ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ကားလေးတစ်ကားအကြောင်း ညွှန်းပေးလိုက်ပါတယ်။
လင်းလက်တာရာက မိတဆိုးသမီးလေးဖြစ်တာကြောင့် သူ့အဖေက အလိုလိုက်ထားပါ တယ်။လင်းလက်တာရာကို သူ့အဖေက အလှပြင်ဆိုင်တစ်ဆိုင်ဖွင့်ပေးထားပါတယ်။ တခြားအရာတွေမှာ ကန့်သတ်မှုတွေမထားပေမယ့် လင်းလက်တာရာကို သူ့အဖေက အိမ်ပြန်နောက်ကျတာကိုတော့ မကြိုက်ပါဘူး။အဲဒါကိုဘဲ လင်းလက်တာရာက မလိုက်နာပဲ အမြဲအိမ်ပြန်နောက်ကျလေ့ရှိပါတယ်။ လင်းလက်တာရာမှာအပေါင်းအသင်းများများစားစား တော့မရှိပါဘူး။ လင်းလက်တာရာကိုကြိုက်နေတဲ့ ယောက်ျားလျာတစ်ယောက်နဲ့ စိတ်တူကိုယ်တူပေါင်းတဲ့ ကောင်မလေး တစ်ယောက်ပဲရှိပါတယ်။ လင်းလက်တာရာက အကျင့်စာရိတ္တပျက်ပြားနေတာမဟုတ်ပေမယ့် ညတိုင်းကလပ်တက်လေ့ရှိပါတယ်။အဲဒီကလပ်မှာ လင်းလက်တာရာကို စိတ်ဝင်စားနေတဲ့ကောင်လေးတွေလည်းရှိပါတယ်။ ဒါပေမဲ့သူနဲ့တွဲတဲ့ ယောက်ျားလျာကောင်မ လေးကြောင့် လင်းလက်တာရာအနားကိုကပ်လို့မရဘဲဖြစ်နေပါတယ်။နေထွဋ်က သူငယ်ချင်းတွေနဲ့ စုပြီးနေကြပါတယ်။ နေထွဋ်မှာ အကျင့်တစ်ခုရှိတာက သူ့ရှေ့မှာ မတရားတာမြင်ရင် ဝင်ပြီးကူညီပေးတတ်တာပါ။ အဲဒီလိုကြောင့်ပဲ ရန်ဖြစ်ပြီး ထောင်ထဲကိုခဏခဏ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ဘေးနားကလူတွေကလည်း သူ့ကိုအမြဲတမ်းသတိပေး လေ့ရှိပါတယ်။ ဒါပေမဲ့ လည်း သူကတော့ ပြောတဲ့လူ တွေကို တောင်အမြင်မကြည်သလိုလုပ်တတ်ပါတယ်။
လင်းလက်တာရာနဲ့ နေထွဋ်တို့ရဲ့ ကျင်လည်ရာပတ်ဝန်းကျင်ချင်းမတူကြပေမယ့် တစ်ရက်မှာတော့ဆုံဆည်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လင်းလက်တာရာက သတိထားမိခဲ့တာပါ။ နေထွဋ်ကတော့လုံးဝမသိခဲ့ပါဘူး။တွေ့ ဆုံမှုကလည်း ကဗျာတော့မဆန်ခဲ့ပါဘူး။ ရန်ဖြစ်လို့လက်ထိတ်ခတ်ပြီးအဖမ်းခံခဲ့ရတဲ့ နေထွဋ်ကိုလင်းလက်တာရာ ကမြင်ခဲ့တာပါ။သူနဲ့ဘာမှမဆိုင်ပေမယ့် နေထွဋ်ဘာကြောင့်အဖမ်းခံရတာလဲဆိုတာကိုတော့ လင်းလက်တာရာ သိချင်နေခဲ့ပါတယ်။
အဲဒီလိုနဲ့တစ်ရက်မှာတော့ ကလပ်ကနေ ပြန်လာတဲ့ လင်းလက်တာရာတို့ သူငယ်ချင်းသုံးယောက်ကို လူတစ်စုက နှောင့်ယှက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နေထွဋ်ရောက်လာပြီး အကူအညီပေးခဲ့ပါတယ်။ အရင်ကလူဆိုးတစ်ယောက်လို့ သူထင်ထားတဲ့လူက ကူညီပေးခဲ့တာကြောင့် ကြောက်ပေမယ့်လည်း ကျေးဇူးတင်ကြောင်းပြောခဲ့သလို သူသိချင်တဲ့အကြောင်းကို မေးခဲ့ပါ တယ်။ အဲဒီတော့မှ နေထွဋ်အကြောင်းကို သိခဲ့ရပြီးရင်းနှီးသွားခဲ့ပါတယ်။
နေထွဋ်က ရွှေဆိုင်တစ်ခုမှာ လက်ခစားပန်းထိမ်သမားပါ။ လင်းလက်တာရာတို့နဲ့ဆုံတဲ့အချိန်က သူ့ဆိုင်လိပ်စာကို ပေးထားခဲ့တာကြောင့် နောက်နေ့မှာသူ့ဆိုင်ကိုလင်းလက်တာရာတို့ သူငယ်ချင်းအဖွဲ့ ရောက်လာခဲ့ကြပါတယ်။ အဲဒီလိုနဲ့တဖြည်းဖြည်း ရင်းနှီးလာခဲ့ပေမယ့် ဆိုင်တစ်ဆိုင်မှာ နေထွဋ်နဲ့ လင်းလက်တာရာတို့အတူထိုင်နေတာကို လင်းလက်တာရာရဲ့အဖေက တွေ့တဲ့အချိန်မှာတော့ခါးခါးသီးသီးဖြစ်ခဲ့ပါတယ်။
အဲဒါကလည်းအကြောင်းရှိပါတယ်။ လင်းလက်တာရာရဲ့အဖေကားရှေ့ကနေ ကလေးတစ်ယောက်ထွက်ပြေးပြီး တိုက်မိမလိုဖြစ်တာကြောင့် ကလေးသားအမိနဲ့ပြဿနာဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နေထွဋ်ရောက်လာပြီး အကျိုးသင့်အကြောင်းသင့်ပြောဖို့ ဝင်ပြောခဲ့ပါတယ်။အဲဒီမှာ လင်းလက်တာရာအဖေနဲ့ နေထွဋ်တို့ ပြဿနာတက်ခဲ့ကြပါတယ်။ အဲဒီပြဿနာကြောင့်ပဲ နေထွဋ်ကို လင်းလက်တာရာအဖေက မကြည်တာပါ။
အဖေဖြစ်သူ သဘောမတူတဲ့နေထွဋ်နဲ့လင်းလက်တာရာ ဆက်တွဲနေဦးမှာလား။ နေထွဋ်ကကောလင်းလက်တာရာဆီကို ဆက်သွယ်ဦးမှာလား ဆိုတာကိုတော့ ဖိုးဝထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမယ့်နှင်းခါးဝိုင်ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ နေထွဋ်အဖြစ် နေတိုးနဲ့ လင်းလက်တာရာအဖြစ်ဝတ်မှုံရွှေရည်တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီနိုင်းခ ရဲ့ဝတ္ထုကို ကိုကျော်ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ထားပါတယ်။
7Day Daily
0 comments:
Post a Comment