Tuesday, June 30, 2015

ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ


တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

”လာမယ့် ၂ဝ၁၅ ကို တပ်မတော်က သမ္မတရာထူးအထိ မှန်းထားပုံ ပေါက်ပါတယ်”


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်ကို ဇွန်လ ၂၅ ရက်နေ့က မဲခွဲဆုံးဖြတ်ကြရာတွင် ပုဒ်မအချို့အပေါ် မပြင်ဆင်လိုကြသည့် ကိုယ်စားလှယ်များကြောင့် ပြင်ဆင်လိုသည့် ကိုယ်စားလှယ်တို့ အရှုံးနှင့် ရင်ဆိုင်သွားခဲ့ရသည်။ ထိုသို့ ရှုံးနိမ့်မှုတွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရန် အဟန့်အတားသဖွယ်ဖြစ်နေသည့် ပုဒ်မ ၅၉ (စ)အပါအဝင် လူငါးသန်းကျော်မှ ပြင်ဆင်ဖို့ရန် လက် မှတ်ရေး ထိုးတောင်းဆိုထားသည့် ပုဒ် မ ၄၃၆ တို့ပါ ပါ ဝင်နေသည်။ ရှုံးနိမ့်မှု ဖြစ်ပေါ်ခဲ့သည်အထိ တပ်မတော်က ကန့်ကွက် ခဲ့ကြောင်း ဝေဖန်မှုများလည်းရှိသည်။ အဘယ့်ကြောင့် ကန့်ကွက်ရသနည်း။ ကန့်ကွက်ရလောက်အောင် ယင်းဥပဒေပုဒ်မ တို့က နိုင်ငံအပေါ် မည်ကဲ့သို့ ဆိုးကျိုးရောက်နေသနည်းဆိုသည့် အကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥ ပဒေရေးရာကို လေ့လာ နေ သူလည်းဖြစ်၊ တပ်မတော်မှ အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးလည်းဖြစ်၊ အမေရိကန်၊ ရုရှားနှင့် မလေးရှားနိုင်ငံတို့၏ မြန်မာ နိုင်ငံဆိုင်ရာ စစ် သံမှူးကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးဌေး နှင့် တွေ့ဆုံကာ မေးမြန်းလိုက်ရပါသည်။

အင်ဒိုနီးရှား စစ်ဘက်လေယာဉ် ပျက်ကျမှု သေဆုံးသူ ၁၄၀ ကျော်ပြီ

အင်ဒိုနီးရှားလေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၄၁ဦး ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဆိုကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်၊ ရဲတပ်ဖွဲ့က အလောင်းပေါင်း ၁၄၁ လောင်း ရရှိပြီဟု ဆိုသည်၊ ဟာကျူလီ အမျိုးအစား C- 130 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်တွင် ခရီးသည် ၁၀၁ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါလာခဲ့ပြီးနောက် ဆူမာတြာကျွန်း မီဒန်မြို့ လူနေထူထပ်သည့် အရပ်တွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ ဟိုတယ်တလုံးနှင့် အဆောက်အဦး ၂လုံးကိုပါ တိုက်မိကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်မြောက်အောင် KIA ကြံစည်နေပြီ


၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေသူတွေ၊ ကိုယ်ကြိုက်တဲ့ကိုယ်စားလှယ်လောင်း ကို မဲပေးနိုင်ဖို့ မဲစာရင်းထဲမှာပါ၊ မပါ ကြည့်ရှုသူတွေနဲ့ လှုပ်ရှားသက်ဝင်လျက်ရှိပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံ သားတိုင်းမလွဲမသွေ လုပ်ဆောင်ရမယ့် ၀တ္တရားလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ တော်တော်လေး စိတ်မကောင်းစရာပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက် ကြီးပွားမှာကို မလိုလားတဲ့ သဘောလို့ပြောနိုင်ပါတယ်။

လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေး အလားအလာ

၂၀၁၅ ခုနှစ် ဇွန် ၂ ရက်မှ ၉ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်ထားရာ ကရင်ပြည်နယ်အတွင်း ကျင်းပခဲ့သည့် လော်ခီးလာညီလာခံမှ ဆုံးဖြတ်ချက်များ ထွက်လာပြီးနောက်တွင် ဦးသိန်းစိန်၊ ဦးအောင်မင်း စစ်အစိုးရသည် အကျပ်ရိုက်လျက်ရှိသည်။ လူသေကို အသက်မရှင်စေနိုင်တော့သည့် မန္တာန်ဟောင်းကြီးဖြစ်သည့် တို့တာဝန် အရေး ၃ ပါးကို မဆီမဆိုင် တတွတ်တွတ်ရွတ်ရင်း ကာချုပ် မင်းအောင်လှိုင်က ၎င်းတို့အလိုကျ ပြင်ဆင်ထားသည့် အပစ်ရပ်စာချုပ်ကို လွယ်လင့်တကူ လက်မှတ်မထိုးကောင်းလားဟူ၍ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များအား အပြစ်တင်လျက်ရှိသည်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ရုံသာမက လက်သီးပုန်းနဲ့ အထိုးခံလိုက်ရသလိုဖြစ်ကာ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်နဲ့ မရှုနိုင် မကယ်နိုင်ဘ၀သို့ ကျရောက်လျက်ရှိသည်။

အွန်လိုင်းမှာ ပျံ့သွားတဲ့ ဓာတ်ပုံတွေကြောင့် မကျေမနပ်ဖြစ်နေတဲ့ ထိုင်းမင်းသမီးက ဖြန့်သူလို့ယူဆရသူကို တရားစွဲ


အွန်လိုင်းမှာပျံ့နှံ့လာခဲတဲ့ မင်းသမီး'တက်'ရဲ့ဓာတ်ပုံများ(photo - women-kapook.com)

ထိုင်းနိုင်ငံမှ နာမည်ကြီးရုပ်ရှင်မင်သမီး ဘွန်ကော့ “တက်” ခေါန်မလိုင်ဟာ သူ့ရဲ့ ရေကူးဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေ ပြင်ပကို ထွက်ရှိလာတဲ့အတွက် အဲ့ဒီ မင်းသမီး နဲ့ အပျော်စီးလှေလှော်ရန်အတွက် အငှားချထားသူတစ်ဦးတို့ တရားရုံးတော်မှာ တရားရင်ဆိုင်ဖို့ ရှိနေပါတယ်။

“တက်” လို့ လူသိများတဲ့ နာမည်ကြီးမင်းသမီးဟာ ဒီကိစ္စနဲ့ပတ်သက်လို့ လှေပေါ်မှဝန်ထမ်းတစ်ဦးအား တရားစွဲဆိုလိုက်တာပါ။

Monday, June 29, 2015

သရုပ်ေဆာင်ရဲတိုက် ထောင်က မလွတ်သေးပါ

သရုပ်ဆောင် ရဲတိုက်ကို ရုံးထုတ်စဉ်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

သရုပ်ဆောင် ရဲတိုက် ထောင်မှလွတ်လာပြီဆိုတဲ့ သတင်းများထွက်လာပြီး ရဲတိုက်ရဲ့ ပရိသတ်တွေ ၀မ်းသာနေကြတယ်ဆိုတဲ့အကြောင်း လူမှုကွန်ယက်ဖေ့ဘုတ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ရဲတိုက်ဟာ ၂၀၁၄ ခုနှစ်က ပုဒ်မ ၁၆(ဂ) မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံထားရတာပါ။ သရုပ်ဆောင် ရဲတိုက်ဟာ ခရိုင်ကို အယူခံတက်စဉ်က တနှစ်လျော့ပေးတဲ့အတွက် ထောင်ဒဏ် ငါးနှစ်ကျခံရမှာဖြစ်ပြီး တိုင်းကို အယူခံဆက်တင်တဲ့အခါ အယူခံရှူံးထားတာလည်းဖြစ်ပါတယ်။

အချစ်ရေးမှာ အဆင်မပြေဖြစ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုအားပေးကူညီမလဲ


တစ်ခါတစ်လေ ကျွန်ုပ်တို့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ အချစ်ရေးကိစ္စ အဆင်မပြေဖြစ်နေတဲ့သူတွေ၊ အခက်အခဲကြုံနေရသူတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုခံစားနေရတဲ့ သူငယ်ချင်းတွေကို သင့်အနေနဲ့ ဘယ်လိုကူညီပေးနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ သင်လုပ်ဆောင်ပေးရမှာက အချက် (၃) ချက်တည်းပါ။

ဂျပန်မှာ သူပုန်ရှိရင် တိုက်မလား၊ ထမင်းကျွေးထားမလား ?


ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက မိုင်းပန်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေကို ဆန်၊ ဆိုလာနဲ့ ခြင်ထောင် တွေ လှူဒါန်းတယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် တိုင်းတစ်ပါးဖောင် ဒေးရှင်းက အခုလို ပစ္စည်းနဲ့ရိက္ခာတွေ လာရောက်လှူဒါန်းတဲ့အပေါ် ၀မ်းသာမိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီဝမ်းသာ မှုဟာ ရေရှည်မခံလိုက်ပါဘူး။ နောက်ဆက်တွဲ ကြားရတဲ့သတင်း က နီပွန်ဖောင်ဒေးရှင်းဟာ RCSS/SSA အဖွဲ့ဝင် မိသားစု တွေကို လှူတာလို့ သိရပါတယ်။

မဲစာရင်းမှန်ကန်ရန် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းသည် ပါတီမဲရရန်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရှေ့ပြေးမဲစာရင်း မှန်၊ မမှန် စိစစ်ရန် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နေ ပြည်သူများအား မှာကြားစဉ် (ဓာတ်ပုံ - ရဲနိုင်) 

မဲစာရင်းများမှန် ကန်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေခြင်းသည် မိမိတို့ ပါတီမဲရရှိရေးအတွက် ဆောင် ရွက်နေခြင်းမဟုတ်ဘဲ မဲပေးခွင့်ရှိ သူတိုင်း မဲပေးခွင့်ရရှိနိုင်စေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သက်သခင်


























Photo-Fashion Myanmar

မြန်မာနိုင်ငံမှာ Global Growth ကုမ္ပဏီ ဒေါ်လာသန်းချီ ဘယ်လိုလိမ်လည်ခဲ့လဲ

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဗီယက်နမ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားပြီး အလိုရှိနေသော Global Growth ကုမ္ပဏီ တည်ထောင်သူ တရုတ်နိုင်ငံသား NG Kwok Fai

ရန်ကုန်မြို့လယ်ခေါင်ရှိ ရုံးခန်းငှားရမ်းခနှုန်း အမြင့်ဆုံးဖြစ်သော ဆာကူရာတာဝါ ၃ လွာတွင် ရုံးခန်းဖွင့်လှစ်ပြီး ဒေါ်လာ သန်းချီ လိမ်လည်သွားသော ငွေလိမ်လည်မှုကြီးတခု ယခုရက်ပိုင်းအတွင်းဖြစ်ပွားသွားပြီး လိမ်လည်သော ကုမ္ပဏီမှာ Global Growth ဆိုသော ကုမ္ပဏီဖြစ်သည်။

အမ်းတွင် ရေထဲမျောပါ၍ အမြောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံး

အမ်းရိုးလမ်းကို တပ်မတော်သားများ ပြုပြင်နေစဉ် (ဓာတ်ပုံ- ဆိုရှယ်မီဒီယာ)


ရခိုင်ပြည်နယ် အမ်းမြို့တွင် ရေကြီးနေစဉ် အမြောက်တပ်မှ တပ်ကြပ်ကြီး တစ်ဦး ရေထဲ မျောပါသွား၍ သေဆုံးသွားခဲ့သည်ဟု အမ်းမြို့နယ် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

“ မနေ့က သေတာပါ။ ကားလမ်းမှာ ရေကျော်နေတာကို ဖြတ်ကူးစဉ် ရေစီးနဲ့ ပါသွားပြီး ဆုံးသွားတာပါ။ အမ်း အခြေစိုက် အမှတ် ၃၇၄ အမြှောက် တပ်ရင်းက တပ်ကြပ်ကြီး ၀င်းမောင် ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်တောင်တွင်လည်း လူလေးဦး ရေထဲမျှောပါ သေဆုံးသွားကြောင်း သတင်းများနှင့် ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ အမ်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိက ယခုလို ပြောဆိုသည်။

Sunday, June 28, 2015

သမ္မတဖြစ်ချင်ရင် ပိုင်ဆိုင်မှု ကြေညာပါ အဖေရှင်ဘုရင်လုပ်ရင်၊ သားတွေခရိုနီ မလုပ်နဲ့ သားတွေခရိုနီလုပ်ရင်၊ အဖေရှင်ဘုရင်မလုပ်နဲ့


ရွှေမန်းသဘင်ဆိုတာ အလင်္ကာ ကျော်စွာ ရွှေမန်းဦးတင်မောင် ထူထောင်ခဲ့တဲ့ ဇာတ်ကြီးခင်ဗျ။ သစ္စာမေတ္တာ ရွှေမန်းသဘင်လို့ ခေါ်တယ်။ "အကမှာ ဖိုးစိန်" (နောင်စိန် မဟာသဘင်)၊ "အပြောမှာ ရွှေမန်း" ဆိုပြီး ဆိုကြရတယ်။ ရွှေမန်းဟာ အပြောမှာ နာမည်ကြီးတယ်။ "ရွဲကုန်သည် ပြဇာတ်၊ ဘုရားအလောင်း လေးတော်တင်ခန်းပြဇာတ်တို့ဆိုတာ ရွှေမန်းရဲ့ အပြောင်မြောက်ဆုံး အပြောတွေပါတဲ့ ဇာတ်တော်ကြီးတွေ ဖြစ်တယ်။

အလိုရမ္မက်ကြီးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ


လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရမလို ဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်သေးဘဲ တစ်ခုပြီးတစ်ခု တိုးတိုး တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန် ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာမှန်သမျှ အကုန် တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကို ထောက်ထားငဲ့ညှာပြီး တောင်းသမျှအကုန်လုံး မဟုတ်ရင် တောင် တချို့တစ်ဝက်တော့ လိုက်လျောမှုတွေ ပြန်ပေးနေတာ တွေ့ရပါတယ်။

လမ်းခွဲပြီးသား ချစ်သူကို သင်အမြဲသတိရ လွမ်းဆွတ်မိနေတာဟာ ဒီအချက် (၅) ချက်ကြောင့်သာ


ရည်းစားနဲ့ လမ်းခွဲပြီးသွားပေမယ့် သူ့ကိုပဲ လွမ်းဆွတ်တမ်းတနေမိပါသလား၊ သူဟာ သင့်နှလုံးသားရဲ့ တစ်စိတ်တစ်ပိုင်းကို ဖဲ့ခြွေယူဆောင်သွားသလို သင်ခံစားနေရပါသလား၊ သူကိုယ့်ဘေးမှာ မရှိတော့တဲ့ လျစ်ဟာမှုကြောင့် သင်နာကျင်နေရတာဟာ ခုပြောပြပေးမယ့် အဓိက အကြောင်းအရင်း (၅) ချက်ကြောင့်ပါပဲ။

