မြန်မာ့ပင်လယ်ပြင်တွင် မေလ ၂၁ ရက်က ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည် ၂၀၈ ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကို အတည်ပြုပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ ဇွန် ၈ ရက်က လွှဲပြောင်းခေါ်ဆောင်နေကြစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
မောင်တောမြို့အနီး ဘင်္ဂလားပင်လယ်ပြင်တွင် တွေ့ ရှိခဲ့သည့် လှေစီးဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၈ ဦးအနက် ၁၅၀ ဦးကို တောင်ပြိုလက်ဝဲမြို့၌ ယာယီ လက်ခံထားရာမှ ဇွန်လ ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။လှေစီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၁၅၀ ဦးကို မြန်မာနိုင်ငံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ဒုဒေသကွပ်ကဲရေးမှူး ရဲမှူးကြီးမျိုးဆွေဦးဆောင်သော အဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကော့ဘဇားအခြေစိုက် အမှတ် (၁၇) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခန်ဒါကာဆိုင်ဖူအာလမ် ဦးဆောင်သော အဖွဲ့က လက်ခံခဲ့သည်။
မြန်မာနိုင်ငံမှ လွှဲပြောင်းပေး သည့် လှေစီးဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၁၅၀ ဦးကို တောင်ပြိုလက်ဝဲ မြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ် ကြည်ရေး တံတားမှ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
လှေစီးဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၂၀၀ တွင် နောက်ထပ်လွှဲ ပြောင်းပေးရန် ၅၀ ဦးကျန်နေသေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိစစ်မှုများပြီးစီးပါက ထပ်မံလွှဲပြောင်းပေးရန် စီစဉ်မည်ဖြစ်ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှူး ဦးစောနိုင်က ဆိုသည်။
ထို့အပြင် မေ ၂၉ ရက်ကတွေ့ရှိခဲ့သည့် လှေစီးဒုက္ခသည်၇၀၀ ကျော်ကို နှစ်နိုင်ငံ တာဝန်ရှိသူများက စိစစ်လျက်ရှိပြီး၊ စိစစ်ပြီးလျှင် သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပို့ဆောင်မည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၈ရက်တွင် သတင်းထုတ်ပြန်သည်။
7Day Daily
0 comments:
Post a Comment