Sunday, March 29, 2020

မြိတ်တွင် Covid-19 ကာကွယ်ရေး အထောက်အကူပြု ယာဉ်တစ်စီးတီထွင်ထား

Image may contain: one or more people
မြိတ်မြို့မှာ Covid-19 အထောက် အကူပြုယာဉ် တစ်စီးကို စတင် စမ်းသပ် တီထွင်ထားကြောင်း သိရပါတယ်။ စောင့်ကြည့်/ သံသယ လူနာတွေကို ကျန်းမာရေးစစ်ဆေးခံမည့် လူနာများ အတွက် အထူးပြုလုပ်ထားတာဖြစ်ပြီး ဘေးကင်းလုံခြုံမှု ရှိစေရန် အတတ် နိုင်ဆုံး လုပ်ဆောင် ထားကြောင်းသိရပါတယ်။

''Covid-19 သံသယ လူနာ တင်သွားတဲ့ လူနာတင် ယာဉ်ကို ကြည့်ပြီး စိတ်ကူး မိသွားတယ်၊ တစ်ကယ်လို့ ယာဉ်မောင်းနှင့် လူနာ အတွက် လုံခြုံမှု မရှိရင် ဘယ်လို လုပ်မလဲ ဆိုပြီး တွေးမိတယ်၊ ဒါကြောင့် ဒီကားမျိုးကို တီထွင်ခဲ့တယ်၊ ကျွန်တော် တတ်နိုင် သလောက် ဉာဏ်မှီ သမျှ လုပ်ထားတယ်၊ အဲကွန်းစနစ်၊ မီးစနစ်တွေနှင့် လေပူလေအေး စနစ်တွေကို အပြင်ကထိန်းချုပ်နိုင်အောင် လုပ်ထားတယ်၊ အကူညီလိုရင် ဘယ်အချိန် မဆို ဖုန်းဆက် လိုက်ပါ ကူညီ ပေးပါ့မယ် နောက်ပြီး တခြား မြို့တွေကလည်း လိုအပ် လာရင် လက်ခမယူပဲ ကူညီ တပ်ဆင် ပေးမှာပါ''လို့ Covid-19 ကာကွယ်ရေး အထောက် အကူပြု ယာဉ် တီထွင်ခဲ့တဲ့ ကိုကိုင်ဇာကပြောပါတယ်။
ကားတွင် တပ်ဆင်ထားတဲ့ အဲကွန်းစနစ်မှာ လေ အတွင်းလည်ပတ်စနစ် ဖြစ်တာကြောင့် ကားအတွင်းမှ လေများအပြင်သို့ထွက်မှာ စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။
''တခြား မြို့တွေက အကူညီ တောင်းခံလာရင်လည်း လုပ်ပေးမှာပါ။ ပစ္စည်းဝယ်ပေးရမယ် ကျွန်တော် လက်ခ မယူပါဘူး ကား အမျိုးအစားကို ပြောလိုက်ရင် ကွက်တိ တပ်ဆင် နိုင်အောင် လုပ်ပေးမှာပါ။ ကားလည်း မဆုံးပါဘူး မလိုအပ်တဲ့ အခါမှာအလွယ်တကူ ဖြုတ်သိမ်း လို့ရအောင် လုပ်ထားပါတယ်။တပ်ဆင် စရိတ်က ကျွန်တော်ကားမှာ လုပ်ထားတာ အရ ဆိုင်ရင် သိန်း ၃၀ လောက် ရှိပါတယ်''လို့ကိုကိုင်ဇာက ထပ်မံပြောကြားခဲ့ပါတယ်။
Covid-19 ကာကွယ်ရေး အတွက် လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ အနေဖြင့်လည်း အကာအညီ တောင်းခံပါက အချိန်မရွေးကူညီမှာဖြစ်ကြောင်းသိရပါတယ်။
Image may contain: 1 person, standing
Image may contain: one or more people
သတင်း - မြတ်ထွဋ်(မြိတ်)
<zawgyi>
မြိတ်တွင် Covid-19 ကာကွယ်ရေး အထောက်အကူပြု ယာဉ်တစ်စီးတီထွင်ထား
Sunday, March 29, 2020

