Sunday, June 7, 2015

လော်ခီးလာထိပ်သီးဆွေးနွေးပွဲ အပစ်ရပ်စာချုပ်မူကြမ်း ပြင်ဆင်ချက် ၁၅ ချက်ခန့်ရှိ

လော်ခီးလာထိပ်သီးဆွေးနွေးပွဲကျင်းပနေစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

လော်ခီးလာထိပ်သီး အစည်းအဝေး ခြောက်ရက် မြောက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)မူကြမ်းကို ပြင်ဆင်ချက် ၁၅ ချက်ဖြင့် ဆွေးနွေးပြီးစီးခဲ့ပြီး အချော သပ်လက်မှတ်ရေးထိုးနိုင်ရန် ယင်းအချက်များကို အစိုးရနှင့် ဆက် လက်ညှိနှိုင်းသွားမည်ဖြစ်သည်။‘‘ဒါပေမဲ့ ပြင်ဆင်ဖြည့်စွက် ထားတဲ့ အချက်တွေကို ကျွန် တော်တို့ကတော့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့အနေနဲ့ သွားပြီးတော့ ညှိနှိုင်းရမှာဖြစ်တယ်။ ပြင်ဆင်မှု အချက်အားလုံးပေါင်း ၁၅ ချက် လောက်ရှိတယ်’’ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိ နှိုင်းရေးအဖွဲ့ (NCCT) ခေါင်း ဆောင်နိုင်ဟံသာကပြောကြား သည်။

NCCT မှ နုတ်ထွက်ထား သည့် ရခိုင်၊ တအာင်န်းနှင့် ကိုး ကန့်အဖွဲ့များနှင့်လည်း NCA ပြင် ဆင်ဖြည့်စွက်မှုများနှင့် ၎င်းတို့ အပေါ် NCCT က စာနာမှုများ ကြောင့် ပြေလည်မှုရရှိခဲ့ကြောင်း၊အဖွဲ့အားလုံး NCA လက်မှတ် ရေးထိုးရာတွင် ပါဝင်နိုင်ရန် ဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ဆို သည်။

တအာင်န်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) ကိုယ်စားလှယ် တာပန်လက NCCT တွင် ဆက်လက်ပါဝင်ရေးNCA ကိစ္စများကို ခေါင်းဆောင် ပိုင်းသို့ တင်ပြမည်ဟု ဆိုသည်။

NCA ကို လက်မှတ်ရေးထိုး ရာတွင် အထက်ပါအဖွဲ့ သုံးဖွဲ့ အပါအ၀င် အဖွဲ့ဝင်အားလုံးပါဝင် မှ လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း NCCT ခေါင်းဆောင် များက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ အဓိ ကအချက်က ညီနောင်သုံးဖွဲ့ အနေနဲ့ ကျွန်တော်တို့နဲ့အတူ ဒီ NCA မူကြမ်းက ပြင်ဆင်ဖြည့် စွက်ချက်တွေနဲ့အတူ သဘောတူ ပြီးတော့ ဒီမှာအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရက တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်အပေါ်မှာ၊ လက်ခံအသိအမှတ်ပြုတဲ့ အဖွဲ့ အစည်းတွေအပေါ်မှာ သူ့အနေနဲ့ စဉ်းစားဖို့ လိုအပ်တယ်’’ဟု ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြော သည်။

လော်ခီးလာထိပ်သီးအစည်း အဝေးတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်များ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။

7Day Daily

0 comments:

Post a Comment