Wednesday, June 17, 2015

အေ့ဒ်စ်ရန်ပုံငွေပွဲတွင် မိုင်လေဆိုင်းရပ် ဒေါ်လာ (၅၅၀၀၀) ရှာဖွေပေးခဲ့


အမေရိကန် အဆိုတော် မိုင်လေဆိုင်းရပ်သည် အလွန်အကျွံ အပြုအမူ အနေအထိုင်များ အတွက် လူပြောခံရသည့် အမျိုးသမီး အဆိုတော် တစ်ဦးဖြစ်သော်လည်း စိတ်နှလုံး ကောင်းမွန်သူ တစ်ယောက်ဖြစ်ပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အေ့ဒ်စ် ရန်ပုံငွေပွဲတွင် ဒေါ်လာ (၅၅၀၀၀) ရှာဖွေပေး ခဲ့ကြောင်းသိရသည်။ အင်္ဂါနေ့ည အေ့ဒ်စ် ရန်ပုံငွေပွဲတွင် နာမည်ကျော်စာစောင် ဗင်နတီဖဲလ် အဖုံး (၃) ခုကို အားကစားသမားဘ၀မှ ရုပ်သံရှိုးစတား ဖြစ်လာသည့် ကိတ်လင်းဂျန်နာကို လက်မှတ်ထိုးစေပြီး လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ (၅၅၀၀၀) ရရှိခဲ့ကြောင်း သိရသည်။အားကစားသမားဘ၀မှ ရုပ်သံရှိုးစတား ဖြစ်လာသည့် ကိတ်လင်း ဂျန်နာက ကိတ်လင်း အဖြစ် ပထမဆုံးအကြိမ် လူသိရှင်ကြား လက်မှတ် ရေးထိုးခြင်းလည်း ဖြစ်သည်။

ထို့နောက် ဗင်နီတီဖဲလ်အဖုံးများကို လေလံတင် ရောင်းချရာတွင် ဒေါ်လာ (၅၅၀၀၀) ရရှိခဲ့သည်။ အတည်မပြုရသေးသည့် သတင်းများအရ အင်္ဂါနေ့ည ရန်ပုံငွေပွဲတွင်ယူရို (၁၈) သန်းရရှိခဲ့ကြောင်း သိရသည်။ ထိုရန်ပုံငွေကို အေ့ဒ်နှင့် အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြု သွားမည်ဖြစ်သည်။

အသက် (၂၂) နှစ်အရွယ်ရှိ အမေရိ ကန်ပေါ့ပ်အဆိုတော် မိုင်လေဆိုင်ရပ်သည် ၎င်း၏အစွန်းရောက် နေပုံထိုင်ပုံများ၊ လိင်ကိစ္စများ၊ ပွင့်လင်းစွာ ပြောဆိုမှုများကြောင့် မကောင်းသတင်းဖြင့် နာမည်ကြီးသည့် အဆိုတော် တစ်ယောက်ဖြစ်သည်။ ၎င်းသည် မကြာသေးခင်က ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် အရွယ်ရောက်ပြီးသား ကျားမ မရွေး မည်သူ့ကိုမဆို လိင်ဆက်ဆံဖော် အဖြစ် လက်ခံကြောင်း လိင်တူ သာယာစုံမက်သူ ဖြစ်ကြောင်းတို့ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့သူလည်း ဖြစ်သည်။

Source:UPI
Messenger News Journal

0 comments:

Post a Comment