Wednesday, June 24, 2015

ဒုတိယစီးရီးမှာ သီချင်းအမြူးတွေ ပိုထည့်မယ့် ရွှေရည်ဖြိုးမောင်

ဓာတ်ပုံ−ကျော်ဇင်သန်း 

ပထမဆုံးတစ်ကိုယ် တော် ‘‘ကိုယ်ရံတော်’’စီးရီးတွင်ပါ ရှိခဲ့သည့်သီချင်းများကို ပရိသတ် လက်ခံမှုအေးစက်သည်ဟု ထင် မြင်ခြင်းကြောင့် ဒုတိယတစ်ကိုယ် တော်စီးရီးတွင် သီချင်းအမြူးများ ပိုမိုထည့်သွင်းမည်ဖြစ်ကြောင်း ရွှေရည်ဖြိုးမောင်ကပြောသည်။ ‘‘အော်ဒီယိုစီဒီပဲထွက်ထား သေးတာဆိုတော့ ပရိသတ်က သိပ်မသိသေးဘူး။ နောက်ပြီးအခု အခွေထဲမှာ သီချင်းတွေကလည်း အေးနေတော့ ပရိသတ်အကြိုက် က အေးနေတယ်ထင်တာပေါ့ နော်။ ဒါကြောင့် နောက်အခွေမှာ တော့ ပရိသတ်တွေနှစ်သက်နိုင် မယ့် ပေါက်သီချင်းမြူးမြူးလေး တွေဆိုပေးပါမယ်’’ဟု ရွှေရည်ဖြိုး မောင်ကပြောသည်။

ရွှေရည်ဖြိုးမောင်၏ ပထမ ဆုံးတစ်ကိုယ်တော်စီးရီး ‘‘ကိုယ်ရံ တော်’’ကို ၂၀၁၄ ဒီဇင်ဘာတွင် ထွက်ရှိခဲ့သည်။ ကိုယ်ရံတော် တေးစီးရီးအတွက် အမ်တီဗီရိုက် ကူးရန်ပြင်ဆင်နေပြီး Melody Voices အဖွဲ့နှင့် ဟာမိုနီသီဆိုပေး လျက်ရှိကြောင်း ရွှေရည်ဖြိုးမောင် ကပြောသည်။

အဆိုတော်အဖြစ်ရပ်တည် နေသည့်အတွက် သရုပ်ဆောင် ပိုင်းကို ကမ်းလှမ်းလာခဲ့လျှင်လက် ခံရိုက်ကူးပေးရန်အစီအစဉ်မရှိ ကြောင်းနှင့် အသက်အရွယ်ရလာ ချိန်တွင် စီးပွားရေးဘက်သို့ ကူး ပြောင်းလုပ်ကိုင်ရန် စိတ်ကူးထား ကြောင်း ရွှေရည်ဖြိုးမောင်ကဆို သည်။

လက်ရှိတွင် ရွှေရည်ဖြိုး မောင်သည် ဇူလိုင် ၃ ရက်၌ ကျ ရောက်မည့်မြန်မာအမျိုးသမီးများ နေ့ပွဲအတွက် ဇွန်လ ၂၇ နှင့် ၂၈ ရက်တွင် တေးသံရှင် ချိုပြုံး၊ မီမီ ဖေ၀င်း၊ ကော်နီ၊ ယုဇန၊ အိမ့်ချစ် တို့နှင့် စုံတွဲတေးသီချင်းများ ဖျော် ဖြေပေးရန်ရှိကြောင်းသိရသည်။

7Day Daily

0 comments:

Post a Comment