Monday, June 22, 2015

မားစ်ရောဂါ ရှိ၊ မရှိ ပြည်တွင်း၌ ၂၄ နာရီအတွင်း စစ်ဆေးနိုင်

အိမ်နီးချင်းထိုင်းနိုင်ငံတွင် မားစ်ရောဂါဖြစ်ပွားသူ တွေ့ရှိပြီးနောက် လေဆိပ်၌ နှာခေါင်းစည်းများဖြင့် သွားလာနေသူများ (ဓာတ်ပုံ − အီးပီအေ) 

မားစ်ရောဂါ ရှိ၊ မရှိ အခြားနိုင်ငံများသို့ သွားရောက်စစ်ဆေးစရာမလိုတော့ဘဲ ပြည်တွင်းမှာပင် ၂၄ နာရီအတွင်း အတည်ပြု စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၃-၁၄ က ဖြစ်ပွားခဲ့ သော ကမ္ဘာ့ကူးစက်မြန်ရောဂါ အီဘိုလာကဲ့သို့ သွေးနမူနာကို အခြားနိုင်ငံများသို့ လေယာဉ်ဖြင့် သယ်ဆောင်၍ အဆင့်ဆင့်သွား ရောက်စစ်ဆေးစရာမလိုတော့ဘဲ ပြည်တွင်းမှာပင် အတည်ပြုစစ် ဆေးနိုင်ပြီဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ကုသရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။ ‘‘အီဘိုလာနဲ့ မားစ်က ဘာ ကွာခြားလဲဆိုရင် အီဘိုလာက ဇီဝလုံခြုံမှုအဆင့် (၄) ရှိတဲ့ ဓာတ်ခွဲခန်းမှာပဲ စမ်းသပ်စစ်ဆေးနိုင်တဲ့အတွက် မြန်မာပြည်မှာ မရှိသေး တော့ အဲဒီအဆင့်(၄)ရှိတဲ့ ဂျာမနီ၊အိန္ဒိယတို့လို ဓာတ်ခွဲခန်းတွေမှာ သွားစစ်ဆေးရတယ်။ အဲဒီတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကြောင့် မားစ်ကျတော့ အဲဒီအတွေ့အကြုံပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံအတွင်းမှာပဲ စစ်ဆေးနိုင်အောင် စီစဉ်ထားတယ်’’ ဟု ၎င်းကပြောသည်။

မားစ်ရောဂါပိုး ကူးစက်ခံရ ခြင်း ရှိ၊ မရှိ ရန်ကုန်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း၌ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုစစ်ဆေးနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးနိုင်ခြင်းဖြင့် အချိန်ကုန်သက်သာခြင်းနှင့် ကူးစက်ခံရပါက လျင်မြန်စွာ ဆေးကုသမှုခံယူနိုင်ခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရ သည်။

မားစ်ရောဂါပိုး ကူးစက်ခံရ လျှင် ကူးစက်ဆေးရုံများတွင် ၁၄ ရက်ခန့် ဆေးကုသမှုခံယူစေပြီး တစ်ချိန်တည်းမှာပင် ယင်းနှင့် ထိ တွေ့ကိုင်တွယ်ခဲ့သည့် ကျန်းမာ ရေးဝန်ထမ်းများနှင့် မိသားစုဝင် များကိုပါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းက ဆက်လက်ပြောကြားသည်။

အီဘိုလာရောဂါမှာ လူတစ် ရာဖြစ်ပွားလျှင် ၄၇ ဦးနှုန်း အသက်ဆုံးရှုံးနိုင်ခြေရှိပြီး ယခုမားစ်ရောဂါမှာမူ လူတစ်ရာဖြစ်ပွားလျှင် ၃၆ ဦးခန့် အသက်ဆုံးရှုံးနိုင်သည်။

မားစ်ရောဂါ ကူးစက်ခံရ လျှင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမ၀ခြင်း၊ ၀မ်းလျှောခြင်း၊ အန်ခြင်း စသည့် တုပ်ကွေးနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါဆန်သော လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။

ဆီးချို၊ ကျောက်ကပ်၊ အ ဆုတ် စသော နာတာရှည်ရောဂါ သည်များတွင် ပိုမိုကူးစက်နိုင်ပြီး ယင်းရောဂါအခံရှိသူများ အပါအ ၀င် အသက်အရွယ် ကြီးသူများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ ဆေးကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထား သည်။

ယင်းရောဂါမှာ တောင်ကိုရီး ယားနိုင်ငံတွင် ယခုနှစ် မေလ ၂၀ ရက်မှ စတင်ဖြစ်ပွားခဲ့၍ ဇွန်လ ၂၁ ရက်အထိ (တစ်လကျော်အတွင်း) ရောဂါဖြစ်ပွားသူ ၁၆၉ ဦးရှိပြီး သေဆုံးသူ ၂၅ ဦးရှိခဲ့သည်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အိုမန်နိုင်ငံမှ လာရောက်ဆေးကုသသူတစ်ဦး၌ မားစ်ရောဂါပိုး တွေ့ရှိရကြောင်း ဇွန်လ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး သံသယရှိသူ ၁၇၅ ဦးကို သီးခြားထားကာ စောင့်ကြပ်ကုသပေး လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အဏုဇီဝဗေဒဌာနမှ အငြိမ်းစားဌာနမှူး ဒေါက်တာ ကြည်ကြည်သင်းက ပြောသည်။

မားစ်ရောဂါသည် ပြင်းထန် သည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါဖြစ်ပြီး လေမှတစ်ဆင့် ကူးစက်တတ် သည်။

အရှေ့အလယ်ပိုင်းဒေသ ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီး ယခုထိုင်းနိုင်ငံအပါအ၀င် အာရှနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ကူးစက် ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

7Day Daily

0 comments:

Post a Comment