Thursday, June 18, 2015

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် လမ်းလျှောက်ဆန္ဒပြစဉ် ငွေကြေးအလွဲသုံးစားသူများကို တရားစွဲရန် တောင်းဆို

မြစ်ဆုံသို့လမ်းလျှောက်ခဲ့စဉ်က(ဓာတ်ပုံ−ကျော်ဇင်သန်း) 

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ရန်ကုန်မှ ကချင်ပြည်နယ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် ပြည်သူ များလှူဒါန်းခဲ့သော ငွေအချို့အား ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ သည်ဟု စွပ်စွဲခံထားရသူ သုံးဦး ကို အရေးယူပေးရန် နိုင်ငံတော် သမ္မတထံသို့လိပ်မူ၍ တိုင်ကြား စာပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရန် ၂၀၁၄ မတ်လအ တွင်း ကချင်ပြည်နယ်အထိ လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် လမ်းတစ်လျှောက်ပြည်သူများ လှူဒါန်းသည့် ကျပ်သိန်း ၅၀၀ ကျော်အနက် ကျပ်သိန်း ၃၀၀ ကိုဦးမြင့်ဝင်းမောင်၊ ဦးရဲထွဋ်ခေါင် နှင့် ဒေါ်မေမျိုးစုတို့ သုံးဦးက ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း မြစ်ဆုံလမ်းလျှောက် အဖွဲ့ဝင် ဦးနန္ဒထွဋ်က ဇွန်လ ၁၈ ရက် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ စွပ်စွဲပြောကြားခဲ့သည်။

‘‘သူတို့အလွဲသုံးစား လုပ်ခဲ့ တာကို အလှူရှင်က ကျွန်တော့် ဆီဖုန်းဆက်မှသိတာ။ လမ်း လျှောက်တုန်းကလည်း ဦးရဲထွဋ် ခေါင်က လေး၊ ငါးရက်တစ်ခါ အလှူငွေတွေကို လာလာသိမ်း တယ်။ ပြီးတော့ စာရင်းတွေ လိမ်တာတွေ တွေ့ရတယ်။ ကျွန်တော်တို့အခု တရားစွဲတယ် ဆိုတာကလည်း ဒီပိုက်ဆံတွေကို လိုချင်လို့ မဟုတ်ပါဘူး။ သူတို့ လုပ်ခဲ့တယ်ဆိုတာကို ၀န်ခံဖို့ပါ’’ ဟု ဦးနန္ဒထွဋ်က ပြောသည်။

ပြည်သူများ၏ အလှူငွေများ ကို ကိုယ်ကျိုးအတွက် အသုံးပြု ခဲ့သည်ဟုဆိုကာ ၂၀၁၄ ဇူလိုင် လကုန်ပိုင်းက ကျောက်တံတား ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုနိုင်ရန် ကြိုးပမ်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တရားရုံး က ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုရန် ခွင့်ပြုမိန့်ကျခဲ့သော်လည်း ပြန် လည်ရုပ်သိမ်းခဲ့ကြောင်း၊ ၂၀၁၅ ဇွန်လ ၁၈ ရက်တွင် တရားစွဲဆို ရန် မသင့်ဟူသော ညွှန်ကြားချက် ကို နေပြည်တော်ရှေ့နေချုပ်ရုံးက အကြောင်းပြန်ခဲ့ကြောင်း မြစ်ဆုံ လမ်းလျှောက်အဖွဲ့ဝင် ဦးသန်း ၀င်းအောင်က အထက်ပါသတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

‘‘နိုင်ငံရေးအကြောင်းပြပြီး အလှူရှင်တွေရဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်တော့ ကျွန်တော်တို့ လုပ်ခဲ့တာတွေက နာမည်ပျက်ခဲ့ရတာပေါ့။ အလွဲ သုံးစားလုပ်တာပေါ်လွင်နေတာ ကို တရားစွဲဆိုရန် မသင့်ဆိုပြီး ကျလာတယ်။ နောက်လေးငါး ရက်လောက်နေရင် သမ္မတဆီကို လိပ်မူပြီး ဒီကိစ္စကိုစာတင်မယ်။ ထူးခြားမှုမရှိရင် နေပြည်တော် ရှေ့နေချုပ်ရုံးမှာ ဆန္ဒဖော်ထုတ် မယ်’’ဟု ဦးသန်းဝင်းအောင်က ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံထားရသူများအနက် ဦးမြင့်ဝင်းမောင်ကို ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှရှင်းလင်းချက်မပေးချင်ဘူး။ ကျွန် တော်တို့လည်း မသမာတာ ဘာမှမလုပ်ထားလို့ နိုင်ငံတော်က အရေးမယူတာပါ။ ဒီကိစ္စက နိုင်ငံ တော်နဲ့ပဲ ဆိုင်ပါတယ်။ အမှန်သူ တို့က အလွဲသုံးစားလုပ်တာပါ။ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကျ စေချင်လို့ ဒီလိုတွေ ပြောနေတာ ပါ။ ဖြစ်နိုင်ရင်တော့ ဂျာနယ်တွေ ထဲ မထည့်တာကောင်းပါတယ်။ ကျွန်တော်တို့ကို ထိခိုက်လာမယ် ဆိုရင်တော့ အကုန်ပတ်ပြီး တရားစွဲမှာပါ’’ဟု ဆိုသည်။

7Day Daily

0 comments:

Post a Comment