Saturday, March 28, 2020

Wave Money ဖြင့် ၁၀၀၀၀ တန် ငွေစက္ကူ အတုများဖြင့် ငွေကျပ် ၁၇ သိန်း ငွေလွှဲသူများအား ဖမ်းဆီး

Image may contain: one or more people and text

Wave Money ဆိုင်များတွင် ၁၀၀၀၀ တန် ငွေစက္ကူအတုများဖြင့် ငွေကျပ် ၁၇ သိန်းဖိုး ငွေလွှဲဆောင်ရွက်ခဲ့သူအား ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

ဖျာပုံမြို့နယ်၊ ဂျိုဝါကြံခင်းကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် Wave Money လာရောက်ငွေလွှဲနေကြောင်း သတင်း ရရှိသဖြင့် ကျုံကျိုက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေး ရာ အောင်အောင်(၃၄)နှစ်နှင့် ဘိုဘိုအောင်(၃၁)နှစ် တို့ပါ အမျိုးသား ၆ ဦးအား ဆိုင်ကယ် ၃ စီး ဖြင့် တွေ့ရှိပြီး စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃၀ ရွက်နှင့် ငွေ ၃၆၆၁၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ဖျာပုံမြို့နယ် ဒေါ်ညိမ်း/ဘုန်းကြီးသောင်/ကုလားထိပ်/နောက်မီးကျေးရွာ တို့ရှိ Wave Money ဆိုင်များတွင် ၁၀၀၀၀ တန် ငွေစက္ကူအတုများဖြင့် ငွေကျပ် ၁၇ သိန်းဖိုးအား ငွေလွှဲဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ ကျန်ငွေစက္ကူအတုများသိမ်းဆည်းရမိရန် ဆောင်ရွက်လျက်ရှိပြီး အောင်အောင် ပါ ၆ ဦး (ဖမ်းမိ) အား ဖျာပုံမြို့မရဲစခန်း(ပ)၁၇၁/၂၀၂၀၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
No photo description available.
သတင်း-မောင်စိုင်း၊ ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန
<zawgyi>

0 comments:

Post a Comment