Wednesday, June 10, 2015

ပြည်နယ်ပေးဖို့ တောင်းနေတဲ့ ‘ဝ’ ဒေသမှာ ရွေးကောက်ပွဲ မလုပ်နိုင်တာ ဘာ့ကြောင့်လဲ

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဝ ဒေသတို့တွင် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကကြို တင်ပြောဆိုလိုက်သည်။ သို့သော်လည်း ကိုးကန့်ဒေသ နှင့် ဝဒေသတို့မှ ရွေးကောက်ပွဲမ လုပ်မည့်မြို့နယ်အမည်များကို အ ပြည့်အစုံထည့် သွင်းမပြော ခဲ့ပေ။ လောက် ကိုင်ဒေသတွင် အေးချမ်းပါကရွေးကောက်ပွဲလုပ်ရန်ရှိကြောင်း နှင့်၂ဝ၁ဝ ခုနှစ်က ရွေးကောက်ပွဲ မလုပ်ခဲ့သည့်ကချင်ဒေသမှ မြို့ နယ်တို့ တွင်ပါ ရွေးကောက် ပွဲ လုပ် မည်ဟုသာ ဥက္ကဋ္ဌကဆိုခဲ့သည်။ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ နာယက ဦးစောဖီးလစ်က ကော်မရှင်ဥက္ကဋ္ဌအနေဖြင့်’ဝ’ဒေသ နှင့် ပတ်သက်ပြီး ယခုထက်အသေးစိတ်ကျအောင် ပြော သင့်ကြောင်း ထောက်ပြသည်။ ”၂ဝ၁ဝ ပြည့် ရွေးကောက်ပွဲတုန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ဒေသ ၆ မြို့နယ်ထဲက ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်းနဲ့ မိုင်းမော ၄ မြို့ နယ်မှာပဲ မကျင်းပဖြစ်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ ဟိုပန်နဲ့ မက်မန်း ၂ မြို့နယ်မှာတော့ ကျင်းပခဲ့တယ်။ ဒါတွေရောပါလား။ သိချင်တယ်”ဟုပြောသည်။ ဝ ဒေသအားလုံးတွင် ဆိုပါက ဝ ပါ တီများဖြစ်ကြသော ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနှင့် ဝ ဒီမိုကရက်တစ်ပါတီ နှစ် ခုစလုံးကကန့်ကွက်မည်ဟု တာဝန် ရှိသူတို့က ပြောသည်။ဦးတင်အေးကတော့ ဝ ဒေသ တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းမှာ အဆိုပါဒေသတွင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့၍ မရခဲ့သလို မဲစာရင်း မကောက် ယူနိုင်ခြ င်းကြောင့်ဟု ပြောသည်။ ထိုစကားအပေါ် ပါတီနှစ်ခု စလုံးက အစိုးရနှင့် ဝ တို့ ဆောင် ရွက်ရမည့်ကိစ္စဖြစ်သည်ဟုသာ ပြောကြသည်။ သို့သော် ဝ ဒေသမှလွဲ၍ ၂ဝ၁ဝ က ရွေးကောက်ပွဲမ ကျင်းပဖြစ်ခဲ့သည့် နေရာတို့တွင် ယခုနှစ်ကျင်းပနိုင်ခြေရှိနေသည် ဟု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

ယင်းမှာ အင်အားကြီး လက်နက်ကိုင်အဖွဲ့အချို့တို့ဖြစ်သည့် KIO, KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပူးပေါင်းမှုကြောင့် ဖြစ်ကြောင်း ငြိမ်းချမ်းရေး စင်တာ အသိုင်းအဝိုင်း မှ သိရသည်။ ဝ ဒေသတွင် ၂ဝ၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခွင့်မပေးသဖြင့် စာရင်းအတိအကျမရသော်လည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် UWSA (‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ‘ဝ’ ဒေသတွင် လူ ဦးရေ ၆ သိန်းကျော် ရှိ သည်ဟု ပြောဆိုထားသည်။

Popular Myanmar News Journal

0 comments:

Post a Comment