Friday, June 19, 2015

ဗီဒီယို အကြိုခံစားခြင်း - ဥက္ကဋ္ဌမ၏ သမက်တော်


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ ကျေးလက်ဟာသဇာတ် ကားလေးတစ်ကားအကြောင်းကို ညွှန်ပေးလိုက်ပါတယ်။

ရွှေပန်းတောကျေးရွာရဲ့ ဥ က္ကဋ္ဌက ယောက်ျားတစ်ယောက်မ ဟုတ်ဘဲ မိန်းမတစ်ယောက်ပေါ့။ မိန်းမဆိုပေမယ့် ဥက္ကဋ္ဌမလာပြီဆိုရင် ဘယ်သူကမှ မလေးမစားမလုပ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌမက ရန်ဖြစ်တဲ့ကိစ္စ ဆိုရင်တောင် ရွာသားတွေ နောက်မလုပ်ရဲအောင် ပုဒ်မကြီး တွေပြောပြီး ထောင်ချပစ်မယ်လို့ ပြောတတ်တာကြောင့် နောက်ဆုံး ရန်ဖြစ်မယ့်သူတွေ ရန်မဖြစ်ရဲ တော့ပါဘူး။ တစ်ခါက မိန်းမနှစ် ယောက်ရန်ဖြစ်တာကို သူတို့နှစ် ယောက် လုံးထွေးသတ်ပုတ်နေ တာကြောင့် လူသတ်မှုတွေ၊မုဒိမ်း မှုတွေဖြစ်နိုင်တယ်လို့ ပြောပြခဲ့ တာကြောင့် အဲဒီမိန်းမနှစ်ယောက် စလုံးသူတို့ကို ထောင်မချဖို့ ဥက္က ဋ္ဌမကို တောင်းပန်ခဲ့ရပါတယ်။ ဥက္ကဋ္ဌမမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။ ဒါ ပေမဲ့ သားကတော့ မိန်းမစိတ် ပေါက်နေပါတယ်။ သမီးကတော့ ဥက္ကဋ္ဌမနဲ့ စိတ်တူကိုယ်တူပါ။ နောက်ပြီး ရွာကကာလသားတွေ က ဥက္ကဋ္ဌမရဲ့ သမီးခင်မှုံကိုစိတ် ၀င်စားကြပေမယ့် ဥက္ကဋ္ဌမကို ကြောက်ပြီး ဘယ်သူမှမစရဲပါဘူး။ ဒါပေမဲ့စရဲတဲ့သူတစ်ယောက်တော့ ရှိပါတယ်။ သူ့နာမည်က သာဒင် ပါ။ သာဒင်က အလုပ်မရှိအကိုင်မ ရှိ ၁၀၉/၁၁၀တစ်ယောက်ပါ။ ဒါ ပေမဲ့ သူ့ဘကြီးဘုန်းကြီးကြောင့် သာဒင်ကို မကျေနပ်ပေမယ့် သည်းခံနေရပါတယ်။

သာဒင်ကလည်းပါးပါတယ်။ ဥက္ကဋ္ဌမကွယ်ရာမှာ လုပ်ချင်တာ လုပ်ပေမယ့် ဥက္ကဋ္ဌမရှေ့ရောက်ရင်တော့မသိသလို သိသလိုနဲ့ မာမီဥက္ကဋ္ဌမလို့ခေါ်လေ့ရှိပါတယ်။ မူးသလိုလို ရူးသလိုလိုပြောတာဖြစ်လို့ ဥက္ကဋ္ဌမက ပြောချင်ပေမယ့် ပြောလို့မရပါဘူး။

တစ်ရက်မှာတော့ ဥက္ကဋ္ဌမတို့အိမ်ကိုမြို့က အဘရဲ့ညီတစ်ယောက်အလည်ရောက်လာပါတယ်။ အဘဆိုတာက ရာထူးရှိတဲ့သူတစ်ယောက်ပါ။ အဲဒါကြောင့် ဥက္ကဋ္ဌမက အဲဒီလူကို အဘလေးလို့ခေါ်ပြီး လိုလေသေးမရှိ ဖြည့်ဆည်းပေးပါတယ်။ နောက်ပြီး အဲဒီအဘလေးက ခင်မှုံကို ကြိုက်နေတာပါ။ ခင်မှုံကလည်း စိတ်ဝင်စားတယ် မဟုတ်ပေမယ့် သူ့အမေအတိုင်း ရာထူးကြီးတဲ့သူ ကိုအထင်ကြီးပြီးဆက်ဆံပါတယ်။

အဲဒီအချိန် မခံမရပ်နိုင်ဖြစ်နေသူက သာဒင်ပါ။ သူကြိုက်နေတဲ့ ခင်မှုံအိမ်မှာ အဘလေးလို့ခေါ်တဲ့လူရောက်နေတာကို မကျေမနပ်တာကြောင့် ရွာထဲမှာတွေ့တဲ့အချိန် အဲဒီအဘလေးဆိုတဲ့လူကို ပြောချင်တာတွေပြောလွှတ်လိုက်ပါတယ်။ အဘလေးဆိုတဲ့လူစိတ်ဆိုးပြီး အိမ်ကိုပြန်လာကာ ဥက္ကဋ္ဌမကို တိုင်ခဲ့ပါတယ်။ ဒါပေ မဲ့လည်းသာဒင်တစ်ယောက်ကတော့ သူ့ထုံးစံအတိုင်းဥက္ကဋ္ဌမရှေ့မှာ အူကြောင်ကြောင်အမူအရာတွေနဲ့တောင်းပန်ခဲ့ပါတယ်။

ဥက္ကဋ္ဌမ အိမ်မှာရောက်နေ တဲ့အဘလေးကို ထွက်သွားအောင် သာဒင်လုပ်နိုင်မှာလား။ ဥက္ကဋ္ဌမ ရဲ့ စိတ်အတိုင်းရှိတဲ့ ခင်မှုံကကော သာဒင်ကို ပြန်ပြီးစိတ်ဝင်စားမ လားဆိုတာတွေကိုတော့ လာဗင် ဒါထုတ်လုပ်ရေးကနေ ဖြန့်ချိပေး ထားတဲ့ ဥက္ကဋ္ဌမ၏ သမက်တော် ဆိုတဲ့ဇာတ်ကားလေးမှာ ဆက် လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ သာဒင်အ ဖြစ် နေတိုး၊ ဥက္ကဋ္ဌမ အဖြစ် စိုး မြတ်သူဇာ၊ ခင်မှုံအဖြစ် နန်းမြတ် ဖြိုးသင်းတို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ လူရှိန်အောင်ရဲ့ ၀တ္ထုကို နေစိုးသော်ဇာတ်ညွှန်းရေး ပေးထားပြီး ဒါရိုက်တာ သြရသ က ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment