Friday, June 19, 2015

နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သို့ ကန့်ကွက်စာပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မြန်မာနိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးကာရံနေသော လုပ်သားနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ) 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အတွင်း ဇွန်လ ၁၇ ရက်၌ ဖြစ်ပွားခဲ့သော ပစ် ခတ်မှုနှင့်ပတ်သက်၍ မြန်မာနယ် ခြားစောင့်ရဲတပ်ဖွဲ့က ဘင်္ဂလား ဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ထံသို့ ကန့်ကွက်စာပေးပို့ ထားကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၇ ရက် နံနက်တွင် ကင်းလှည့်နေသည့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ် နတ်မြစ် မြန်မာ့ရေပိုင်နက်အ တွင်းရောက်ရှိနေသော စက် လှေတစ်စီးကိုစစ်ဆေးရန် ခေါ်ယူခဲ့သည်။ စက်လှေပေါ် လိုက်ပါလာသူများက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ BGB တာဝန်ရှိသူများထံ ကန့် ကွက်စာ ပေးပို့ထားကြောင်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း စက်လှေပေါ် လိုက်ပါလာသူ သုံး ဦးအနက် အရပ်ဝတ် နှစ်ဦးမှာ လွတ်မြောက်သွားပြီး BGBအင်္ကျီ နှင့် ပုဆိုးဝတ်ဆင်ထားသူတစ်ဦး ကို M-22 သေနတ်၊ ခဲယမ်းများ နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူမှာ ဘင်္ဂ လားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)မှ တပ်ကြပ်ကြီးအဆင့်ရှိ သူ အဒူရာဇတ်ဖြစ်ကြောင်း အ ထက်ပါတာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ယင်းကိစ္စ နှင့်ပတ်သက်၍ နယ်ခြားစောင့်ရဲ တပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး နယ်ခြားစောင့် တပ်ဖွဲ့အချင်းချင်း ဆက်သွယ် ဆောင်ရွက်မည် ဖြစ်ကြောင်း 7 Day Daily အား ပြောသည်။

‘‘နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြည်ထဲရေးကို တင်ပြထားတယ်။ လွှဲပြောင်းပေးဖို့တို့ တခြားကိစ္စတွေက နယ်ခြားစောင့်အချင်း ချင်း လုပ်ဆောင်ရမှာဆိုတော့ လေ’’ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆို သည်။

ဘင်္ဂလားဒေ့ရှ်သတင်းဌာန များကမူ အဆိုပါပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BGBအရာရှိများကို ကိုးကား၍ ရေးသားသည်။

7Day Daily

0 comments:

Post a Comment