Saturday, March 28, 2020

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း မယိုင်လဲစေရန်အတွက် တာဝန်များ ထမ်းဆောင်နေ

Image may contain: 1 person

တပ်မတော်ကို အမြဲစစ်ရေးသတိရှိ၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမည်ဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း မယိုင်လဲစေရန်အတွက် တာဝန်များ ထမ်းဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (မတ်လ ၂၇)ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း မယိုင်လဲစေရန်အတွက် တာဝန်များ ထမ်းဆောင်နေ
“အနာဂတ်တွင်လည်း ဒေသတွင်း၊ ကမ္ဘာ့နိုင်ငံတပ်မတော်များနဲ့ရင်ပေါင်တန်းနိုင်တဲ့အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေဖို့အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိပါတယ်။ နိုင်ငံတော်အတွက် တပ်မတော်ပြိုကွဲ၍မရပါ။ နိုင်ငံတော်ကို ဖြိုခွဲ ချင်သူများက အတိတ်၊ ပစ္စုပ္ပန်ကာလတို့မှာ တပ်မတော်ပြိုကွဲစေဖို့ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ်တွင်လည်း ကြိုးစားနေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိရှိ၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း မယိုင်လဲစေရန်အတွက် တာဝန်များ ထမ်းဆောင်နေကြောင်း၊ ဒေသတွင်း အင်အားတောင့်တင်းသော မျိုးချစ်တပ်မတော်ဖြစ်လာစေရေးလည်း တည်ဆောက်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ယနေ့(မတ်လ ၂၇ )တွင် ကျရောက်သော ၇၅ နှစ်မြောက်စိန်ရတု တပ်မတော်နေ့အခမ်းအနားကို Covid 19 ကူးစက်ရောဂါကြောင့် မကျင်းပတော့ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
Image may contain: 7 people
Ref ; Akonthi
<zawgyi>

0 comments:

Post a Comment