မြိတ်မြို့မှာ Covid-19 အထောက် အကူပြုယာဉ် တစ်စီးကို စတင် စမ်းသပ် တီထွင်ထားကြောင်း သိရပါတယ်။
စောင့်ကြည့်/ သံသယ လူနာတွေကို ကျန်းမာရေးစစ်ဆေးခံမည့် လူနာများ အတွက် အထူးပြုလုပ်ထားတာဖြစ်ပြီး ဘေးကင်းလုံခြုံမှု ရှိစေရန် အတတ် နိုင်ဆုံး လုပ်ဆောင် ထားကြောင်းသိရပါတယ်။
''Covid-19 သံသယ လူနာ တင်သွားတဲ့ လူနာတင် ယာဉ်ကို ကြည့်ပြီး စိတ်ကူး မိသွားတယ်၊ တစ်ကယ်လို့ ယာဉ်မောင်းနှင့် လူနာ အတွက် လုံခြုံမှု မရှိရင် ဘယ်လို လုပ်မလဲ ဆိုပြီး တွေးမိတယ်၊ ဒါကြောင့် ဒီကားမျိုးကို တီထွင်ခဲ့တယ်၊ ကျွန်တော် တတ်နိုင် သလောက် ဉာဏ်မှီ သမျှ လုပ်ထားတယ်၊ အဲကွန်းစနစ်၊ မီးစနစ်တွေနှင့် လေပူလေအေး စနစ်တွေကို အပြင်ကထိန်းချုပ်နိုင်အောင် လုပ်ထားတယ်၊ အကူညီလိုရင် ဘယ်အချိန် မဆို ဖုန်းဆက် လိုက်ပါ ကူညီ ပေးပါ့မယ် နောက်ပြီး တခြား မြို့တွေကလည်း လိုအပ် လာရင် လက်ခမယူပဲ ကူညီ တပ်ဆင် ပေးမှာပါ''လို့ Covid-19 ကာကွယ်ရေး အထောက် အကူပြု ယာဉ် တီထွင်ခဲ့တဲ့ ကိုကိုင်ဇာကပြောပါတယ်။
ကားတွင် တပ်ဆင်ထားတဲ့ အဲကွန်းစနစ်မှာ လေ အတွင်းလည်ပတ်စနစ် ဖြစ်တာကြောင့် ကားအတွင်းမှ လေများအပြင်သို့ထွက်မှာ စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။
''တခြား မြို့တွေက အကူညီ တောင်းခံလာရင်လည်း လုပ်ပေးမှာပါ။ ပစ္စည်းဝယ်ပေးရမယ် ကျွန်တော် လက်ခ မယူပါဘူး ကား အမျိုးအစားကို ပြောလိုက်ရင် ကွက်တိ တပ်ဆင် နိုင်အောင် လုပ်ပေးမှာပါ။ ကားလည်း မဆုံးပါဘူး မလိုအပ်တဲ့ အခါမှာအလွယ်တကူ ဖြုတ်သိမ်း လို့ရအောင် လုပ်ထားပါတယ်။တပ်ဆင် စရိတ်က ကျွန်တော်ကားမှာ လုပ်ထားတာ အရ ဆိုင်ရင် သိန်း ၃၀ လောက် ရှိပါတယ်''လို့ကိုကိုင်ဇာက ထပ်မံပြောကြားခဲ့ပါတယ်။
Covid-19 ကာကွယ်ရေး အတွက် လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ အနေဖြင့်လည်း အကာအညီ တောင်းခံပါက အချိန်မရွေးကူညီမှာဖြစ်ကြောင်းသိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)

0 comments:

Post a Comment