Friday, June 19, 2015

ဟန်ဆောင်မျက်နှာဖုံးနောက်ကွယ်က KIA ရဲ့ သရုပ်မှန်

တိုက်ပွဲတွေဖြစ်ရင် အများပြည်သူသွားလာနေတဲ့ လမ်း၊တံတားတွေကို KIA အဖွဲ့က မိုင်းခွဲလို့တစ်မျိုး၊ မီးရှို့လို့တစ်ဖုံ ဖျက်ဆီးတာတွေ့နေရပါတယ်။ တော်တော်လေး အောက်တန်းစားဆန်တဲ့ အဖွဲ့လို့ပဲ ပြောချင် တယ်။ ဖြစ်တာက အစိုးရတပ်နဲ့လေ၊ ဒီလမ်း၊တံတားတွေနဲ့ ဘာဆိုင်လို့လဲ၊ မကျေနပ်ရင် အစိုးရတပ်တွေကို နိုင်အောင်တိုက်ပေါ့၊ အခုတော့ မဟုတ်ပါဘူး၊ ရှုံးပြီဆိုတာနဲ့ လမ်း၊ တံတားတွေကို ရှုံးမဲ မဲတော့တာပါပဲ။ သတ္တိကလည်း နည်း၊ စိတ်ဓာတ်ကလည်း အောက်တန်းစားဆိုတော့ KIO/KIA ခေါင်းဆောင် တွေ ဖြစ်တဲ့ ဇောင်းဟရား၊ အင်ဘန်လ၊ ဂမ်ရှောင်နဲ့ ဂွမ်မော်ကနေစပြီး ဟိုးအောက်က ရဲဘော်အထိ ထမီဝတ်၊ သနပ်ခါးလိမ်း၊ ပန်းပန်ထားလိုက်တော့လို့ပဲ ပြောချင်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တိုင်း KIA က လမ်းတံတားတွေကို မိုင်းခွဲဖျက်ဆီးတယ်၊ ရဲစခန်းနဲ့ ရဲကင်းတွေထဲကို ဗုံးပစ်ထည့်ပြီးတိုက်တယ်၊ ကျောက်မျက်ကုမ္ပဏီဝင်းတွေထဲကို ဗုံးပစ်ထည့်တယ်။ အများ ပြည်သူ သွားလာနေတဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတယ်။ ဒါဟာ KIA ရဲ့ ယောက်ျား မဆန်တဲ့ လုပ်ရပ်တွေပါ။ ပြည်သူတွေ ဒုက္ခရောက်မှ သူတို့အဖွဲ့ စိတ်ချမ်းသာတယ်ထင်တယ်။ ဒါ့ကြောင့် အဖျက်အမှောက်လုပ်ငန်းတွေကို သူတို့ စွဲစွဲမြဲမြဲ လုပ်နေကြတာ။ အရင်တုန်းကတော့ အစိုးရနဲ့ KIA တိုက်ပွဲဖြစ်တိုင်း ကိုယ်ကလည်း ကချင်ဆိုတော့ သူတို့ဘက်ကတောင် မခံမရပ်နိုင် ဖြစ်ခဲ့မိတယ်။ အခုတော့ သူတို့ကို အစိုးရတပ်က စိစိညက်ညက်ကြေအောင် တိုက်ပါလို့ပြောချင်ပါတယ်။
ဘယ့်နှယ်ဗျာ။ အများပြည်သူတွေသွားလာနေတဲ့ လမ်း၊တံတားတွေကို မိုင်းခွဲဖျက်ဆီးတဲ့ အကျင့်က ပျောက်ကို မပျောက် တာ။ အခုလည်း ကြည့်လေ။ ဟိုတစ်နေ့ညက မုံးကိုး - ဖောင်းဆိုင်လမ်းပေါ်မှာရှိတဲ့ တံတားကို KIA အဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်ပြန်ပြီတဲ့လေ။ မိုင်းခွဲပြီဆိုမှတော့ တံတားက အနည်းနဲ့ အများတော့ ပျက်စီးသွား မှာပဲ။ ကြားရတာကတော့ တံတားပေါ်ကို ယာဉ်တွေ၊ လူတွေဖြတ်မရတော့ဘူးလို့ ကြားတယ်။ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ ရှင်းရှင်းပြောရရင် အခု KIA ခေါင်းဆောင်ပြီး လုပ်နေတဲ့ တိုင်းရင်းသားတွေဘက် က အပစ်ရပ်ရေးဆိုတာကို လုံးဝအယုံအကြည်မရှိတော့ဘူး။
