Friday, March 27, 2020

မလေးရှားနန်းတော်ဝန်ထမ်းများတွင် COVID-19 စစ်ဆေးတွေ့ရှိထား သဖြင့်ဘုရင်နှင့်မိဖုရား အသွားအလာကန့်သတ်နေထိုင်ကြ

Image may contain: 2 people

မလေးရှားနန်းတော်ထဲမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းခုနှစ်ဦးမှာ COVID-19 စစ်ဆေးတွေ့ရှိထား တာကြောင့်မလေးရှားဘုရင်နဲ့မိဖုရားတို့ အသွားအလာ ကန့်သတ်နေထိုင်နေကြရပြီလို့ မလေးရှား နန်းတော်က ထုတ်ဖော်ပြောကြာ ခဲ့ပါတယ်။

နန်းတော်ဝန်ထမ်းခုနှစ်ဦးလုံး ဆေးရုံမှာကုသစောင့်ရှောက်မှုခံနေကြရပြီး ကူးစက်ရတဲ့အရင်းအမြစ် တွေကို အတည်ပြုနိုင်ဖို့ ကျန်းမာရေးအာဏာပိုင် တွေ ကြိုးပမ်းဆောင်ရွက်နေကြပြီလို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။
မလေးရှားဘုရင်ဆူလ်တ်အဘဒူလာအာမက်ရှာနဲ့ မိဖုရားတွန်ကူအဇီဇာအမီနာမိုင်မူနာအစ္စကန်ဒါရီရာ တို့ကို ဗိုင်းရပ်စ်စစ်ဆေးထားခဲ့ကြပြီး နှစ်ဦးစလုံးမှာ ကူးစက်ခံထားရခြင်းမရှိဘူးလို့ နန်းတော်ကဆိုပါ တယ်။
ဘုရင်နဲ့မိဖုရားတို့က ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး နန်းတော်တွင်းကနေရာတွေကိုလည်း အသေအချာသန့်ရှင်းဆေးကြောသွားမယ်လို့ နန်းတော်က ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၇၉၆ ဦးထိရှိလာခဲ့ပြီး အရှေ့တောင်အာရှမှာ ကူးစက် မှုနှုန်းအမြင့်မားဆုံးဖြစ်လာခဲ့ရကာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၁ဦးထိ ရှိလာခဲ့ပြီလို့ သိရပါ တယ်။
မလေးရှားနိုင်ငံအနေနဲ့ အဝင်အထွက်ပိတ် Lockdown ချထားတာတွေကို ဧပြီလ ၁၄ ရက်ထိ နောက်ထပ်နှစ်ပတ် ရက်တိုးသတ်မှတ်ထားခဲ့ပြီလို့ သိရပါတယ်။
Image may contain: 1 person, standing
Image may contain: sky and outdoor
Ref ; Pyi Myanmar
<zawgyi>
မလေးရှားနန်းတော်ဝန်ထမ်းများတွင် COVID-19 စစ်ဆေးတွေ့ရှိထား သဖြင့်ဘုရင်နှင့်မိဖုရား အသွားအလာကန့်သတ်နေထိုင်ကြ
Saturday, March 28, 2020

မလေးရှားနန်းတော်ထဲမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းခုနှစ်ဦးမှာ COVID-19 စစ်ဆေးတွေ့ရှိထား တာကြောင့်မလေးရှားဘုရင်နဲ့မိဖုရားတို့ အသွားအလာ ကန့်သတ်နေထိုင်နေကြရပြီလို့ မလေးရှား နန်းတော်က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
နန်းတော်ဝန်ထမ်းခုနှစ်ဦးလုံး ဆေးရုံမှာကုသစောင့်ရှောက်မှုခံနေကြရပြီး ကူးစက်ရတဲ့အရင်းအမြစ် တွေကို အတည်ပြုနိုင်ဖို့ ကျန်းမာရေးအာဏာပိုင် တွေ ကြိုးပမ်းဆောင်ရွက်နေကြပြီလို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။
မလေးရှားဘုရင်ဆူလ်တ်အဘဒူလာအာမက်ရှာနဲ့ မိဖုရားတွန်ကူအဇီဇာအမီနာမိုင်မူနာအစ္စကန်ဒါရီရာ တို့ကို ဗိုင်းရပ်စ်စစ်ဆေးထားခဲ့ကြပြီး နှစ်ဦးစလုံးမှာ ကူးစက်ခံထားရခြင်းမရှိဘူးလို့ နန်းတော်ကဆိုပါ တယ်။
ဘုရင်နဲ့မိဖုရားတို့က ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး နန်းတော်တွင်းကနေရာတွေကိုလည်း အသေအချာသန့်ရှင်းဆေးကြောသွားမယ်လို့ နန်းတော်က ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၇၉၆ ဦးထိရှိလာခဲ့ပြီး အရှေ့တောင်အာရှမှာ ကူးစက် မှုနှုန်းအမြင့်မားဆုံးဖြစ်လာခဲ့ရကာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၁ဦးထိ ရှိလာခဲ့ပြီလို့ သိရပါ တယ်။
မလေးရှားနိုင်ငံအနေနဲ့ အဝင်အထွက်ပိတ် Lockdown ချထားတာတွေကို ဧပြီလ ၁၄ ရက်ထိ နောက်ထပ်နှစ်ပတ် ရက်တိုးသတ်မှတ်ထားခဲ့ပြီလို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment