Thursday, June 18, 2015

ကမ္ဘာတစ်ဝှမ်းက အလှပဆုံး အမျိုးသမီးတွေ အများဆုံးရှိတဲ့ နိုင်ငံများ


ကမ္ဘာတစ်ဝှမ်းက ရုပ်ပိုင်းဆိုင်ရာအရ အလှပဆုံး အမျိုးသမီးတွေ အပေါများဆုံး ၁၀ နိုင်ငံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဘရာဇီး

ကမ္ဘာပေါ်မှာ အလှပဆုံး အမျိုးသမီးတွေထဲကမှ ဘရာဇီးမိန်းမပျိုလေးများဟာ လှပကျော့ရှင်းတဲ့ မော်ဒယ်မိန်းကလေးများစွာကို ဘရာဇီးမှာ သင်တွေ့နိုင်ပါတယ်။ ရွှေရောင်ဆံပင်နဲ့ မီးခိုးရောင် ဆံပင်ပိုင်ရှင် အသားဖြူဖြူ ဘရာဇီးမိန်ကလေးထု နှစ်ရပ်လုံးဟာ အားကစားလိုက်စားလို့ ကျန်းမာတဲ့ ကိုယ်နေဟန်ထား နဲ့ ပုရိသတို့ စွဲမက်ဖွယ် အချိုးအစား ပိုင်ဆိုင်ထားပြီး အလွန်လှပတဲ့ ရပ်ရည်ရူပကာ ရှိကြပါတယ်။ ကျော်ကြားတဲ့ အမျိုးသမီးအများစုကတော့ အလယ်အလတ် အသားဖြူပြီး အသားအရည် ကြည်လင် လှပကြပါတယ်။၂။ ရုရှား

ကမ္ဘာတစ်ဝှမ်းလုံးကတော့ ရုရှား အမျိုးသမီးတွေကို သူတို့ရဲ့ စွဲမက်ဖွယ် ပြာလဲ့လဲ့ မျက်ဝန်းလေးများ၊ အပြစ် အနာအဆာကင်းတဲ့ ဖြူ ဖွေးတဲ့ အသားအရည်၊ ထောင်ထောင်မောင်းမောင်း အရပ်အမောင်းနဲ့ ကြည့်ကောင်းတဲ့ပုံစံရှိကြတယ်လို့ ချီးမွမ်းကြပါတယ်။

၃။ ဗင်နီဇွဲလားနိုင်ငံ

ဒီနိုင်ငံကနေ မယ်စကြာဝဠာ သရဖူဆုပေါင်းများစွာ ရရှိထွက်ပေါ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာတော့ တကယ့် ကို သာမန်အမျိုးသမီး တစ်ယောက်မှာတောင် ရုပ်ရည်ရူပကာ လှပ စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာပိုင်ဆိုင်ပြီး သေးသွယ်ကျစ်လစ်တဲ့ ကိုယ်ခန္ဓာ ရှိပါတယ်။

၎။ အိန္ဒိယ

ယဉ်ကျေးမှုထွန်းကားပြီး လူမျိုးစုပေါင်း ရောပြွန်းနေတဲ့ ဒီနိုင်ငံကတော့ ကမ္ဘာတစ်ဝှမ်းမှာ အလှဆုံး အမျိုးသမီးမျက်နှာပိုင်ရှင်တွေ အပေါများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အိန္ဒယအမျိုးသမီးတွေမှာ ညိုညက်ညက်အသားအရည်နဲ့ ၀င်းဝါကြည်လင်တဲ့ အသားအရည်တွေဟာ အလွန်လှပတဲ့ အသားအရည် အမျိုးအစားဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ သူတို့ကိုပိုပြီး လှပသွားစေတာကတော့ မိန်းကလေးဆန်မှု၊ တည်ငြိမ်တဲ့ဣနြေ္ဒရှိမှုတွေဖြစ်ပါတယ်။

၅။ အာဂျင်တီးနား

ဒီနိုင်ငံက အမျိုးသမီးတွေဟာ အလှအပကို ဂရုစိုက်လို့ ရေပန်းစားကြပါတယ်။ သူတို့ဟာ ဆံသား ၊ အရေပြားနဲ့ ရုပ်ရည်အမြဲကြည့် ကောင်းနေဖို့ ဂရုစိုက် လုပ်လေ့ရှိကြပါတယ်။ နောက်ဆုံးပေါ် ရေပန်းစားဖက်ရှင်တွေကို အမြဲဝတ်ဆင်သွားလားလေ့ရှိကြပြီး ခေတ်ဆန်ဆန်နေတတ်သူများ ဖြစ်ပါတယ်။

၆။ ဆီးရီးယား

ဒီနိုင်ငံကအမျိုးသမီးအများစုဟာ စတိုင်ကျကျ အမြဲဝတ်ဆင်တတ်ကြပြီး သူတို့ ရဲ့ အလျားလိုက် ရှည်တဲ့ မျက်လုံးပုံစံက တစ်မျိုး စွဲမက်လှပလို့နေပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ မင်းသမီးတွေကတောင် သူတို့ ရဲ့ မျက်လုံး ကို သဘောကျကြပါတယ်။

၇။ ကိုရီးယား

ဒီနိုင်ငံက ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေမှာ နက်မှောင်တဲ့ ဆံသားနဲ့အတူ ဖြူဖွေးလှပကြည်လင်တဲ့ အသားအရည်ရှိကြပြီး ချစ်စဖွယ်ကောင်းတဲ့ မျက်နှာ သွင်ပြင် ပိုင်ဆိုင်ထားသူများဖြစ်ပါတယ်။

၈။ ပြင်သစ်

ပြင်သစ်အမျိုးသမီးတွေဟာ ပျော်ပျော်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြပြီး ဖက်ရှင်အမြင်လည်း သူမတူအောင် ရှိကြပါတယ်။

၉။ အီတလီ

အရှေ့အလယ်ပိုင်း ဒေသ အီတလီသူများဟာ အညိုရောင်ဆံနွယ်ရှိပြီး ကျက်သရေရှိတဲ့ အလှကိုပိုင်ဆိုင်ထားကြပါတယ်။

၁၀။ ယူကရိန်း

ဒီနိုင်ငံက အမျိုးသမီး တွေရဲ့ စရိုက်နဲ့ ပုံပန်းသဏ္ဍာန် က ရုရှားအမျိုးသမီးတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အများအားဖြင့် အမျိုးသမီးတွေရဲ့ အလှကတော့ ရိုးရှင်းတဲ့ အလှလို့ပြောရမှာပါ။ မိန်းကလေးဆန်မှု ဟာ သူတို့ အတွက် တန်ဖိုးတစ်ခုဖြစ်ပါတယ်။

Ref:viralshares
Trend Myanmar 

0 comments:

Post a Comment