Monday, June 22, 2015

လှေစီးဒုက္ခသည်များအရေး ကန် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေဟု အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီပြော

မကြာမီက ဖြစ်ပေါ်ခဲ့ သော လှေစီးဒုက္ခသည်များအရေး သည် ဆီးရီးယားပြည်တွင်းစစ်နှင့် အိုင်အက်စ်အရေးတို့ထက် ပိုမိုပျံ့နှံ့လာသဖြင့် အမေရိကန် ရင်း နှီးမြှုပ်နှံမှုများအတွက် အဟန့်အတားဖြစ်စေကြောင်း အမေရိကန်-အာဆီယံစီးပွားရေးကောင် စီ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။ ထို့ပြင် ပြည်တွင်းငြိမ်းချမ်း ရေးသည်လည်း အမေရိကန်ရင်း နှီးမြှုပ်နှံမည့်သူများ စောင့်ကြည့် နေသည့် အနေအထားဖြစ်ပြီး အစိုးရ အနေဖြင့် ကိုင်တွယ်ဖြေ ရှင်းရမည့်အခွင့်အရေးများလည်း ရှိနေသည်ဟု အထက်ပါကောင်စီ၏ အမှုဆောင် အရာရှိချုပ် အလက်ဇန်းဒါးစီဖဲလ်မန်းကပြော ကြားသည်။

‘‘လှေစီးဒုက္ခသည်တွေကိစ္စ က ပြောဖို့ခက်ခဲပါတယ်။ နိုင်ငံ တကာမီဒီယာတွေမှာ ဒီကိစ္စကအကြီးအကျယ် ဖြစ်နေတယ်။ ဒါက စောင့်ကြည့်နေတဲ့အနေအထားပါ။ အစိုးရက ကိုင်တွယ် ဖြေရှင်းဖို့ အခွင့်အလမ်းတွေ လည်းရှိနေပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအဖွဲ့သည် နိုင်ငံတော် သမ္မတနှင့် ဇွန်လ ၂၄ ရက်တွင် တွေ့ဆုံရန်ရှိပြီး မြန်မာနိုင်ငံ စီး ပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရမည့်အချက် များ အစိုးရအဖွဲ့ထံ တင်ပြသွား မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ အန်တိုနီနယ်လ်ဆင် ကပြောသည်။

ထို့ပြင် လေးနှစ်တာကာလ အတွင်း အမေရိကန်လုပ်ငန်းရှင် များ ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုနည်းနေခြင်းမှာ ပြည်တွင်း၌ တရားဥပဒေ စိုးမိုးထားမှု အားနည်းနေခြင်းနှင့် ပြည်တွင်း၌ပူး ပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်း ရှင်များ ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

အမေရိကန်လုပ်ငန်းရှင်များ သည် အကျိုးတူ ပူးပေါင်းလုပ် ဆောင်မည့် ပြည်တွင်းလုပ်ငန်း ရှင်များ၏ နောက်ခံ သမိုင်းကို လေ့လာခြင်းများ ပြုလုပ်ခြင်းတို့ ကြောင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ရန် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘အမေရိကန်လုပ်ငန်းတွေ ပြည်တွင်းဝင်ဖို့က ဒီကိစ္စတွေအပြင် ကျွမ်းကျင်လုပ်သားရှားပါးမှုကလည်း အဓိကစိန်ခေါ်မှုတစ်ခု အနေနဲ့ရှိနေတယ်’’ဟု GE ကုမ္ပဏီမှ မြန်မာနိုင်ငံ မန်နေဂျာ အန်ဒရူးလီက ပြောသည်။

အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီသည် မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူ ပြုခြင်း၊ အခြေခံအဆောက်အအုံလိုအပ်ချက်ဖြည့်ဆည်းပေးခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးခြင်းအတွက် ကူညီလုပ်ဆောင်နေသော အဖွဲ့ဖြစ်ပြီး ယခုအကြိမ်သည် ပြည်တွင်းသို့ လေးကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။


7Day Daily

0 comments:

Post a Comment