Thursday, June 25, 2015

အာရှ ယူ-၁၄ အမျိုးသမီးပြိုင်ပွဲ အာဆီယံဇုန်တွင် မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်

(ဓာတ်ပုံ-MFF) 

အာရှ ယူ-၁၄ အမျိုး သမီး ဘောလုံးပြိုင်ပွဲ၏ အာဆီယံ ဇုန်ပြိုင်ပွဲတွင် မြန်မာအသင်း သည် အကြိုဗိုလ်လုပွဲအဆင့်၌ အိမ်ရှင် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေပြီး မြန်မာ ယူ-၁၄ အမျိုးသမီးအသင်းသည် အုပ်စုအဆင့်၌ ကမ္ဘောဒီး ယားအသင်းကို ၃-၀ ဂိုး၊ လာအိုအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သော်လည်း ထိုင်းအသင်းကို ၇-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ အုပ်စု(က)တွင် ပါဝင်သည့် မြန်မာအသင်းသည် အုပ်စုပွဲစဉ် များအပြီး၌ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ်ရရှိကာ အုပ်စု ဒုတိယနေရာဖြင့်လည်းကောင်း၊ ပွဲစဉ်အားလုံးနိုင်ပွဲရရှိခဲ့သည့် ထိုင်း အသင်းက အုပ်စုပထမနေရာဖြင့် လည်းကောင်း အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ် သည်။

အကြိုဗိုလ်လုပွဲစဉ်များကို ဇွန်လ ၂၇ ရက်၌ ကျင်းပမည်ဖြစ် ပြီး မြန်မာအသင်းသည် အုပ်စု(ခ) မှ ပထမရရှိသည့် ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အခြားအကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အာရှဒေသ တွင်းမှ ဇုန်အလိုက်ခွဲကာ ကျင်းပ နေပြီး အာဆီယံဇုန်ပြိုင်ပွဲတွင် အုပ်စု(က)၌ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အုပ်စု(ခ)၌ အိမ်ရှင်ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းများ ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

7Day Daily

0 comments:

Post a Comment