Sunday, March 29, 2020

Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown လုပ်ရန် အစီအစဉ်မရှိသေးဟု တာဝန်ရှိသူပြော


Image may contain: sky, cloud and outdoor
လက်ရှိအခြေအနေတွင် Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown (အ ဝင်အထက်ပိတ်ခြင်း) ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောကြားသည်။
ယမန်နေ့ မတ်လ ၂၉ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ COVID-19 ရောဂါနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ရာ ၎င်းကအထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ COVID နဲ့ ပတ်သက်လို့ ကောလာဟလတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ Lockdown လုပ်ဖို့၊ ရန်ကုန်ကို Lockdown လုပ်တာဟုတ်သလား စသဖြင့် ဒီလိုမျိုးတွေမေးနေကြ တယ်။ လက်ရှိအခြေအနေမှာ Lockdown လုပ်ဖို့မရှိသေးပါဘူး’’ ဟု ဦးမိုးဟိန်းကပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများ တွင် အလုပ်သမားဦးရေခြောက် သိန်းခွဲခန့်ရှိပြီး အထည်ချုပ်အ လုပ်သမားဦးရေ ငါးသိန်းကျော် ပါဝင်နေသဖြင့် ယင်းလုပ်ငန်းများ ကို ပိတ်ရန်အစီအစဉ်မရှိသေးဟု ၎င်းကဆိုသည်။

စားသောက်ဆိုင်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ထံ မေတ္တာရပ်ခံလာသော်လည်း ပိတ်သိမ်းရန် ညွှန်ကြားထားမှုမရှိ ဘဲ ပါဆယ်အထုပ်များဖြင့်သာ ရောင်းချရန် စည်ပင်သာယာက ဒေသအလိုက် ညွှန်ကြားထား ကြောင်း ၎င်းကဆက်လက်ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဆောင်ပြုလုပ်သော အထက်ပါ သတင်းစာရှင်းလင်းပွဲသို့ ပုဂ္ဂလိ ကမီဒီယာအများစုကို ဖိတ်ကြား ခြင်းမရှိဘဲ မီဒီယာနှစ်ခုသာ သီး ခြားဖိတ်ကြားခဲ့သည်။
Source - 7Day
<zawgyi>
Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown လုပ်ရန် အစီအစဉ်မရှိသေးဟု တာဝန်ရှိသူပြော
Monday, March 30, 2020

လက်ရှိအခြေအနေတွင် Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown (အ ဝင်အထက်ပိတ်ခြင်း) ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၉ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ COVID-19 ရောဂါနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်း ပွဲပြုလုပ်ရာ ၎င်းကအထက်ပါအ တိုင်း ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ COVID နဲ့ ပတ်သက်လို့ ကောလာဟလတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ Lockdown လုပ်ဖို့၊ ရန်ကုန်ကို Lockdown လုပ်တာဟုတ်သလား စသဖြင့် ဒီလိုမျိုးတွေမေးနေကြ တယ်။ လက်ရှိအခြေအနေမှာ Lockdown လုပ်ဖို့မရှိသေးပါဘူး’’ ဟု ဦးမိုးဟိန်းကပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စက်ရုံအလုပ်ရုံများ တွင် အလုပ်သမားဦးရေခြောက် သိန်းခွဲခန့်ရှိပြီး အထည်ချုပ်အ လုပ်သမားဦးရေ ငါးသိန်းကျော် ပါဝင်နေသဖြင့် ယင်းလုပ်ငန်းများ ကို ပိတ်ရန်အစီအစဉ်မရှိသေးဟု ၎င်းကဆိုသည်။

စားသောက်ဆိုင်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ထံ မေတ္တာရပ်ခံလာသော်လည်း ပိတ်သိမ်းရန် ညွှန်ကြားထားမှုမရှိ ဘဲ ပါဆယ်အထုပ်များဖြင့်သာ ရောင်းချရန် စည်ပင်သာယာက ဒေသအလိုက် ညွှန်ကြားထား ကြောင်း ၎င်းကဆက်လက်ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဆောင်ပြုလုပ်သော အထက်ပါ သတင်းစာရှင်းလင်းပွဲသို့ ပုဂ္ဂလိ ကမီဒီယာအများစုကို ဖိတ်ကြား ခြင်းမရှိဘဲ မီဒီယာနှစ်ခုသာ သီး ခြားဖိတ်ကြားခဲ့သည်။
Source - 7Day

0 comments:

Post a Comment