လော်ခီးလာနှင့် NCA
NCA ကို လက်မှတ်ရေးထိုးဖို့ သမ္မတဦးသိန်းစိန်က အသင့်ရှိနေတယ်ဆိုပြီး ပြောကြားခဲ့ပြီးတဲ့နောက် လော်ခီးလာ ညီလာခံက သဘောတူညီချက်ဟာ ငြိမ်းချမ်းရေးခရီးကို ဆွဲဆန့်လိုက်သလို တွေ့မြင်ခဲ့ကြရပါတယ်။ နော်စီဖိုးရာစိန်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တဲ့ “ခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက်” ဟာ NLD နဲ့ ၈၈ ငြိမ်းပွင့်တို့ရဲ့ ပူးတွဲနိုင်ငံရေး ကြေညာစာတမ်းပါ “နိုင်ငံရေး သဘောတူညီချက်” နဲ့ တူညီနေတာကတော့ မြန်မာ့နိုင်ငံရေး တိုက်ဆိုင်မှု ဟုတ်ဟန်မတူပါဘူး။
ဒီအချိန်မှာပဲ မူလသဘောတူပြီး NCA ကို ပြင်ဆင်ဖို့ မရှိတော့ဘူး၊ ကိုးကန့်၊ တအာင်း၊ အေအေ သုံးဖွဲ့ကို လက်မခံနိုင်ဘူးဆိုတဲ့ သဘောထား ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအထဲမှာ ကိုးကန့်ကတော့ လက်ရှိအချိန်မှာ လောက်ကိုင်ကို ဝင်တိုက်ခိုက်ခဲ့လို့ “အချုပ်အခြာအာဏာကို ထိပါးခြင်း” ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ကရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကရော ပြတ်ပြတ်သားသား ပြောထားတဲ့အဖွဲ့ ဖြစ်တဲ့အပြင် နိုင်ငံရေးမဟာမိတ် တရုတ်နိုင်ငံနဲ့ အဖုအထစ်တွေ ဖြစ်ရတဲ့အထိ ဖြစ်စေခဲ့တဲ့အဖွဲ့ ဖြစ်နေပါတယ်။ အေအေတပ်ဖွဲ့ကတော့ တကယ်တမ်းမှာတော့ နယ်မြေမရှိ၊ နောက်ခံလူထုမရှိ၊ ခိုင်မာတဲ့ ဖွဲ့စည်းတည်ဆောက်မှု မရှိပါဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာမှ ပေါ်ထွက်လာခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ တအာင်းအဖွဲ့ကတော့ လားရှိုး-မူဆယ်၊ လားရှိုး-လောက်ကိုင် ကားလမ်းတစ်လျှောက် အပျင်းပြေ ငွေရှာထွက်သလိုမျိုး ဆက်ကြေးကောက်ခံပြီး လူသစ်စုနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။NCCT နဲ့ သဘောတူလက်မှတ် ရေးထိုးထားတာတွေကို ပြန်လည်ပြင်ဆင်လိုက်တဲ့ အပေါ်မှာ လက်ရှိ အသစ်ဖွဲ့စည်းလိုက်တဲ့ နော်စီဖိုးရာစိန် အဖွဲ့ကရော ဘယ်လောက်အထိ တာဝန်ခံနိုင်မလဲဆိုတာ အစိုးရနဲ့ တပ်မတော်က စဉ်းစားလာတဲ့ သဘောလို့ ထင်မြင်မိပါတယ်။ ဒီတော့ တပ်မတော်ဘက်က ယူဆချက်တစ်ခု ဖြစ်တဲ့ “အချိန်ဆွဲဗျူဟာ” ကို ကျင့်သုံးလာတယ် ဆိုတာကို စဉ်းစားရပါတော့မယ်။ နောက်လာမယ့်အစိုးရ ဘယ်သူပဲတက်တက်၊ ဘယ်ပါတီပဲနိုင်နိုင် တကယ်တမ်း စကားပြောရမှာက တပ်မတော်နဲ့ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ လက်ရှိ တပ်မတော်အပေါ် သြဇာအသင့်အတင့် ရှိနေတယ် ဆိုတာကို လေးနှစ်ကျော်ကာလအထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးရောက်ခဲ့တာကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။ လက်ရှိအချိန် လွှတ်တော်ထဲမှာ တပ်မတော်နဲ့ ထိပ်တိုက်တိုးနေတဲ့ သူရဦးရွှေမန်းပဲ လာလာ၊ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ ဘယ်သူပဲလာလာ ငြိမ်းချမ်းရေး စကားပြောမယ်ဆိုရင် တပ်မတော်နဲ့ပဲ နောက်ဆုံးပြောရပါလိမ့်မယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောပြောနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ “ရိုးသားရမယ်၊ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ် ရှိရမယ်” ဆိုတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိ NCA ကို အချိန်ဆွဲလိုက်တဲ့ လော်ခီးလာ ညီလာခံရဲ့ လုပ်ဆောင်ချက်ဟာ သံသယကြီးမားတဲ့ တပ်မတော်ကို နောက်အစိုးရ လက်ထက်မှာ ပိုမိုပြီး တင်းမာလာစေပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ “စုပေါင်းအရေးဆိုခွင့်” ကို လော်ခီးလာ ညီလာခံမှာ တညီတညွတ်တည်း ရယူနိုင်ခဲ့တဲ့အတွက် နှောင့်နှေးသွားတဲ့ ငြိမ်းချမ်းရေးကြောင့် အကျိုး-အမြတ် ဘယ်လောက်အထိ ရနိုင်မလဲ တွက်ချက်ကြဖို့ ကောင်းပါပြီ။ ဘယ်သူတွေ အကျိုးဖြစ်ထွန်းလာမလဲ စဉ်းစားဖို့ လိုပါတယ်။ နားထောင်လို့ ကောင်းသလောက်၊ နှစ်သက်ဖွယ်ရာ ကောင်းသလောက် “အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်” လက်တွေ့ကျပါ့မလား သုံးသပ်ကြဖို့ လိုပါပြီ။ တစ်ဖွဲ့ချင်း သွားကြမလား၊ “အနည်းဆုံး ညှိနှိုင်းရေး” လမ်းကြောင်းကို သွားကြမလား စဉ်းစားဖို့ လိုပါပြီ။
“လက်နက်ကိုင် ပြဿနာ မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာသာ ဖြစ်တယ်” ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကြိမ်ဖန်များစွာ ပြောခဲ့ကြပါတယ်။ NCA လမ်းကြောင်းကို ကြည့်ရင် NCA ပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်နှရက်အတွင်း သွားမယ်ဆိုပြီး သဘောတူလျှောက်လှမ်းမယ့် လမ်းကြောင်း ဖြစ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ့် အဆင့်တစ်ဆင့် ဖြစ်တဲ့ NCA ကို ဒီလိုမျိုး ဈေးဆစ်နေခြင်းဟာ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ စိတ်ဆန္ဒ ရှိပါရဲ့လား သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။
အဓိကအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ “အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ရဲ့လား” အပြန်ပြန်အလှန်လှန် မေးခွန်းထုတ်ပြီး မိမိဘာသာ ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ နောက်အစိုးရသစ် တက်လာလည်း ဒီတပ်မတော်နဲ့ပဲ ဒိုင်ယာလော့ လုပ်ရမှာဆိုတာ သိထားစေချင်ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောပြောနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ “ရိုးသားရမယ်၊ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ် ရှိရမယ်” ဆိုတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိ NCA ကို အချိန်ဆွဲလိုက်တဲ့ လော်ခီးလာ ညီလာခံရဲ့ လုပ်ဆောင်ချက်ဟာ သံသယကြီးမားတဲ့ တပ်မတော်ကို နောက်အစိုးရ လက်ထက်မှာ ပိုမိုပြီး တင်းမာလာစေပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ “စုပေါင်းအရေးဆိုခွင့်” ကို လော်ခီးလာ ညီလာခံမှာ တညီတညွတ်တည်း ရယူနိုင်ခဲ့တဲ့အတွက် နှောင့်နှေးသွားတဲ့ ငြိမ်းချမ်းရေးကြောင့် အကျိုး-အမြတ် ဘယ်လောက်အထိ ရနိုင်မလဲ တွက်ချက်ကြဖို့ ကောင်းပါပြီ။ ဘယ်သူတွေ အကျိုးဖြစ်ထွန်းလာမလဲ စဉ်းစားဖို့ လိုပါတယ်။ နားထောင်လို့ ကောင်းသလောက်၊ နှစ်သက်ဖွယ်ရာ ကောင်းသလောက် “အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်” လက်တွေ့ကျပါ့မလား သုံးသပ်ကြဖို့ လိုပါပြီ။ တစ်ဖွဲ့ချင်း သွားကြမလား၊ “အနည်းဆုံး ညှိနှိုင်းရေး” လမ်းကြောင်းကို သွားကြမလား စဉ်းစားဖို့ လိုပါပြီ။
“လက်နက်ကိုင် ပြဿနာ မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာသာ ဖြစ်တယ်” ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကြိမ်ဖန်များစွာ ပြောခဲ့ကြပါတယ်။ NCA လမ်းကြောင်းကို ကြည့်ရင် NCA ပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်နှရက်အတွင်း သွားမယ်ဆိုပြီး သဘောတူလျှောက်လှမ်းမယ့် လမ်းကြောင်း ဖြစ်နေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ့် အဆင့်တစ်ဆင့် ဖြစ်တဲ့ NCA ကို ဒီလိုမျိုး ဈေးဆစ်နေခြင်းဟာ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ စိတ်ဆန္ဒ ရှိပါရဲ့လား သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။
အဓိကအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ “အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ရဲ့လား” အပြန်ပြန်အလှန်လှန် မေးခွန်းထုတ်ပြီး မိမိဘာသာ ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ နောက်အစိုးရသစ် တက်လာလည်း ဒီတပ်မတော်နဲ့ပဲ ဒိုင်ယာလော့ လုပ်ရမှာဆိုတာ သိထားစေချင်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး
“အခြေခံဥပဒေ ပြဿနာမဟုတ်၊ နိုင်ငံရေး ပြဿနာသာ ဖြစ်တယ်” ဆိုပြီး အားလုံးက ပြောခဲ့ကြတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြည့်ရင်လည်း စိတ်ပူစရာ၊ စိုးရိမ်စရာအဆင့်ကို တက်လှမ်းနေပါပြီ။ ပထမဆုံး အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေရေးဆွဲရေး ကော်မတီမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ကော်မတီမှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ အန္တရာယ် သိပ်ကိုများတဲ့ လုပ်ဆောင်ချက်ဆိုရင် မမှားပါဘူး။ နောက်ဆုံးလွှတ်တော်မှာ ရေကူးအသံလွှင့်ရုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒီဘိတ်မှာ ဦးရဲထွဋ်ပြောရင် တပ်မတော်သား ကိုယ်စားလှယ်တွေ လက်ခုပ်တီးတယ်၊ အရပ်သားကိုယ်စားလှယ်တွေ ပြောရင် အရပ်သားကိုယ်စားလှယ်တွေ လက်ခုပ်တီးတယ်။ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ရပ်တည်ချက်တွေဟာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။
ပိုပြီးထင်ရှားစေတာက The Voice မှာ ပါရှိခဲ့တဲ့ ဦးအောင်သောင်းရဲ့ အင်တာဗျူးမှာ တပ်ကနေပြီး ပါတီကိုလာမယ့် တပ်မတော်အရာရှိကြီးတွေနဲ့ ပတ်သက်လို့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့အတွက် ပါတီတွင်း မဲပုံးထောင်ပြီး ကိုယ်စားလှယ်လောင်းရွေးမယ် ပြောခဲ့ပါတယ်။ ဒီတော့ တပ်မတော်ကနေ အသင်းအဖြစ် သန္ဓေတည်၊ ပါတီပြောင်းဆိုပြီး ပေါ်ပေါက်လာခဲ့တဲ့ ပါတီက တပ်မတော်အရာရှိကြီးတွေကို လက်ခံရေး အခက်အခဲ ဖြစ်နေတာကို တွေ့မြင်ကြရပါတယ်။
နောက်ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သွားခဲ့ကြပါတယ်။ ဦးရဲထွဋ်ရဲ့ ပြောကြားချက်အရ မူဘောင်ဆွဲမယ်၊ ဆက်ဆွေးနွေးမယ်ဆိုပြီး အကြမ်းဖျင်းသိရပါတယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရဲ့ ဦးတည်ချက်က (၁) အခြေခံဥပဒေ ပြင်ဆင်ရေး ညှိနှိုင်းဖို့၊ (၂) အနာဂတ်နိုင်ငံတော် အတွက် လမ်းကြောင်းရွေးချယ်ဖို့ ဆိုပြီး ကြံ့ခိုင်ရေးပါတီက ဦးမြင့်ထွန်းရဲ့ အရေးကြီးအဆိုမှာ ပါရှိခဲ့ပါတယ်။ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြေလည်အောင် ညှိကြနှိုင်းကြမယ် ဆိုပြီး နားလည်ထားခဲ့ကြတာပါ။ အခု လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း တင်သွင်းလိုက်ပါတယ်။ တပ်မတော်နဲ့ ထိပ်တိုက်တိုးပါတယ်။
ညှိနှိုင်းပြင်ဆင်ရေး မဟုတ်တော့ပါဘူး။ အဓိကပြဿနာက နိုင်ငံရေးပြဿနာသာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နှုတ်ဆိတ်နေကြပါတယ်။ တပ်မတော်နဲ့ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ အပြင် ထိပ်တိုက်တိုးတဲ့အချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းပြီးလုပ်လိုက်တဲ့ အတွက် ရလဒ်ကောင်းမှာ မဟုတ်တာကတော့ သေချာနေပါတယ်။ တပ်မတော်ကတော့ မီဒီယာတွေမှာ၊ ဝေဖန်ပြောကြားမှုတွေမှာ ပက်လက်မျောပါတော့မယ်။ ဒါပေမဲ့ အားလုံးက အပြုသဘော ရှုမြင်ထားတဲ့ အားနည်းခဲ့တဲ့ တပ်မတော အတွက်ကတော့ ထူးပြီးတော့ ယုတ်လျော့သွားမှာ မဟုတ်ပါဘူး။ တပ်မတော်ကို ဖိအားပေးလို့ မရဘူး ဆိုတာကို တပ်မတော်က အငြိမ်းစားယူခဲ့ကြတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်တွေ သိသိနဲ့ ဖိအားပေးခဲ့တာကတော့ စဉ်းစားစရာ သိပ်ပြီးကောင်းနေပါပြီ။
နိုင်ငံရေးဆွေးနွေးမှုတွေ ပြေလည်မှုမရခင်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဖိအားပေးပြီး တွန်းလုပ်လာတဲ့ လုပ်ဆောင်ချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဦးရွှေမန်း သမ္မတအိပ်မက်