“ တံတားကို မိုင်းခွဲခံရတာ မှန်ပါတယ်။ တံတားက ဘယ်ဘက်ခြမ်းကို စောင်းသွားတယ်၊ ဘေးသံဘောင် တွေလည်း ပျက်စီးတယ်၊ ပြီးတော့ အခင်းပျဉ်တွေလည်း ကျိုးပဲ့ပျက်စီးတယ်၊ ဖြစ်ဖြစ်ချင်းတုန်းက ကားတွေ၊ ဆိုင်ကယ်တွေရော လူတွေပါ သွားလို့မရတော့ဘူး၊ KIA အဖွဲ့ကလုပ်တာလို့ပဲ ပြောရမှာပေါ့၊ ဒီလိုအလုပ်ကို KIA ပဲ လုပ်တာလေ ” ဟု မုံးကုံးမြို့ခံတစ်ဦးက ဆိုပါတယ်။
KIA အဖွဲ့ရဲ့ မိုင်းခွဲမှုကြောင့် ပျက်စီးသွားတဲ့ တံတားအား နယ်မြေခံအစိုးရတပ်မှ လုံခြုံရေးလုပ်ပေးနေပြီး တံတား ပြန်လည်ပြင်ဆင်ခြင်းကိုလည်း ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ KIA အနေနဲ့ ကချင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအထိလာပြီး လမ်း၊ တံတားတွေကို မိုင်းခွဲ ဖျက်ဆီး နေခြင်း ဟာ အစိုးရအဖွဲ့ကိုရော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုပါ မထီမဲ့မြင်ပြုရာ ရောက်နေပါတယ်။ အဲဒီလို လမ်း၊တံတားတွေ မိုင်းခွဲဖျက်ဆီးတိုင်း KIA ဟာ ၀န်မခံဘဲ အခြားလက်နက်ကိုင် အဖွဲ့များအပေါ် လွှဲချတတ်တာကိုလည်း တွေ့ရပါတယ်။
“ အစိုးရအဖွဲ့ကို သွေးတိုးစမ်းနေတာလေ၊ တံတားကို မိုင်းခွဲဖျက်ဆီးပစ်မယ်၊ တံတားပျက်ရင် အစိုးရအဖွဲ့က သက်ဆိုင်ရာ ဌာနတွေ ပြန်ပြင်ရမယ်၊ ငွေကုန်တယ်၊ အချိန်ပေးရတယ်၊ ၀န်ထမ်းတွေရဲ့ အသက်အန္တရာယ်လုံခြုံ ရေး စိုးရိမ်ရတယ်၊ KIA က အဲဒီလို အကျင့်ရှိနေလေတော့ အများပြည်သူပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာပေါ့၊ တံတားပေါင်းများစွာ ဖျက်ဆီးခံရရင် နိုင်ငံတော် ဘဏ္ဍာတွေ အများကြီးကုန်မယ်၊ KIA ခေါင်းဆောင်တွေကို တာဝန်ခံခိုင်းရမယ်လေ၊ သူတို့က ဘယ်တော့မှ ၀န်မခံဘူး၊ ၀န်မခံရင်လည်းနေပါစေ၊ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KIA အဖွဲ့ကို အပြတ်သာ လိုက်ရှင်း၊ ဒီကောင်တွေ သေမှအေးမှာ ” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဒေသခံ သတင်းထောက်တစ်ဦးကလည်း ပြောကြား သွားပါတယ်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က အဲဒီနယ်မြေမှာ KIA ရင်း ၃၆၊ ၃၈ တို့ လှုပ်ရှားနေတာဖြစ်ပေမယ့် သူတို့လုပ်တယ်လို့ မပြောနိုင်ကြောင်း၊ ကိုးကန့်သောင်းကျန်းသူအဖွဲ့နဲ့ TNLA အဖွဲ့ တွေလည်း လှုပ်ရှားနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ KIA ရဲ့လုပ်ရပ်ကို ဖုံးဖို့ကြိုးစားပြီး MNDAA နဲ့ TNLA ကို ထိုးချနေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီနှစ် ဇန်န၀ါရီလတုန်းက အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီကာလတုန်းကလည်း ရဲစခန်းနဲ့ ရဲကင်းတွေ၊ ကျောက်မျက်ကုမ္ပဏီဝင်းတွေ၊ မြို့ပေါ်လမ်းဆုံ လမ်းခွတွေမှာ KIA အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြ တယ်။ ဖားကန့် - မိုးကောင်း သွားလမ်းပေါ်က တံတားတွေ၊ ခွန်ဆိုင်ဇွတ်ရွာအ၀င်က တံတားနဲ့ နမ့်ခိုင် ကျေးရွာအနီးက တံတားတွေကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ တိုက်ပွဲဖြစ်တိုင်း အများပြည်သူအသုံးပြု နေတဲ့ လမ်း၊ တံတားတွေကို မိုင်းခွဲတာ KIA ပဲ ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် KIA နဲ့ အကြံတူ ဥာဏ်တူ အပေါင်းအပါအဖွဲ့တွေလည်းပူးပေါင်း ပါဝင်နိုင်ပါတယ်။
“ တိုက်ပွဲတွေဖြစ်မယ်၊ တိုက်ပွဲတွေဖြစ်ရင် တံတားတွေကို ဖျက်ဆီးမယ်၊ ပြည်သူတွေကို စိုးရိမ်ကြောက်လန့် နေအောင် ဖန်တီးမယ်၊ ဒါမှ နယ်မြေ မအေးချမ်းမှာလေ၊ နယ်မြေမအေးချမ်းမှ သူတို့ လုပ်စားလို့ရမှာ၊ တစ်နည်း ပြောရရင် ငြိမ်းချမ်းရေး ယူလို့မရမှာလေ၊ KIA က ဘယ်တော့မှ ငြိမ်းချမ်းရေး ယူမှာမဟုတ်ဘူး၊ အခု အပစ်ရပ် လက်မှတ် ထိုးမယ်ဆိုပြီး ဟိုအဖွဲ့မှာပါ ဒီအဖွဲ့မှာပါ လုပ်နေတာဟာလည်း ဟန်ပြသက်သက်ပါ၊ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးလိုမျိုး သူတို့ကျင့်ကြံနေတာ၊ သူတို့သရုပ်မှန်က တစ်ဖက်မှာ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသလိုလုပ်မယ်၊ အခြားတစ်ဖက်မှာတော့ ငြိမ်းချမ်းရေး မယူရအောင် တိုက်ပွဲတွေဖန်တီးမယ်၊ လမ်းတံတားတွေ ဖျက်ဆီးမယ်၊ တော်တော် ကြောက်စရာကောင်းသလို ရွံဖို့လည်းကောင်းတဲ့အဖွဲ့ပါ ” ဟု ငြိမ်းချမ်းရေးလိုလားသော ဒေသခံ ကချင်ပြည်သူတစ်ဦး ကလည်း ပြောကြားသွားပါတယ်။
နော်မိုင်
Today Myanmar

0 comments:

Post a Comment