Sunday, June 21, 2015

အဖေများနေ့အတွက် ဆုတောင်းစကားဆိုကြတဲ့ အနုပညာရှင်တွေ


ဇွန်လ ၂၁ ရက်သည် နိုင်ငံတကာ အဖေများနေ့ဖြစ်ပြီး အဖေနှင့် ပတ်သက်သည့် အကြောင်းအရာအမျိုးမျိုး၊ ပုံစံ အမျိုးမျိုးဖြင့် အမှတ်တရစာများကို ကမ္ဘာတစ်ဝန်းဖေ့စ်ဘွတ်ခ်သုံးစွဲသူများကရေးသားခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အဖေများနေ့အတွက် အနုပညာရှင်အချို့ လူမှုကွန်ရက်တွင် မိသားစုဓာတ်ပုံများနှင့်အတူ ၎င်းတို့၏ဖခင်နှင့်ပတ်သက်သည့် ဆုတောင်းစကားများကို လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။သရုပ်ဆောင် ဝတ်မှုံရွှေရည်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိသားစုဓာတ်ပုံကိုတင်၍ ‘ပျော်ရွှင်စရာ အဖေများနေ့ဖြစ်ပါစေ။ သမီးရဲ့ အချစ်ဆုံး၊ အားကိုးရာအဖေ။ အဖေ့ ထောက်ပံ့မှုမပါဘဲ သမီး ဘာမှမရနိုင်ပါဘူး။ သမီးကိုယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်’ဟု ရေးသားထားသည်။

သျှားထွဋ်အိန္ဒြာကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိသားစုဓာတ်ပုံကိုတင်ကာ ‘သမီး ဘဝအတွက် အချစ်ဆုံးမို့ အနား ကထွက်မသွားပါနဲ့လို့၊ သမီးကို ဆက်ပြီးအားအင်တွေပေးပါ။ လမ်းပြပေးပါ၊ သင်ကြားပေးပါ၊ လိုချင်တာတွေဖြည့်ဆည်းပေးပါ။ ညအိပ်တဲ့အချိန်တိုင်း Good Night Kiss တွေပေးပါ အရမ်း ချစ်တယ်’ဟုရေးသားထားသည်။

ဖွေးဖွေး၏ Fan Page စာ မျက်နှာတွင် အသည်းပုံ Sign လေးကို တင်ထားပြီး ‘အဖေ့ကို ချစ်တယ်’ဟု ရေးသားထားသည်။

နန်းခင်ဇေယျာက အဖေများနေ့အမှတ်တရအဖြစ် ‘မေတ္တာတရားကို အုတ်မြစ်ချ အကြင်နာ ကရုဏာတရားတွေနဲ့ ဝန်းရံပြီး သံယောဇဉ်များနဲ့ လှပအောင် မွမ်းမံပြင်ဆင်ထားတဲ့ မိသားစုဆိုတဲ့စံအိမ်လေးမှာ သားသမီးတွေကို ရှေ့က မားမားမတ်မတ်ရပ် တည်ကျွေးမွေးစောင့်ရှောက်ပေးတဲ့အဖေနဲ့အမေတို့ရဲ့ ကျေးဇူးတရားများ ဘယ်သောအခါမှ ဆပ်၍မကုန်နိုင်ပါ’ဟုရေးသား၍ မိသားစုဓာတ်ပုံကို တင်ထားသည်။

သက်မွန်မြင့်က ၎င်း၏ Fan Page စာမျက်နှာ၌ ရုပ်ပြောင်ပုံလေးဖြင့် တို့ဖေဖေကဗျာကို တင်ထားသည်ကိုတွေ့ရသည်။

‘ပျော်ရွှင်စရာအဖေများနေ့၊ ဒယ်ဒီ၊ ဖားသား၊ ပါးပါး၊ ဖေဖေ၊ အဖေက သမီးရဲ့ဟီးရိုး၊ သမီးရဲ့ ဘုရင်၊ သမီးရဲ့သမ္မတ၊ သမီးရဲ့ ချစ်ဖေကြီး၊ ကမ္ဘာပေါ်မှာရှိကြတဲ့ ချစ်ဖေကြီးတိုင်း သက်ရှည်ကျန်း မာပြီး မိသားစုနဲ့အတူ ပျော်ရွှင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်’ဟု အဆို တော်ဝိုင်းလေးက အဖေများနေ့ နှင့်ပတ်သက်၍ ဆုတောင်းပေးထားသည်။

ထို့အတူ မင်းမော်ကွန်းက ဖခင်ဇင်ဝိုင်း၏ပုံကိုတင်၍ ‘ပျော် ရွှင်စရာအဖေများနေ့ဖြစ်ပါစေ အဖေ’ဟုရေးသားထားပြီး ဇင်ဝိုင်းကလည်း ကွယ်လွန်သွားပြီဖြစ်သော ၎င်း၏ဖခင်နှင့်ပတ်သက်သည့် အမှတ်တရအကြောင်းအရာများကိုရေးသား၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသည်။

7Day Daily

0 comments:

Post a Comment