန်းနှု န်းဖြင့် လည်းကောင်း၊ ဖောင်းကတော သစ်တောကြိုးဝိုင်း ၀န်းကျင် တစ်ဝိုက် သစ်လုပ်ငန်းရှင်များထံမှ ဆင်တစ်ကောင်ကို (၁၀) သိန်း၊ (၁၀) ဘီးကားတစ်စီးကို (၁၀) သိန်း၊ (၆) ဘီးကား ဆိုရင် (၈)သိန်း၊ ထော်လာဂျီ တစ်စီးကို (၅) သိန်းဖြင့်လည်းကောင်း၊ ၊ မိုးညှင်းမြို့ရှိ စားသောက်ဆိုင် များအား တစ်ဆိုင်လျှင် (၅) သိန်းနှုန်းဖြင့်လည်းကောင်း၊ ဖားကန့်မြို့နယ် ကျေးရွာအုပ်စုများမှ ဆက်ကြေးကောက်လာသော သိန်း(၂၀၀)နှင့်အတူ KIA တပ်သား(၂)ဦးကို ဖမ်းမိသောဖြစ်စဉ်များ ရှိခဲ့ပါတယ်။ ထို့ပြင် KIA မှတနိုင်းမြို့ ပယင်းမှော်လုပ်သား ၅၀ ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူတစ်ဦးလျှင်(၅၀၀၀၀) ဖြင့်ပြန်ရွေးခဲ့ရကြောင်း ဒေသခံများထံမှ သိခဲ့ရပါတယ်။ ယင်းကဲ့သို့ ပြုလုပ်မှုများအပေါ် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ နိုဝင်ဘာလ ၇ ရက်နေ့က ပဋိပက္ခ ညှိနှိုင်းဖြေရှင်း ရေးအဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း လည်း သိ ရှိရ ပါတယ်။

ဒီအချက်အလက်တွေကတော့ အပစ်ရပ်လက်မှတ်ထိုးနိုင်ရန် စက်တင်ဘာလ ဆွေးနွေးပွဲအပြီးမှ ယနေ့အချိန်ထိ KIA မှလုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ ၄င်းအချက်များကို ကြည့်ခြင်းဖြင့် KIA က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ ဘာကြောင့် ငြင်းဆိုခဲ့သလဲဆိုတာ သိသာလာပါတယ်။

ပထမတစ်ချက်က KIA အနေဖြင့် အပစ်ရပ်လက်မှတ်ထိုးပြီးလျှင် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ သဘာဝသယံဇာတ မှောင်ခိုလုပ်ခြင်းနဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများကို ယခုကဲ့သို့ လုပ်ကိုင်နိုင်တော့မည်မဟုတ်ပဲ ဆက်လက်ရပ်တည်ရန် အခက်အခဲရှိလာနိုင်ကြောင်း တွေးမိပါတယ်။

ဒုတိယအချက်အနေနဲ့ KIA ဟာ တစ်ပြည်နယ် စစ်တပ်တစ်ခု စနစ်ကို လိုလားပြီး ၀မ်ပေါင်နိုင်ငံထူထောင်ရန်အတွက် ရည်ရွယ်ချက်ထား လုပ်ဆောင်နေတာ ကိုလည်း သုံးသပ်မိပါတယ်။ မြောက်ပိုင်း ကချင်စစ်တပ်ကို ထူထောင်ပြီး ကချင်ပြည် နယ်မှ သဘာဝသယံဇာတများကို လက်ဝါးကြီးအုပ်လိုတဲ့ ဆန္ဒပြင်းပြစွာ လုပ်ဆောင်နေမှုများကိုလည်း တွေ့မြင်နေရပါ တယ်။

မည်သို့ပင်ဆိုစေကာမူ ဒေသခံများဖြစ်ကြသော ကချင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်သားများအနေဖြင့် KIA အပစ်ရပ် လက်မှတ် မထိုးခင်အချိန်ထိ KIA ရဲ့လက်နက်အားကိုးပြီး အနိုင်ကျင့်ခြင်းကို ခံနေရအုံးမည် ဖြစ်ပါသည်၊ သို့ဖြစ် ပါသောကြောင့် လက်ရှိ KIA လုပ်ဆောင်ချက်များအားလုံးကို ဒေသခံ တိုင်းရင်းသားများကိုယ်စား ကချင်လူမျိုးတစ်ယောက်အနေဖြင့် ကန့် ကွက် ရှုံ့ချပါကြောင်း KIA ခေါင်းဆောင်ကြီးများအား အသိပေးပြော ကြားလိုပါသည်။

ဂျွန်ဆိုင်း (မြစ်ကြီးနား)
နေ့စဉ်သတင်း

0 comments:

Post a Comment