Friday, June 26, 2015

အခကြေးငွေပေးပြီး လိင်ဆက်ဆံခြင်းဟာ အိမ်ထောင်ရေးဖောက်ပြန်ရာ မရောက်ဘူးလား


ဂျပန်နိုင်ငံ တိုကျိုမြို့က အဖြစ်အပျက်တစ်ခုပါ။ ထိမ်းမြားလက်ထပ်ထားသူ တစ်ဦးမှ အခကြေးငွေပေးလိင်ဆက်ဆံခဲ့လျှင် ၄င်းသည် အိမ်ထောင်ရေးဖောက်ပြန်ရာ မမြောက်ပါ။ ၄င်းသည် စီးပွားရေးတစ်ခုသာဖြစ်တယ်ဟု United Press International အစီရင်ခံ ထုတ်ပြန်ချက်အရ ဂျပန်တရားရုံးမှ ဆုံးဖြတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးသာလိုပါတယ်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမှာ မွေးဖွားပြီး ဇာတိမြေနဲ့ခွဲခွာသွားခဲ့တာနှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တစ်မြို့တစ်ရွာမှာ အိမ်ထောင်ကျ၊ သားသမီးမြေးမြစ်တွေရပြီးဇရာထောင်းတဲ့အရွယ်ရောက်လာပြီ မို့ ကိုယ့်ဇာတိချက်ကြွေကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်းမှော်ဒေသဟာ ကျုပ် ငယ်စဉ်ကလိုပဲ အတ္တတွေ လိုချင်တပ်မက်မှုတွေနဲ့ ဖုံးလွှမ်းနေဆဲပါပဲ။ ကိုယ့်ဇာတိရွာမှာ အေးအေးဆေးဆေးနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပြန်လာခဲ့ပေမယ့်တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ဒုက္ခကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။
ဒေသခံတိုင်းရင်းသားတွေဟာ တစ်ပိုင်တစ်နိုင် ရေမဆေးကျောက်လေးတွေရှာဖွေပြီး ၀မ်းရေးကိုဖြေရှင်းလို့ ရနေပါတယ်။ ကျောက်လုပ်ကွက်တွေမှာလည်း လုပ်လို့ရတယ်။မှော်တွေမှာလည်းစီးပွားဖြစ်တူးလို့ ရသလို အလုပ်သမားအဖြစ်လည်း ၀င်ငွေဖြောင့်ပါတယ်။ ဒီဒေသမှာနေထိုင်တဲ့  ဒေသခံပြည်သူတွေအတွက်တော့ စိန်ကို မလို၊ ရွှေကိုမလိုဘူးလို့တောင် ပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ


ကျွန်တော်အရင်ဆုံးပရိတ်သတ် ညီအကိုမောင်နှမတွေ အားလုံးကို တောင်းပန် ချင်ပါတယ် ကျွန်တော်စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့ မရတဲ့အခါ မာနကြီးတယ်လို့ ထင်ကြတယ် အမှန်ကျွန်တော့မှာ အဲ့လို စိတ်မျိုး ဒကယ် မရှိပါဘူး။

လိင်ဆက်ဆံစဉ် နာကျင်ခြင်း


တခါတလေမှာ လိင်ဆက်ဆံစဉ်ခံစားရတဲ့ နာကျင်မှုက တော်တော်လေးဆိုးရွားသလို သည်းခံဖို့လည်း ခက်ခဲပါတယ်။ သာမန်အားဖြင့်တော့ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အလေ့အထတခု ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် စိတ်ဖိစီးမှုကို ထိရောက်စွာ လျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်သလို ကယ်လိုရီတွေကို လောင် ကျွမ်းစေတဲ့ အတွက် လန်းဆန်းခြင်း၊ နုပျိုခြင်းတွေကို ဖြစ်စေနိုင်တယ်လို့လည်း ယူဆထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာ သက်တောင့်သက်သာ မရှိခြင်း၊ နာကျင်ခြင်းတွေ ရှိလာပြီဆိုရင်တော့ ဒီလို အမြင်တွေက အရေးမပါ တော့ပါဘူး။

လူရွှင်တော်အဖြစ် ကမယ့် မင်းသမီးငါးဦးရဲ့ရင်ခုန်သံ


နာမည်ကျော်မင်းသမီး များ လူရွှင်တော်အဖြစ် ပါဝင်ကပြ မည့် အငြိမ့်ခွင်ကို ဇူလိုင် ၃ ရက် တွင် ကျရောက်မည့် အမျိုးသမီး များနေ့အထိမ်းအမှတ် ဝတ်စား ဆင်ယင်မှုပြပွဲ၌ တင်ဆက်တော့ မည်ဖြစ်သည်။ အကယ်ဒမီ မင်းသမီးများပါဝင်သောကြောင့် အငြိမ့်ခွင်၏အမည်ကို အကယ်ဒ မီရွှေပန်းချီဟု အမည်ပေးထားပြီး ဒါရိုက်တာအဖြစ် လူရွှင်တော် ဒိန်းဒေါင်က တာဝန်ယူထားသည်။ ယင်းအငြိမ့်အစီအစဉ်ကို ဇွန်လ ၂၇ နှင့် ၂၈ ရက်ညများတွင် အမျိုးသားကဇာတ်ရုံ၌ တင်ဆက်မည် ဖြစ်သည်။ ထို့ကြောင့် လူရွှင်တော် အဖြစ် ပါဝင်တင်ဆက်မည့် မင်း သမီး ငါးဦး၏အငြိမ့်နှင့်ပတ်သက် သည့်ခံစားချက်များကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ 

