Friday, March 27, 2020

သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်

Image may contain: 1 person

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။

မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့် ခွင့်ပြုချက်များ/ ခွင့်ပြုမိန့်များနှင့် အညီတစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော တိုင်းနှင့်ပြည်နယ်၊ မြို့အသီးသီးမှ သီတဂူအာယုဒါန၊ သီတဂူအာရောဂျဒါန၊ သီတဂူစက္ခုဒါနဆေးရုံတော် ပဓာန နာယကဆရာတော်နှင့် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
-
Posted by သီတဂူသတင်း
<zawgyi>

0 comments:

Post a Comment