Saturday, March 28, 2020

Covid 19 ကာကွယ်ဆေးထုတ်ရန် တစ်နှစ်ခွဲအထိ ကြာမြင့်နိုင်ဟု WHO အကြီးအကဲ ပြောကြား

Image may contain: 1 person, closeup

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ရန် အနည်းဆုံး တစ်နှစ်မှတစ်နှစ်ခွဲအထိ ကြာမြင့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြောကြားလိုက်သည်။

“ကမ္ဘာတစ်ဝန်း အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်မှု ၅၀၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀၀၀၀ ကျော် ပါတယ်။” ဟု WHO ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အဒါနွမ်ဂီဘရီဆပ်စ်က မတ်လ ၂၇ ရက်တွင် ဆွစ်ဇာလန်နိုင် ငံ၊ ဂျီနီဗာမြို့၌ သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက်မှာ ကြောက်မတ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ပြောသည်။ ကိုဗစ်-၁၉ ကာ ကွယ်ဆေးထုတ်လုပ်ရန် တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်မည်ဟု တီဒရို့စ်က ပြောကြားလိုက်ပြီး အဆိုပါဗိုင်းရပ်စ်ကို အထောက်အထားမရှိသော ရောဂါကုထုံးများဖြင့် ကုသမှုမပြုလုပ်ကြရန် WHO က လူပုဂ္ဂိုလ်များ၊ ကမ္ဘာ့ တိုင်းပြည်များသို့ ပန်ကြားသည်။
လူငယ်အများစုက သာမညရောဂါလက္ခဏာများ ပြသသော်လည်း အချို့က ဆိုးရွားစွာ ဖျားနာ သို့မဟုတ် သေဆုံးခဲ့ကြောင်း WHO အရေးပါ်အစီအစဉ်၏ နည်းစနစ်ဆိုင်ရာခေါင်းဆောင် မာရီယာဗန်ခတ်ခ်ခိုဗီက ပြော သည်။
ရောဂါလက္ခဏာမပြင်းထန်လျင်ပင် ငယ်ရွယ်သူများက ဗိုင်းရပ်ကို ပြင်းထန်သောရောဂါ သို့မဟုတ် သေ ဆုံးစေနိုင်သည့် ခုခံအားနည်းသော သက်ကြီးရွယ်အိုများသို့ ကူးစက်စေနိုင်သည်ဟု ၎င်းက ပြောသည်။
လက်သန့်ရှင်းရေးနှင့် လူမှုရေးဆိုင်ရာ စည်းကမ်းများလိုက်နာခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်မှုများ တားဆီးကာကွယ်ရေးတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ကြရန် ၎င်းက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။
Ref ; EPN
<zawgyi>
Covid 19 ကာကွယ်ဆေးထုတ်ရန် တစ်နှစ်ခွဲအထိ ကြာမြင့်နိုင်ဟု WHO အကြီးအကဲ ပြောကြား
Saturday, March 28, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် အနည်းဆုံး တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်မည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြောကြားလိုက်သည်။
“ကမ္ဘာတစ်ဝန်း အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်မှု ၅၀၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀၀၀၀ ကျော် ပါတယ်။” ဟု WHO ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အဒါနွမ်ဂီဘရီဆပ်စ်က မတ်လ ၂၇ ရက်တွင် ဆွစ်ဇာလန်နိုင် ငံ၊ ဂျီနီဗာမြို့၌ သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက်မှာ ကြောက်မတ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ပြောသည်။ ကိုဗစ်-၁၉ ကာ ကွယ်ဆေးထုတ်လုပ်ရန် တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်မည်ဟု တီဒရို့စ်က ပြောကြားလိုက်ပြီး အဆိုပါဗိုင်းရပ်စ်ကို အထောက်အထားမရှိသော ရောဂါကုထုံးများဖြင့် ကုသမှုမပြုလုပ်ကြရန် WHO က လူပုဂ္ဂိုလ်များ၊ ကမ္ဘာ့ တိုင်းပြည်များသို့ ပန်ကြားသည်။
လူငယ်အများစုက သာမညရောဂါလက္ခဏာများ ပြသသော်လည်း အချို့က ဆိုးရွားစွာ ဖျားနာ သို့မဟုတ် သေဆုံးခဲ့ကြောင်း WHO အရေးပါ်အစီအစဉ်၏ နည်းစနစ်ဆိုင်ရာခေါင်းဆောင် မာရီယာဗန်ခတ်ခ်ခိုဗီက ပြော သည်။
ရောဂါလက္ခဏာမပြင်းထန်လျင်ပင် ငယ်ရွယ်သူများက ဗိုင်းရပ်ကို ပြင်းထန်သောရောဂါ သို့မဟုတ် သေ ဆုံးစေနိုင်သည့် ခုခံအားနည်းသော သက်ကြီးရွယ်အိုများသို့ ကူးစက်စေနိုင်သည်ဟု ၎င်းက ပြောသည်။
လက်သန့်ရှင်းရေးနှင့် လူမှုရေးဆိုင်ရာ စည်းကမ်းများလိုက်နာခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်မှုများ တားဆီးကာကွယ်ရေးတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ကြရန် ၎င်းက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။
Ref ; EPN

0 comments:

Post a Comment