ကြံ့ခိုင်ရေးပါတီကနေ တက်လှမ်းလာမယ့် ဦးရွှေမန်း သမ္မတဖြစ်ရေး အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လိုအပ်ပါတယ်။ ဦးရွှေမန်းနောက်မှာ ၂၅ ရာခိုင်နှုန်း မရှိဘူးဆိုရင် ဦးရွှေမန်း သမ္မတဖြစ်ရေး အတွက် NLD ပါတီက ထောက်ခံမှသာ ရနိုင်ပါလိမ့်မယ်။ NLD က ဦးရွှေမန်းကို လိုအပ်တာထက် ဦးရွှေမန်းက NLD ပါတီကို လိုအပ်တာက အဆများစွာ ပိုနေပါတယ်။ လက်ရှိ ကြံ့ခိုင်ရေးပါတီက ဦးသိန်းဇော် တင်သွင်းတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်မှာ ၅၉ (စ) ပြင်ဆင်ချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲလို့မှတစ်ပါး အခြားမရှိတဲ့ အခြေအနေမှာ ဦးရွှေမန်းဟာ NLD ကတင်တဲ့ သမ္မတလောင်းဖြစ်ဖို့ NLD ရဲ့ လိုလားချက်တွေကို ကြိုးပမ်းပေးရမှာပါ။
ဒီတော့ ကိုယ့်တပ်ကို ပြန်နင်းတယ်ပဲပြောပြော၊ ထိပ်တိုက်တို တယ်ပဲ ပြောပြော တပ်မတော်နဲ့ ထိပ်တိုက်တိုးလိုက်ခြင်းဟာ NLD က မျက်နှာသာရဖို့ အလားအလာကောင်းမယ် မျှော်လင့်နိုင်ပါတယ်။ တပ် မတော်က လိုက်လိုက်လျောလျောနဲ့ ပြင်ဆင်ပေးမယ့် လမ်းကြောင်းမဟုတ်ဘူး၊ ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ Result Based မဟုတ်ဘဲ Action Based ဖြစ်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ အောင်မြင်တာ မအောင်မြင်တာထက် လုပ်ဆောင်ခဲ့တယ်၊ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ အနေအထားသာဖြစ်ပါတယ်။ အိပ်မက်အကောင်အထည်ပေါ်ဖို့ ရွှေ့လိုက်တဲ့ အကွက်ကလေးပဲ ဖြစ်ပါလိမ့်မယ်။
ကြံ့ခိုင်ရေးပါတီကို လူထုထောက်ခံမှုကတော့ ကြံ့ခိုင်ရေး ခေါင်းဆောင်ပိုင်းရဲ့ အပိုဆောင်း မျှော်လင့်ချက် ဖြစ်နိုင်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြံ့ခိုင်ရေးက ကြိုးပမ်းခဲ့တဲ့အတွက် တပ်မတော်နဲ့ ထိပ်တိုက်တိုးခဲ့တယ်။ တပ်မတော်နဲ့ ထိပ်တိုက်တိုးတဲ့အတွက် တပ်မတော်ကို မနှစ်မြို့တဲ့ လူထုက ကြံ့ခိုင်ရေးပါတီကို တောင်ပြိုကမ်းပြို ထောက်ခံမှု ပေးကြလိမ့်မယ်ဆိုတဲ့ ယူဆချက် ရှိခဲ့တယ်ဆိုရင် အလဟဿလို့ပဲ ပြောရပါလိမ့်မယ်။
အခက်ဆုံးပစ်မှတ်ကို အဦးဆုံး ဘာကြောင့် ပစ်ခတ်ရသလဲ
ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၄၃၆၊ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဒုတိယသမ္မတ ရွေးချယ်ပိုင်ခွင့် စတဲ့ ပုဒ်မတွေဟာ ပြင်ဆင်ရေးလမ်းကြောင်းမှာ နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှု၊ ညှိနှိုင်းမှု၊ အပေးအယူ သဘောတူညီချက်ရရှိဖို့ အခက်ခဲဆုံး ပုဒ်မတွေပဲ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အင်တာဗျူးတွေ၊ သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်တွေကို ပြန်ပြီးလေ့လာကြည့်ရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားရေးရာ ပြဋ္ဌာန်းချက်တွေက ပြင်ဆင်တဲ့ နေရာမှာ ဖြစ်နိုင်ခြေအရှိဆုံး၊ အောင်မြင်ဖို့ ရာခိုင်နှုန်းအများဆုံး ပုဒ်မတွေပဲ ဖြစ်ပါတယ်။ အစောဆုံး ဆွေးနွေးခဲ့တဲ့ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၄၃၆ တွေကတော့ ကြိုတင်ညှိနှိုင်း အပေး-အယူ လုပ်ငန်းစဉ် အလိုအပ်ဆုံး ပုဒ်မတွေပဲ ဖြစ်ပါတယ်။ အခက်ဆုံးပစ်မှတ်ကို အရင်ဆုံး ပစ်ခတ်လိုက်တဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေရဲ့ ခြေလှမ်းက ဘာကိုပြောနေသလဲ စဉ်းစားဖို့ လိုပါတယ်။
ဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေး ခေါင်းဆောင်တွေဟာ ရည်မှန်းချက်ကို ရွေးချယ်ပြီး ဘက်စုံသုံးသပ် ချဉ်းကပ်ဆောင်ရွက်တတ်ကြတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပါတယ်။ မနိုင်တဲ့တိုက်ပွဲကို ဘာကြောင့်တိုက်ရသလဲ ဆိုတာရဲ့ နောက်ကွယ်မှာ ပစ်မှတ်အစစ်အမှန်တွေ ရှိနေပါလိမ့်မယ်။ အောင်မြင်ဖို့ ခက်ခဲလှတဲ့ တိုက်ပွဲကို ရွေးချယ်ဆင်နွှဲလိုက်တဲ့ ဒီကြိုးပမ်းချက်မှာ လှည့်ကွက်တွေ ဘယ်လိုဘယ်ပုံ ရှိနေသလဲ ရှာဖွေကြဖို့ လိုပါတယ်။
(၁) တပ်မတော်နဲ့ ထိပ်တိုက်တိုးပြီး အခြေခံဥပဒေ ပြင်ဆင်ရေး မအောင်မြင်။ အလွယ်ကူဆုံး ပြင်ဆင်ချက်တွေကိုတောင် ပြင်ဆင်လို့ မရနိုင်တော့။
(၂) အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့ တပ်မတော်ကို အပြောင်းအလဲ မလိုလားသူများ အဖြစ် လူထုအမုန်းကို ခံယူစေ။
(၃) ပြုပြင်ပြောင်းလဲနေတဲ့ ကြံ့ခိုင်ရေး၊ လမ်းဟောင်းမှ ခွဲထွက်လိုက်တဲ့ ကြံ့ခိုင်ရေးပါတီ အဖြစ် လူထုချစ်ခင်မှု ရဖွယ်ရာလည်း မမြင်။
(၄) ဟုတ်နိုးနိုးဖြင့် မျှော်လင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ မျှော်လင့်ချက်များလည်း ပြည့်ဝမလာ။
(၅) သို့သော် ဒေါ်အောင်ဆန်းစုကြည်အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းပေးခဲ့သော ဦးရွှေမန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့။ ထို့ကြောင့် NLD မှတင်သော သမ္မတလောင်းအဖြစ် ပြိုင်ဘက်မရှိ ရယူနိုင်ခဲ့။
ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲမှာ ရှုံးချင်ရှုံးပါလိမ့်မယ်။ တပ်မတော်ကို လူထုက မုန်းချင်မုန်းပါလိမ့်မယ်။ အခြေခံဥပဒေလည်း နောင်ဆယ်စုနှစ် တောက်လျှောက် အဆုံးထိ ပြင်လို့ ရချင်မှ ရပါလိမ့်မယ်။ နောက်အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေး ရချင်မှ ရပါလိမ့်မယ်။ ဦးရွှေမန်း သမ္မတဖြစ်လာရင် ရှုံးတဲ့တိုက်ပွဲလို့ သတ်မှတ်ကြမှာ မဟုတ်ပါဘူး။ တစ်ဆက်တည်းမှာပဲ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းက တစ်ဝက်လောက်ဟာလည်း နောက်အစိုးရအဖွဲ့မှာ မြင်ကြရပါလိမ့်မယ်။
စစ်တို့ရဲ့ သဘောမှာ တစ်ခါတလေ ရှုံးမယ်မှန်းသိသိနဲ့ တိုက်ရတဲ့ တိုက်ပွဲမျိုးတွေ ရှိနေတတ်ပြီး အဲဒီလို အရှုံးခံတိုက်ရတဲ့ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အောင်မြင်မှုတွေ ရှိနေတတ်တယ် ဆိုတာပါပဲ။
အိုက်ငဲ
thevoicemyanmar.com
0 comments:
Post a Comment