Monday, June 22, 2015

မြန်မာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုရန် အီးယူတောင်းဆို


မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ဖွင့် လှစ်ခွင့်ပြုရန် မြန်မာအစိုးရသို့ ဥရောပသမဂ္ဂ (အီးယူ)က တောင်းဆိုလိုက်ကြောင်း မြန်မာ - အီးယူပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုလလူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံအ ပေါ် အီးယူက Country Specific Resolution ဆက်ထားခြင်း၊ မ ထားခြင်းနှင့် ဆက်စပ်လျက်ရှိ ကြောင်း နိုင်ငံတကာလူ့အခွင့်အ ရေးလှုပ်ရှားသူများက ထောက်ပြ မှုရှိနေသည့်အခိုက် ဇွန်လ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ သော မြန်မာ-အီးယူလူ့အခွင့်အ ရေးဆွေးနွေးပွဲအတွင်း အီးယူ ဘက်က ထိုအချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘လူ့အခွင့်အရေးနယ်ပယ် တွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံးတို့ ပူးပေါင်းဆောင်ရွက်နေ မှုများကို အီးယူက ကြိုဆိုပြီး မြန် မာနိုင်ငံတွင် ရုံးဖွင့်လှစ်ရေးခွင့်ပြု ရန် အီးယူက ပြောကြားခဲ့ပါသည်’’ ဟု ဇွန်လ ၂၁ ရက်စွဲဖြင့် ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

၂၀၁၄ အောက်တိုဘာ ၁၇ ရက်က အီတလီနိုင်ငံတွင် ပြုလုပ် ခဲ့သည့် (၁၀)ကြိမ်မြောက် အာရှ- ဥရောပထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေး၌ သမ္မတ ဦးသိန်းစိန်က မြန်မာ့လူ့အခွင့်အ ရေးအခြေအနေကို ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် နှစ်စဉ်အဆိုတင် သွင်းနေမှုကို ရပ်ဆိုင်းပေးရန် ဥရောပသမဂ္ဂထံ တောင်းဆိုခဲ့ဖူးသည်။ အနာဂတ်၌ ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန်အထိ ရည်မှန်းထားကြောင်းလည်း သမ္မတဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့၏။

မြန်မာ- အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲ၌ မြေယာအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ရွှေ့ပြောင်းသွားလာမှုနှင့် ရွှေ့ပြောင်းသွားလာသူများ၏ လူ့အခွင့်အရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ၊ ထိန်းသိမ်းရေးစခန်းများ အခြေအနေတိုးတက်ကောင်းမွန်ရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ သည်းမခံမှုများ တိုက်ဖျက်ရေးဥပဒေမူဘောင်၊ စသည်တို့ကို ဆွေးနွေးခဲ့ ကြသည်ဟုဆိုသည်။

ရခိုင်ပြည်နယ်အပါအ၀င် လူနည်းစုများကို ခွဲခြားမှုမရှိရေး အကာအကွယ်ပေးသည့် ဥပဒေ မူဘောင်ဆိုင်ရာ နှစ်ဖက်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ထို့အတူ လူမျိုးနှင့် ဘာသာကာကွယ်ရေး ဆိုင်ရာ ဥပဒေကြမ်း လေးခုနှင့် စပ်လျဉ်း၍ စိုးရိမ်မှုရှိကြောင်း အီးယူကဆွေးနွေးခဲ့သည်။ မြေယာရရှိခွင့်လယ်မြေအနည်းငယ်သာရှိသည့် လယ်သမားများ လယ်ပိုင်ဆိုင်ခွင့်နှင့် လယ်ယာမြေအငြင်းပွားမှုများဖြေရှင်းရန် ထိရောက်သည့် ဥပဒေမူဘောင်တစ်ရပ် ဖြစ်ပေါ်ရေး အ များပြည်သူကို တိုင်ပင်ဆွေးနွေးမှုသည် အရေးကြီးကြောင်းနှစ်ဖက်သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။ အလုပ်သမားအခွင့်အရေးအတွက် ပိုမိုခိုင်မာသည့် ဥပဒေမူဘောင်နှင့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့်ညီတူညီမျှ စီးပွားရေးတိုးတက်မှုတို့အတွက် ဥပဒေသက်ရောက်မှုတိုးတက်ရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာစံနှုန်းများနှင့် အညီ လွတ်လပ်မျှတသည့် ရွေး ကောက်ပွဲများပြုလုပ်ရန် မမှိတ်မ သုန်ဆုံးဖြတ်ထားသည်ဟု မြန်မာ ဘက်က ပြောကြားခဲ့သည်။ ယခု နှစ်နှောင်းပိုင်းတွင် အီးယူရွေး ကောက်ပွဲလေ့လာရေးအဖွဲ့ စေ လွှတ်ရေးဖြစ်နိုင်ခြေဆန်းစစ်ရန် မကြာသေးမီက ပဏာမအဖွဲ့စေ လွှတ်ခဲ့ခြင်းကို မြန်မာဘက်က အသိအမှတ်ပြုသည်ဟု ဆို၏။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၆တွင် ဘရပ်ဆဲလ်မြို့ ပြုလုပ်မည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment