Monday, March 30, 2020

နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ နေပြည်တော်ရှိ COVID-19 Volunteer Team သို့ စောင့်ကြည့်လူနာများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

Image may contain: 1 person, sitting

COVID-19 Volunteer Team(NCVT) သို့ အလှူငွေများနှင့် နေပြည်တော်၊ ပုဗ္ဗသီရိ ကုတင် ၅၀ ဆေးရုံရှိ COVID-19 စောင့်ကြည့်လူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပေးအပ်လှူဒါန်းခဲ့သည်။

နေပြည်တော် COVID-19 Volunteer Team(NCVT) သို့ အလှူငွေ ငါးသိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများ၊ နေပြည်တော် ပုဗ္ဗသီရိ ကုတင် ၅၀ ဆေးရုံသို့ ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး လိုအပ်သော ကူညီမှုများကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်မော် ပြောကြားခဲ့သည်။
နေပြည်တော်တိုင်းစစ်ဌာချုပ်အနေဖြင့် လိုအပ်သည့်အချိန်တွင် မည်သည့်အရာဖြစ်စေ အကူအညီတောင်းခံလာပါက ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
"နေပြည်တော်နယ်မြေတစ်ခုလုံးတွင် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့များရှိ စောင့်ကြည့်လူနာများနှင့် ဝန်ထမ်းများတွက် နေ့စဉ် သောက်ရေနှင့် အစားအသောက်များ၊ ကုတင်လိုအပ်ချက်များ၊ အခြားသော လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးထားကြောင်း၊ ဥတ္တရသီရီဆေးရုံတွင်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားကြောင်း၊နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်ထားရှိသော စောင့်ကြည့်လူနာများ၊ ဒက္ခိဏသီရိမြို့နယ်ရှိ စောင့်ကြည့်လူနာများကိုလည်း လှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း" နေပြည်တော် COVID-19 Volunteer Team(NCVT) ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။
Image may contain: 1 person
Source - Eleven
#Myanmar_Online_News
>>zawgyi<<
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ နေပြည်တော်ရှိ COVID-19 Volunteer Team သို့ စောင့်ကြည့်လူနာများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Monday, March 30, 2020

နေပြည်တော် COVID-19 Volunteer Team(NCVT) သို့ အလှူငွေများနှင့် နေပြည်တော်၊ ပုဗ္ဗသီရိ ကုတင် ၅၀ ဆေးရုံရှိ COVID-19 စောင့်ကြည့်လူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပေးအပ်လှူဒါန်းခဲ့သည်။
နေပြည်တော် COVID-19 Volunteer Team(NCVT) သို့ အလှူငွေ ငါးသိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများ၊ နေပြည်တော် ပုဗ္ဗသီရိ ကုတင် ၅၀ ဆေးရုံသို့ ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး လိုအပ်သော ကူညီမှုများကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်မော် ပြောကြားခဲ့သည်။
နေပြည်တော်တိုင်းစစ်ဌာချုပ်အနေဖြင့် လိုအပ်သည့်အချိန်တွင် မည်သည့်အရာဖြစ်စေ အကူအညီတောင်းခံလာပါက ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
"နေပြည်တော်နယ်မြေတစ်ခုလုံးတွင် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့များရှိ စောင့်ကြည့်လူနာများနှင့် ဝန်ထမ်းများတွက် နေ့စဉ် သောက်ရေနှင့် အစားအသောက်များ၊ ကုတင်လိုအပ်ချက်များ၊ အခြားသော လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးထားကြောင်း၊ ဥတ္တရသီရီဆေးရုံတွင်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားကြောင်း၊နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်ထားရှိသော စောင့်ကြည့်လူနာများ၊ ဒက္ခိဏသီရိမြို့နယ်ရှိ စောင့်ကြည့်လူနာများကိုလည်း လှူဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း" နေပြည်တော် COVID-19 Volunteer Team(NCVT) ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။
Source - Eleven

0 comments:

Post a Comment