Wednesday, March 18, 2020

ယနေ့လွှတ်တော်တွင် ပုဒ်မ ၁ တစ်ခုတည်းသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရ၍ ပြင်ဆင်နိုင်

No photo description available.
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၃၆ ပုဒ်မခွဲ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ (၁၉)ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃)နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တွင် ပုဒ်မ ၂၆၂(က)(၁) တစ်ခုတည်းသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရကာ ပြင်ဆင်နိုင်ခဲ့ပါတယ်။

အဆိုပါပုဒ်မအား ထောက်ခံမဲ ၅၉၁ မဲ နဲ့ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။ဒီပုဒ်မဟာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးတွေကိုလည်း တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်အတိုင်း ပြည့်စုံတဲ့သူမှသာ ရွေးချယ်ဖို့ ဖြစ်ပါတယ်။
၂၆၂(က)(၁) ရဲ့ မူလပြဌာန်းချက်မှာ"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်"လို့ ပြဌာန်းထားပါတယ်။
ပြဌာန်းချက်ကို NLDပါတီဦးဆောင်တဲ့ ၄၅ ဦးကော်မတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တို့ ပြင်ဆင်ချက်တင်သွင်းထားတာက"ပုဒ်မ ၂၆၁၊ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်"လို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ယနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မပုဒ်မခွဲပေါင်း ၁၉ ခုကို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Image may contain: 1 person, indoor
>>Zawgyi<<
ယနေ့လွှတ်တော်တွင် ပုဒ်မ ၁ တစ်ခုတည်းသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရ၍ ပြင်ဆင်နိုင်
Wednesday, March 18 , 2020
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၃၆ ပုဒ်မခွဲ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ (၁၉)ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃)နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တွင် ပုဒ်မ ၂၆၂(က)(၁) တစ်ခုတည်းသာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရကာ ပြင်ဆင်နိုင်ခဲ့ပါတယ်။

အဆိုပါပုဒ်မအား ထောက်ခံမဲ ၅၉၁ မဲ နဲ့ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။ဒီပုဒ်မဟာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးတွေကိုလည်း တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်အတိုင်း ပြည့်စုံတဲ့သူမှသာ ရွေးချယ်ဖို့ ဖြစ်ပါတယ်။
၂၆၂(က)(၁) ရဲ့ မူလပြဌာန်းချက်မှာ"တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်"လို့ ပြဌာန်းထားပါတယ်။
ပြဌာန်းချက်ကို NLDပါတီဦးဆောင်တဲ့ ၄၅ ဦးကော်မတီနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တို့ ပြင်ဆင်ချက်တင်သွင်းထားတာက"ပုဒ်မ ၂၆၁၊ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်"လို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ယနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄၃၆(ခ)နဲ့ အကျုံးဝင်တဲ့ ပုဒ်မပုဒ်မခွဲပေါင်း ၁၉ ခုကို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
#Myanmar_Online_News

0 comments:

Post a Comment