Monday, June 8, 2015

အမျိုးသမီး လိင်အားတိုးဆေး တရားဝင် ထုတ်လုပ်ခွင့်ရဖို့ နီးစပ်လာ


လိင်စိတ် ကျဆင်းနေသည့် အမျိုးသမီးများကို ကုစားပေးနိုင်ရန် အတွက် အမျိုးသမီး လိင်အားတိုးဆေးကို စမ်းသပ်လျက် ရှိရာ ထိုဆေးဝါးကို လက်တွေ့ ထုတ်လုပ်နိုင်ဖို့ နီးစပ်လာပြီဖြစ်ကြောင်း သိရသည်။

ထိုဆေးဝါးကို Flibanserin ဟု အမည်ပေးထားသည်။ ဘေးထွက်ဆိုးကျိုး အဖြစ် မူးဝေခြင်း၊ နုံးချိခြင်းများ ဖြစ်ပွား နိုင်သဖြင့် အမေရိကန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲဌာန (FDA) က ခွင့်ပြုချက် ချထားမပေးသေးကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် FDA သည် ထိုဆေးဝါး ကို နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့ဖူးသည်။ ယခုအခါ လိုအပ်သည်များ ဖြည့်စွက် စမ်းသပ်ပြီးနောက် FDA ထံသို့ ခွင့်ပြုချက် ထပ်မံ လျှောက်ထားခြင်း ဖြစ်သည်။သွေးဆုံးခါနီး အမျိုးသမီးများတွင် လိင်စိတ်ကျဆင်းကာ စိတ်ကျဝေဒနာ ဖြစ်ပွားခြင်းများကို ယခုဆေးဝါးက ကုသပေး နိုင်ရန် ရည်ရွယ်သည်။ ဆေးဝါးကို စမ်းသပ် သုံးစွဲသော အာမန်ဒါ ပါရစ်ဆိုသော အမျိုး သမီးကြီးက ““ဒီဆေး သောက်ပြီးတော့ အိမ်ထောင်ရေးသုခ ပြန်ရလာတယ်။ စိတ်ကျနေတာတွေပါ လျော့ပါးသွားတယ်”” ဟု ပြောသည်။

FDA သည် အမျိုးသားများ လိင်အားတိုးဆေးလများကိုကား ခွင့်ပြုပေးနေပြီး အမျိုးသမီးများလအတွက် လိင်အားတိုးဆေး ကိုမူကား အချိန်ဆွဲလထားခြင်းသည် လိင်ခွဲခြား ဆက်ဆံရာ ရောက်နေကြောင်း ဆေးဝါး ထုတ်လုပ်သည့် Sprout ဆေးဝါးလုပ်ငန်းက အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Even the Source နှင့် ပူးပေါင်းကာ စွပ်စွဲ ပြောကြားထားသည်။

FDA ကို ဆေးဝါးအကြံပေးနေသော အဖွဲ့ကလည်း ထိုဆေးကို ခွင့်ပြုမည်ဆိုပါ က တရားဝင်ခွင့်ပြုပေးနိုင်သော ကျွမ်းကျင် လက်မှတ်ရ ဆရာများ၏ ခွင့်ပြုချက်ဖြင့်သာ သောက်သုံးခိုင်းရန် အကြံပြုထားကြောင်း သိရသည်။

Source: BBC
Messenger News Journal

0 comments:

Post a Comment