Wednesday, June 10, 2015

စာသင်ခန်းထဲက ဖေ့စ်ဘွတ်ခ်ပြဿနာ


‘‘သူငယ်ချင်းအတုအယောင် မ၊ ငါ့နောက်ကျောဓားနဲ့ထိုးမ၊ ငါ့ ဘ၀ထဲကနေ နင့်ကိုသေလူသတ် မှတ်လိုက်ပြီ။ ဖေ့စ်ဘွတ်ခ် ၊ဗိုက် ဘာ ဖုန်းနံပါတ်အားလုံးကို ဘ လော့ဂ်သင့်တာ ဘလော့ဂ်၊ ဖျက် တန်တာ ဖျက်ပစ်လိုက်ပြီဘိုင့်ဘိုင်’’ အထက်ပါ စာကြောင်းမှာန၀မ တန်း ကျောင်းသူတစ်ဦးက ၎င်း အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့ သည့် အတန်းဖော်သူငယ်ချင်း တစ်ဦးအတွက် ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပြန်လည်တုံ့ပြန် ရေးသားခဲ့ခြင်းဖြစ်သည်။ပြင်ပလူမှုရေးပြဿနာများ၊ လုပ်ငန်းခွင်အတွင်း အဆင်မပြေ မှုများနှင့် အယူအဆမတူသူများ ကြားတွင် လူမှုကွန်ရက်ပေါ်၌ အ ပြန်အလှန်ပြောဆိုတိုက်ခိုက်ခြင်း တို့ မကြာခဏတွေ့လာရသည်။

နှစ်အနည်းငယ်အတွင်း မို ဘိုင်းဖုန်းနှင့် အင်တာနက် အသုံး ပြုသူဦးရေ အများအပြားတိုးတက် လာသည့် မြန်မာနိုင်ငံတွင် တစ် ချိန်က လူနည်းစု(သို့မဟုတ်) လူ နှစ်ဦးသာ ပြောဆိုဖြေရှင်းလိုက် သည့် ကိစ္စများအဖြစ်မှ လူသန်း ချီအသုံးပြုနေသော လူမှုကွန်ရက် စာမျက်နှာများတွင် တစ်ဦးနှင့် တစ်ဦးမကျေနပ်မှုများကို အတိ အလင်းပြောဆို တိုက်ခိုက်သည့် အဖြစ်များသို့ ရောက်ရှိလာသည်။

ယခုမူယင်းကဲ့သို့ ဖေ့စ် ဘွတ်ခ်ပေါ်မှ ပုဂ္ဂိုလ်ရေးအပြန်အ လှန်တိုက်ခိုက်မှုများမှာ စာသင် ခန်းထဲမှ ကလေးငယ်များအထိပါ ကူးစက်လာပြီဖြစ်သည်။

ထိုကဲ့သို့ ပြဿနာများက ကျောင်းသူ၊ကျောင်းသားများ အ ကြား မည်မျှပျံ့နှံ့နေသည်မသိ။ယ ခုနှစ် ကျောင်းဖွင့်ရာသီတွင် အ ခြေခံပညာကျောင်းများတွင်စည်း ကမ်းတစ်ခုတိုးလာခဲ့သည်။ စည်း ကမ်းကို ချိုးဖောက်ပါက ကျောင်း ထုတ်အပြစ်ပေးသည်အထိ အ ရေးယူမည်ဟူ၏။ ယင်းစည်းကမ်း ချက်အသစ်မှာ ကျောင်းသား၊ ကျောင်းသူများတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲ ဆိုရန်ဖြစ်ခြင်း၊ သူတစ်ပါးမ ကောင်းကြောင်းရေးခြင်း၊ မှတ် ချက်ဝင်ပေးခြင်း၊ ညစ်ညမ်းသော ဓာတ်ပုံစာများ ရေးတင်ခြင်းစ သည်တို့ ရှိလာသည့်အတွက် ယင်းသို့ပြုလုပ်ပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကျောင်းထုတ်သည်အထိ အရေးယူသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‘‘ကိုးတန်းကျောင်းသူတွေ ဘောလုံးပွဲအားပေးရင်း တစ်သင်း နဲ့ တစ်သင်းမနာလိုအောင် ပြော ကြရာကနေ ဖေ့စ်ဘွတ်ခ်ပေါ်ထိ တက်ပြီးရန်ဖြစ်ကြတယ်။ နောက် မှ နှစ်ယောက်စလုံးကမခံနိုင်တော့ ဆရာမကို လာတိုင်ကြလို့ ရှင်း ပေးလိုက်ရသေးတယ်’’ဟု မြောက်ဒဂုံမြို့နယ်မှ အထက်တန်း ကျောင်းဆရာမတစ်ဦးက ပြော ပြသည်။

အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်သည့် ကိစ္စများကို လူမှု ကွန်ရက်မှ တစ်ဆင့် ရေးသား တိုက်ခိုက်သည့် ဖြစ်စဉ်များသည် ယခင်က လုပ်ငန်းခွင်ဝင်ရောက် နေသည့် လူများနှင့်လူလတ်ပိုင်း များတွင်သာ တွေ့ရလေ့ရှိပြီး အ ဆိုပါအကျင့်များသည် အတုမြင့် အတတ်သင်တတ်သည့် ကလေး များထံသို့ ကူးစက်လာခြင်းဖြစ် ကြောင်း အခြေခံပညာအထက် တန်းကျောင်းမှ ဆရာမတစ်ဦးက ထောက်ပြသည်။

‘‘ကျောင်းတက်နေတဲ့ က လေးတွေ ဖေ့စ်ဘွတ်ခ်မှာ အချင်း ချင်းပြောပြီး ရန်ဖြစ်ကြတယ်ဆို တာ လူကြီးတွေဆီက ကူးစက် လာတာပဲလေ။ ကလေးဆိုတာ အတုမြင်အတတ်သင်ပဲ။ အဲဒီလို မျိုးတွေကို တကယ်တမ်းစိစစ်မယ် ဆိုရင် လုပ်ငန်းခွင်တွေနဲ့ပြင်ပက လူကြီးတွေပါ ဖေ့စ်ဘွတ်ခ်မှာ တခြားလူတွေအကြောင်းစောင်း မြောင်းရေးသားတာတွေ ထိန်း ချုပ်ရမယ်’’ဟု ကမာရွတ်မြို့နယ် ၌ အထက်တန်းပြဆရာမလုပ်နေ သည့် ဒေါ်ခင်မာချိုက ပြောသည်။

ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန် ရက်များသည် ကမ္ဘာတစ်ဝန်းမှ လူပေါင်းသန်းရာချီအသုံးပြုနေ သော အွန်လိုင်းစာမျက်နှာများဖြစ် သည့်အတွက် မိမိတင်လိုက်သည့် အကြောင်းအရာတစ်ခုသည် လူ ပေါင်းများစွာထံသို့ ရောက်ရှိသွား မည်ဖြစ်သောကြောင့် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်သည့်အကြောင်း အရာများ ရေးသားရာတွင် ထိန်း သိမ်းကာ ရေးသင့်ကြောင်း ပညာ ရှင်များက အကြံပြုသည်။

‘‘အွန်လိုင်းကို သီးခြား ကမ္ဘာ တစ်ခုလို့ ထင်ပြီး သူတို့ပြောချင် တာတွေ စွတ်ပြီးပြောနေကြ တယ်။ တကယ်တော့ ဒါက ကိုယ့်ဘ၀ရဲ့ ဒစ်ဂျစ်တယ်အစိတ်အ ပိုင်းတစ်ခုပါ။ လူမှုကွန်ရက်ပေါ် မှာ လုပ်ခဲ့တဲ့ဟာတွေက တစ်ချိန် ကြကိုယ့်အတွက် မှတ်တမ်းတစ်ခု လည်း ဖြစ်နိုင်တဲ့အတွက် အခုလို ပြောနေတာတွေက ကိုယ်ဘာ လုပ်နေတယ်ဆိုတာ ဖော်ပြနေသ လိုပါပဲ’’ဟု အမုန်းစကားပြောမှု များအတွက် ဖေ့စ်ဘွတ်ခ်နှင့် လက်တွဲဆောင်ရွက်နေသည့် မြန် မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအ ဖွဲ့ (IMDO) မှ စီမံခန့်ခွဲရေးဒါရိုက် တာ ကိုနေဘုန်းလတ်က ပြော သည်။

လူမှုကွန်ရက်သုံးစွဲသူများ သည် ၎င်းတို့၏ သဘောထားကွဲ လွဲမှု၊ လူမှုရေးပြဿနာမကျေနပ် မှုစသည့် အခြေအနေအမျိုးမျိုးအ တွက် စိတ်ထွက်ပေါက်အနေဖြင့် ထုတ်ဖော်ရေးသားကြရာမှ တစ် ဦးနှင့် တစ်ဦး အတိအလင်းပြော ဆိုတိုက်ခိုက်သည့် အဆင့်အထိ ရောက်ရှိလာခြင်းဖြစ်သည်။

ပြည်တွင်း၌ လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက် များ၊ အချင်းချင်းမပြေလည်မှုများ အား လူမှုကွန်ရက်တွင် တက် ရောက်ရေးသားခြင်းကို တားမြစ် ချက် ကုမ္ပဏီများရှိသော်လည်း၊ ကန့်သတ်ချက်မထားသည့် ကုမ္ပ ဏီများလည်းရှိသည့်အတွက် လုပ်ငန်းခွင်တွင် အချင်းချင်းပုတ် ခတ်ရေးသားမှုများ တွေ့နေရ ကြောင်း ခရီးသွားလုပ်ငန်းလုပ် ကိုင်သူ တစ်ဦးက ပြောသည်။

‘‘နိုင်ငံတကာကုမ္ပဏီကြီး တွေမှာ အလုပ်ခန့်မယ်ဆိုရင် အ လုပ်နဲ့ပတ်သက်တဲ့ စည်းကမ်း တွေအပြင် လူမှုကွန်ရက်ပေါ်မှာ ထိန်းသိမ်းရမယ့် စည်းကမ်းတွေ လည်း သတ်မှတ်ထားတယ်။ အဲ ဒါတွေကို လက်ခံပြီး လိုက်နာမှ အလုပ်ခန့်တယ်။ ပြည်တွင်းမှာ လည်း အဲဒါမျိုးတွေ လုပ်ထားသင့် ပါတယ်’’ဟု MIDO မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က အကြံပြုသည်။

ကျောင်းသားများကြားတွင် ဖေ့စ်ဘွတ်ခ် ပေါ်မှတစ်ဆင့် တိုက် ခိုက်သည့်စကားများ ရေးသား ခြင်းမှာ ပေါ်ပင်တစ်ခုအနေဖြင့် အသွင်ဆောင်လာပြီး ၎င်းတို့သ ဘောကျသည့် အဆိုတော်၊ အနု ပညာရှင်၊ ဘောလုံးအသင်းနှင့် ဂိမ်းကစားနည်းများအတွက် တစ် ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်းများ မကြာခဏရှိလာကြောင်း အ ထက်တန်းကျောင်းဆရာမတစ်ဦး ကပြောသည်။

‘‘ကျောင်းသားက ကျောင်း သားအလုပ်ပဲ လုပ်ရမှာပါ။ တချို့ ကျောင်းသူတွေဆို ကျောင်းစ တက်တဲ့နေ့မှာ ဓာတ်ပုံချည်းရိုက် နေတာတွေ့ရတယ်။ ကျောင်း သားအရွယ်က ဖေ့စ်ဘွတ်ခ်မသုံး သင့်သေးဘူး။ မိဘတွေနဲ့ဆိုင် တယ်။ ကိုယ့်သားသမီးဘာလုပ် နေတယ်ဆိုတာ သိထားသင့် တယ်။ တချို့ကလေးတွေက အင် တာနက်သုံးတာမကောင်းတဲ့ ဘက်ကိုကြည့်တာများလာတယ်’’ ဟု မရမ်းကုန်းမြို့နယ်ရှိ ကျောင်း ဆရာမတစ်ဦးကပြောသည်။

လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ စာသင်ကြားမှုကို မထိခိုက်စေရန် မိုဘိုင်းဖုန်းများ ယူမလာစေရန် ထုတ်ပြန်ထား သည်။

‘‘ဒီခေတ်မှာဖုန်းတွေက အ လွယ်တကူသုံးနိုင်တော့ ကလေး တွေအရွယ်ဆို ဖုန်းသုံးတာတစ်ခု လောက်ကိုပဲ ခွင့်ပြုပေးသင့် တယ်။ နောက်ဆုံးပေါ်ဟန်းဖုန်း တွေလည်း ပေးမကိုင်သင့်သေး ဘူး။ အိမ်ကသားကိုလည်းကျောင်း သွားရင် ဖုန်းမယူသွားခိုင်းဘူး’’ဟု တာမွေမြို့နယ်ရှိ န၀မတန်း ကျောင်းသားတစ်ဦး၏ မိခင်ကဆို သည်။

