Tuesday, June 16, 2015

လူတိုင်းနားမလည်ကြတဲ့ 'အချစ်က ဘာလဲ' ဆိုတဲ့နာမည်ကအားလုံးရဲ့ခံစားချက်နဲ့ တိုက်ဆိုင်မယ်ထင်လို့ပေးဖြစ်ခဲ့တာပါ - နန်းသီရီမောင်


အင်တာနက်ပေါ်မှာ Sexy Photo တွေနဲ့ နာမည်ကြီးလာတဲ့ နန်းသီရိမောင်က သူမရဲ့ ပထမ ဦးဆုံးတစ်ကိုယ်တော်တေးသီချင်းခွေ 'အချစ်ကဘာလဲ' နဲ့ပတ်သက်ပြီးတော့ အခုလိုပြောပြခဲ့ပါတယ်။

''နန်းသီရိမောင်ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော်တေး သီချင်းခွေလဲ ပရိသတ်လက်ထဲကို အခုချိန်လောက်ဆိုရင် ရောက်ရှိနေပြီလို့ထင်ပါတယ်။အခုလောလောဆယ်တော့ နန်းသီရိမောင်ရဲ့ တစ်ကိုယ်တော်ခွေနဲ့ပတ်သက်ပြီးတော့ ပရိသတ် တွေဆီက တုံ့ပြန်လာမယ့်စကားသံတွေကို အရမ်းကြားချင်နေတယ်။ နန်းသီရိမောင်ရဲ့ တေးသီချင်းအခွေနာမည်ကို 'အချစ်က ဘာလဲ' ဆိုတဲ့နာမည်ကို ပေးဖြစ်တာက လူတိုင်းက အချစ်ဆိုတဲ့အရာက ဘာလဲဆိုပြီးတော့ အမြဲတမ်းဒွိဟဖြစ်တတ်ကြတယ်။ လူတိုင်းနားမ လည်ကြတဲ့အချစ်က ဘာလဲဆိုတဲ့နာမည်က အားလုံးရဲ့ခံစား ချက်နဲ့ တိုက်ဆိုင်မယ်ထင်လို့ ပေးဖြစ်ခဲ့တာပါ။ 'အချစ်က ဘာလဲ'ဆိုတဲ့ Audio အခွေထဲမှာ မေတ္တာလက် ဆောင်အနေနဲ့ MTV ရိုက်ကူးထားတဲ့ သီချင်း နှစ်ပုဒ်ကိုလဲ ထည့်သွင်းပေးထားပါတယ်။ သီချင်းတွေကတော့ အမျိုးအစားစုံလင် အောင်လို့တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး တော့ လုပ်ထားတယ်။

တေးသီချင်းအ ပုဒ်တိုင်းက ရသပုံစံမတူတဲ့အတွက် နားထောင်တဲ့သူတွေအတွက် ရသ မျိုးစုံကို နားဆင်နိုင်မှာ ပါ။ MTV ရိုက်ကူး တဲ့အခါကျရင်လဲ သူများတွေနဲ့ ပုံစံမ တူအောင် ရိုက်ကူး သွားမယ်။ အဲဒါကြောင့် လဲ ဒါရိုက်တာတစ်ယောက်ကို ရွေးချယ်တဲ့အခါကျရင် သူအရင်တုန်း က ရိုက်ထားတဲ့ပုံစံတွေကို ကြည့်တယ်။ နန်း သီရိမောင်ရဲ့ တေးသီချင်းတွေနဲ့ သူများတွေရဲ့ ရိုက်ကူးမှု ပုံစံမထပ်အောင် ဒါရိုက်တာနဲ့ညှိပြီး တော့လုပ်မယ်။ 'အချစ်ကဘာလဲ'ဆိုတဲ့ တေး သီချင်းခွေထဲမှာပါဝင်တဲ့ သီချင်း တွေက နန်းသီရိမောင်ရင်ထဲ မှာရှိတဲ့ သီချင်းတွေရယ်၊ ပရိသတ်တွေကြိုက်မယ် လို့ထင်တဲ့ သီချင်း တွေဖြစ်တဲ့အတွက် ပရိသတ်တွေအ ကြိုက်တွေ့မယ်လို့ တော့ မျှော်လင့်ပါ တယ်''


‪DEMOCRACYTODAYNEWSPAPER‬
Yangon Media Group

0 comments:

Post a Comment