Monday, June 15, 2015

“၂၁” ကို အချိန်ယူပြီးရိုက်မယ့် ထက်ထက်


အမျိုးသမီး လူငယ်အဆိုတော် တစ်ဦးဖြစ်တဲ့ ထက်ထက်က “၂၁” တေးစီးရီးကို MTV အဖြစ် ပုံဖော်ရာတွင် အချိန်ယူပြီး ဖန်တီးသွားမယ်လို့ ပြောပါတယ်။ ““အခုခေတ် အဆိုတော်တိုင်းက ကိုယ့်သီချင်းခွေရဲ့ သီချင်း MTV လေးတွေကို အချိန်ယူပြီး၊ ငွေကုန်ကြေးကျ ခံပြီးကောင်းအောင် ရိုက်နေကြတယ်။ အဲဒါကြောင့် ညီမအနေနဲ့လည်း ညီမရဲ့ “၂၁” မှာပါတဲ့ သီချင်း တစ်ပုဒ်ချင်းစီကို သေချာ အချိန်ယူပြီး ရိုက်ကူးသွားမှာပါ။ အဓိကကတော့ “၂၁” Audio တုန်းက ပရိသတ် အားပေးခဲ့တော့ MTV ကျရင် ပိုလန်းအောင် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ သေချာ တာကတော့ ညီမ အကောင်းဆုံး လုပ်မယ်ဆိုတာ ပါပဲ။ MTV ပြီးရင်လည်း နောက် Solo ကို ထွက်ဖို့လုပ်မှာပါ””လို့ ပြောသွား ခဲ့ပါတယ်။ ထက်ထက်က တေးသီချင်းများ အပြင် သရုပ်ဆောင်ပိုင်း ဘက်ပါ လှမ်းလာပြီ ဖြစ်တာကြောင့် သရုပ်ဆောင် ဘက်မှာလည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။ သရုပ်ဆောင် ဘက်မှာလည်း ပရိသတ်က ချစ်ခင်စွာ အားပေးကြလို့ ကျေးဇူးတင်တယ်ကြောင်း ပြောပါတယ်။

Messenger News Journal

0 comments:

Post a Comment