ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေနဲ့ အသွားအလာကန့်သတ်ထိန်း ချုပ် Quarantine လုပ်တာကို လက်မခံရင်အရေးယူမယ့် အကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အသီးသီးက ရပ်ကွက်တွေမှာ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော် သတိပေးနေပါတယ်။
မနေ့ကကျင်းပတဲ့ အစည်းအဝေးမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက မြို့နယ်ပြည်သူ့ကျန်းမာရေးန ဲ့ ကုသရေးဦးစီးဌာနမှူးတွေအနေန ဲ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ လူမှုရေးအဖွဲ့အ စည်းတွေ၊ ရပ်ရွာလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူကာ အသွားအလာကန့်သတ်ခြင်း (quarantine) ခံယူသူတွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ကြီးကြပ်ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့အစိုးရိမ်လ ွန်ကာ ရောဂါဖြစ်ပွားရာနိုင်ငံတွေက ပြန်လာသူတွေကို ခွဲခြားဆက်ဆံတာမပြုလုပ်ဖို့ အရေးကြီးကြောင်း၊ ခွဲခြားဆက်ဆံရင် ပုန်းကွယ်ရှောင်ပုန်းမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် နောက်ဆက်တွဲအန္တရာယ်နဲ့ ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လာသူတွေအနေနဲ့ သတ်မှတ်နေရာတွေမှာ ၁၄ရက် အသွားအလာကန့်သတ် (quarantine) နေထိုင်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် မလိုက်နာသူတွေလည်း ရှိနေတာဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတဲ့ အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ဒီအထဲက ၂ ဦးက အင်္ဂလန်ကပြန်လာတာဖြစ်ပြီး ၁ ဦးက အမေရိကန်က ပြန်လာသူဖြစ်ပါတယ်။
မတ် ၂၅ရက် ည ၆ နာရီထိ COVID-19 စောင့်ကြည့်လူနာ ၃၈ ဦးထပ်တိုးတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါကြောင့် သံသယနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၇၅ဦးရှိပြီဖြစ်ပါတယ်။
အဲဒီထဲမှာ ဓာတ်ခွဲစမ်းသပ်မှုအရ အတည်ပြုလူနာသုံးဦးရှိပြီး ၂၁၂ ဦးမှာတော့ ရောဂါမတွေ့ရှိရဘူးလို့ဆိုပါ တယ်။ မနေ့ညက ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ ၄၀ ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး မရှိကြောင်းဖော်ပြထားပါတယ်။
Ref ; DVB
<zawgyi>
အသွားအလာကန့်သတ်ခြင်း Quarantine ကို လက်မခံပါက အရေးယူမည်ဟု ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်
Thursday, March 26, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေနဲ့ အသွားအလာကန့်သတ်ထိန်း ချုပ် Quarantine လုပ်တာကို လက်မခံရင်အရေးယူမယ့် အကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အသီးသီးက ရပ်ကွက်တွေမှာ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော် သတိပေးနေပါတယ်။
မနေ့ကကျင်းပတဲ့ အစည်းအဝေးမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက မြို့နယ်ပြည်သူ့ကျန်းမာရေးန ဲ့ ကုသရေးဦးစီးဌာနမှူးတွေအနေနဲ ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ လူမှုရေးအဖွဲ့အ စည်းတွေ၊ ရပ်ရွာလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူကာ အသွားအလာကန့်သတ်ခြင်း (quarantine) ခံယူသူတွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ကြီးကြပ်ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ ္။
ဒါ့အပြင် ပြည်သူတွေအနေနဲ့အစိုးရိမ်လ ွန်ကာ ရောဂါဖြစ်ပွားရာနိုင်ငံတွေက ပြန်လာသူတွေကို ခွဲခြားဆက်ဆံတာမပြုလုပ်ဖို့ အရေးကြီးကြောင်း၊ ခွဲခြားဆက်ဆံရင် ပုန်းကွယ်ရှောင်ပုန်းမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် နောက်ဆက်တွဲအန္တရာယ်နဲ့ ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လာသူတွေအနေနဲ့ သတ်မှတ်နေရာတွေမှာ ၁၄ရက် အသွားအလာကန့်သတ် (quarantine) နေထိုင်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် မလိုက်နာသူတွေလည်း ရှိနေတာဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတဲ့ အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ဒီအထဲက ၂ ဦးက အင်္ဂလန်ကပြန်လာတာဖြစ်ပြီး ၁ ဦးက အမေရိကန်က ပြန်လာသူဖြစ်ပါတယ်။
မတ် ၂၅ရက် ည ၆ နာရီထိ COVID-19 စောင့်ကြည့်လူနာ ၃၈ ဦးထပ်တိုးတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါကြောင့် သံသယနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၇၅ဦးရှိပြီဖြစ်ပါတယ်။
အဲဒီထဲမှာ ဓာတ်ခွဲစမ်းသပ်မှုအရ အတည်ပြုလူနာသုံးဦးရှိပြီး ၂၁၂ ဦးမှာတော့ ရောဂါမတွေ့ရှိရဘူးလို့ဆိုပါ တယ်။ မနေ့ညက ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ ၄၀ ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး မရှိကြောင်းဖော်ပြထားပါတယ်။
Ref ; DVB
0 comments:
Post a Comment