KIO ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်ပွား

စစ်မြေပြင်တွင် တွေ့ရသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်သား နှစ်ဦး (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်က ဘော်ဒါဆောင်အနီးကို အစိုးရ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ယမန်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့သဖြင့် မြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပွား ခဲ့ရကြောင်း သတင်း ရရှိသည်။

ခါရာတောင်ကုန်းတွင် တပ်စွဲထားသည့် တပ်မတော်ဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး သေကျေပျက်စီးမှုများ မရှိခဲ့ကြောင်း ကချင် စစ်ဘေး ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ဇော်ရော် က ဧရာဝတီသို့ ပြောသည်။

အောက်ခြေက တက်လာတဲ့အတွက် ပြောစရာစကားတွေ ပိုရှိတယ် ဆိုတဲ့ တေးရေး တေးဆို ပိုပိုနဲ့ အင်တာဗျူး

တေးရေး တေးဆို ပိုပိ

ဂီတလောက Underground မှာ အချိန်အကြာကြီး ကျင်လည်ခဲ့ပြီး တကိုယ်တော်အခွေ ထွက်ရှိမှ ပရိသတ် လက်ခံ အားပေးမှု ရရှိလာတဲ့ အဆိုရှင် မိန်းကလေးတဦး ရှိပါတယ်။ သူ့ရဲ့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ အတွက် ဂီတ အစပိုင်းဟာ လွယ်ကူခဲ့တာ မဟုတ်ဘဲ ဂီတတခုတည်းကို ရူးသွပ်စွာနဲ့ ဖက်တွယ်ထားခဲ့လို့ အောင်မြင်စွာ ရပ်တည်လာနိုင် သူတယောက်လည်း ဖြစ်ပါတယ်။ သူကတော့ တေးသံရှင် ပိုပိုပါ။

Thursday, June 25, 2015

ဘာ့ကြောင့် အသက် ၃၀နားကပ်မှ အိမ်ထောင် ပြုသင့်တယ်ဆိုတာ ပြောပြပေးနိုင်မယ့် အချက်များ


တစ်ခါတစ်လေ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုသွားကြတဲ့ မိန်းကလေးတွေ မြင်ရင် သူတို့ကို ပြောပြချင်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဒါပေမယ့် လက်ထပ်လက်စွပ် စွပ်ပြီးသွားပြီဖြစ်တဲ့သူကို ခုလို အချက်တွေ ပြောမှာထက်စာရင် မပြုရသေးတဲ့သူတွေ၊ အသက် ၃၀နားကပ်မှ အိမ်ထောင်ပြုခြင်းဟာ ကလေးနဲ့အသက်ကွာမယ်ဆိုပြီး စိုးရိမ်နေသူတွေ၊ အသက်ကြီးမှ အိမ်ထောင်ပြုရမှာလားဆိုပြီး စနိုးစနောင့် ဖြစ်နေသူတွေကို ပြောပြပေးတာက ပိုကောင်းလိမ့်မယ်လို့ ထင်မိပါတယ်။ တကယ်တော့ အသက် ၃၀ဆိုတာ အိမ်ထောင်တစ်ခုပြုဖို့အတွက် နောက်မကျသေးပါဘူး။ ရရာကိုလှမ်းဆွဲတတ်တဲ့ အခြေအနေလည်း မရောက်သေးပါဘူး။ စိတ်ကို ခိုင်ခိုင်မာမာ ပိုဆုံးဖြတ်နိုင်တဲ့အရွယ် ဖြစ်သလို အချစ်တစ်ခုတည်းကိုပဲ ရူးရူးမူးမူးခံစားပြီး လက်ထပ်ဖို့ ဆုံးဖြတ်မှာလည်း မဟုတ်တော့တာကြောင့် အိမ်ထောင်ကွဲဖို့ အခြေအနေပိုနည်းသွားပါပြီ။

မြတ်နိုးအိမ်


















Photo-Fashion Myanmar