‘‘တချို့က ကိုယ်ကလည်း မှားနေသေးတယ်။ ပြဿနာကို သေချာမစဉ်းစားဘဲ ကိုယ့်တစ် ဖက်တည်းကနေပဲကြည့်ပြီး FB ကနေ Personal Attack လုပ်မယ် ဆိုရင်တော့ မူလ post တင်တဲ့သူ ကိုယ်တိုင် ပြန်ထိခိုက်လာနိုင် တယ်။ ကိုယ့်ရှူးကိုယ်ပတ်ဆိုသ လိုပေါ့’’ဟု MRTV မှ အစီအစဉ် တင်ဆက်သူ ကိုချမ်းမြေ့အောင် က ၎င်း၏ထင်မြင်ချက်ကိုပြောပြ သည်။

နိုင်ငံတကာကျောင်းများ တွင် Internet Of Day ဟူ၍ လူ ငယ်များလူမှုကွန်ရက်အသုံးပြု ခြင်းနှင့်ပတ်သက်ပြီး တစ်ဖက် သားကို ထိခိုက်မှုမရှိစေရန်နှင့် တာဝန်ယူမှုရှိသော အသုံးပြုမှု ပုံ စံများကို သင်ကြားပေးသည့်ဆွေး နွေးပွဲများ ပြုလုပ်ပေးလေ့ရှိသည့် အတွက် ပြည်တွင်း၌ အဆိုပါပွဲ များပြုလုပ်ပေးရန် လိုအပ်နေ သည်။

‘‘နိုင်ငံတကာကျောင်းတွေ မှာဆိုရင် အင်တာနက်အသုံးပြုမှု အကြောင်းတွေကို ကလေးတွေ နားလည်အောင် လစဉ်ပညာပေး ဆွေးနွေးမှုတွေပြုလုပ်ပေးလေ့ရှိ တယ်။ အဲဒါမျိုးတွေ ဒီမှာလည်း အများကြီးလုပ်ပေးဖို့လိုအပ်နေပါ တယ်’’ဟု မထိုက်ထိုက်အောင်က အကြံပြုသည်။

ထိုသို့အကြောင်းအရာများ ကို လူမှုကွန်ရက်များတွင်ရေး သားခြင်းများသည် မိမိတို့ပတ်ဝန်း ကျင်ရှိသူများကို မထိခိုက်စေရန် လည်းလိုအပ်ပြီး အတုမြင်အ တတ်သင်သည့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် မျိုး ဆက်သစ်လူငယ်များအပေါ် မလွှမ်းမိုးစေရန် လူမှုကွန်ရက် များသုံးစွဲသူများကပင် ဆင်ခြင် သင့်ကြောင်း စာပေနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးကသုံးသပ်သည်။

တစ်နှစ်သားအရွယ်ကလေး ငယ်မှာ မိုဘိုင်းဖုန်းဖျော်ဖြေမှုများ နှင့် ရင်းနှီးပြီးသော ယနေ့ခေတ် တွင် လူမှုကွန်ရက်နှင့်ချိတ်ဆက် လာနိုင်သော ဖုန်းနှင့်တက်ဘလက် များ စာသင်ခန်းအတွင်းသို့ အ လွယ်တကူရောက်ရှိလာပြီဖြစ် သည်။

ဆိုရှယ်မီဒီယာသုံးစွဲသည့် ဆယ်ကျော်သက်များလည်း စာ သင်ခန်းများတွင် ရှိနေပြီဖြစ် သည်။ ကလေးငယ်များ ဖေ့စ် ဘွတ်ခ်သုံးသင့်၊ မသုံးသင့်ဟူသည့် အချက်မှာ မိဘများအကြား အ ကြီးအကျယ်ဆွေးနွေးနေကြသည့် အခြေအနေတော့မရှိသေး။ ဖေ့စ် ဘွတ်ခ်သုံးသည့် ဆယ်ကျော်သက် များအတွက် အထောက်အကူပြု မည့် ပညာပေးမှုများတော့ များစွာ ပြုလုပ်ရန် လိုအပ်လာနေပြီဖြစ် သည်။

7Day Daily

0 comments:

Post a Comment