Thursday, June 25, 2015

နွားကိုရှောင်စဉ် ခိုင်မန္တလေးခရီးသည်တင်ယာဉ် အမြန်လမ်းတွင်တိမ်းမှောက်

တိမ်းမှောက်နေသော ခရီးသည်တင်ကားကို ပြန်လည်တည့်မတ်နေစဉ် (ဓာတ်ပုံ − Yangon-Mandalay Expressway) 

မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နွားဖြတ်ပြေးသည်ကို တိမ်းရှောင်ရာမှ ခိုင်မန္တလေးခရီးတင်ယာဉ် လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

အမြန်လမ်းအတိုင်း မောင်း နှင်လာသည့် ခိုင်မန္တလေး ခရီး သည်တင်ယာဉ်သည် ဇွန်လ ၂၅ ရက် နံနက် ၅ နာရီက လမ်းလယ် ကျွန်းကိုတိုက်မိပြီး လမ်းဘေးထိုး ကျသွားခဲ့ကြောင်း အမြန်လမ်းမ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ ‘‘ယာဉ်မောင်းအိပ်ငိုက်လို့မ ဟုတ်ပါဘူး။ လမ်းမှာနွားကဖြတ် ပြေးတာကိုရှောင်ရင်းမှောက်သွား တာ။ ခရီးသည်တွေကို အဆင်ပြေ အောင် ဂိတ်မှာရှိတဲ့ကားတစ်စီးနဲ့ အစားထိုးပြေးဆွဲပေးခဲ့တယ်’’ဟု ခိုင်မန္တလေးခရီးသည်တင် ယာဉ် လိုင်းပိုင်ရှင် ဦးမောင်ခိုင်က ပြော သည်။

ခိုင်မန္တလေး ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည် ၁၆ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက် မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ခရီး သည်တစ်ဦးသည်တပ်ကုန်းခုတင် ၁,၀၀၀ ဆံ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယခုနှစ်ဇန်န၀ါရီမှ မေလ ၂၈ ရက်အထိ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၄၀ ဦးရှိခဲ့သည်။

7Day Daily

0 comments:

Post a Comment