လှေစီးဒုက္ခသည် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ အားလုံးပုံချအပြစ်တင် ၍ လက်ညှိုးမထိုးစေလိုကြောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်သည့် ဘင်္ဂါလီအရေးနှင့် ပတ်သက်သောသတင်းစာရှင်း လင်းပွဲများတွင် ဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်ပြောကြားကြောင်း သတင်းရရှိသည်။ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့၌ နိုင်ငံခြားရေးဝန်ကြီးဌာနကဦးစီးပြုလုပ်သည့်သံတမန်များနှင့်တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာသူအချင်းချင်းကြား လှေစီးဒုက္ခသည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက်ငြင်းခုံပြောကြားမှုများအပေါ် ယခုအခါ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးမျိုးမြင့်သိန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ခေါ်ယူပြောကြား ခဲ့ခြင်းဖြစ်သည်။
‘‘ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ဖြစ်ရပ်အပေါ် စိတ်မကောင်းတဲ့အကြောင်း ပြောကြားခြင်း ဖြစ်ပါတယ်။ လှေစီးထွက်ပြေး ပြဿနာကို နှစ်ဖက်စလုံးက အစွမ်းကုန်အမြန်ဖြေရှင်းနေ တယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ စနစ်တကျ ညှိပြီးခေါ်ဖို့ လက်ခံထားတယ်။ ဒီလိုပူးပေါင်းဆောင် ရွက်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက် တစ်ခုတည်းကို အားလုံး ပုံချပြီး အပြစ်တင် လက်ညှိုးမထိုးစေလို ကြောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမျိုးမှာ နောင်ဂရုစိုက်ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း လေးလေးစားစားဆွေး နွေးပြောကြားခြင်းဖြစ်ပါတယ်’’ ဟု သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦး သန့်ကျော်ကပြောသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံသားအဖြစ် စိစစ်ပြီးသူများအားလုံး စတင်ခေါ်ယူမည်ဖြစ်ကြောင်း ထပ် လောင်းကတိပြု ပြောကြားခဲ့ ကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။
လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ပြောကြားချက်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲမွဲတေသည့်အ တွက် ၎င်းတို့နိုင်ငံသားများမှာ အခြားနိုင်ငံများသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ကြသည့်အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း မှတ်ချက်ပေးပြောကြားမှုများ အပေါ် ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဆင့်ခေါ်သတိပေးကြောင်း ဒါကာမြို့အခြေစိုက် BDnews သတင်းက ဖော်ပြ သည်။
မြန်မာနိုင်ငံမှ ကယ်ဆယ် ထားသည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကျော်အား ဇွန်လ ၈ ရက်နေ့မှစ၍ စတင်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကတိပေးထားကြောင်း အဆိုပါသတင်း က ဖော်ပြသည်။
မြန်မာနိုင်ငံတွင်ကယ်ဆယ် ထားသည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၅၄၆ ဦးနှင့် မြန်မာနိုင်ငံမှ ၁၈၇ ဦးတို့ပါဝင်ကြောင်း မြန်မာအစိုးရကဇွန်လ ၄ ရက်က တရားဝင်သတင်းထုတ်ပြန်ထားသည်။
Sunday, June 7, 2015
လှေစီးဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဘက်သို့ အားလုံးပုံချလက်ညှိုးမထိုးစေလိုကြောင်း မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဆင့်ခေါ်ပြောကြား
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment