Monday, March 30, 2020

မောင်တောမြို့နယ်၌ ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ


No photo description available.
မောင်တောမြို့နယ်၌ မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၈ နာရီ ၅၅ မိနစ်တွင် မောင်တော မြို့နယ် မင်္ဂလာညွန့်ကျေးရွာနေ ဦးစံအောင်ဖြူ (အသက် ၅၀) အပါအဝင် ဒိုင်းနက်အမျိုးသား ၁၂ ဦးသည် ငှက်ထောင်ချောက်များ သိမ်းရန်အတွက် ၎င်းတို့၏ ဆိုင်ကယ်လေးစီးအား ခမောင်းဆိပ်ကျေးရွာနှင့် အောင်ဇူ ကျေးရွာကြား ရပ်တန့်ထားခဲ့ကာ တောအတွင်းသို့ ခြေကျင်ဝင်ရောက်စဉ် ဘော်တလာကျေးရွာသွား လမ်းဆုံအနီး လှိုင်သီချောင်းတံတားနှင့် ပေ ၂၀ ခန့်အကွာ အရောက်၌ ARSA အဖွဲ့က ဆွဲမိုင်း တစ်လုံ ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဦးစံအောင်ဖြူ နှင့် အဖွဲ့ ထွက်ပြေးစဉ် ၎င်းတို့၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း၊ နံနက် ၉ နာရီ ကျော်တွင် ဦးစံအောင်ဖြူပါ ၁၀ ဦးသည် ခမောင်းဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဦးစံအောင်ဖြူ အပါအဝင် သုံးဦးတွင် ပေါက်ပြဲဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိကာ အောင်သပြေကျေးရွာနေ ဦးကျော်သိန်းမောင် (၃၅)နှစ်နှင့် ခမောင်းဆိပ်ကျေးရွာနေဦးမောင်မဲ (အသက် ၂၀)တို့ နှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရှိရသည်။

နံနက် ၉ နာရီခွဲတွင် ခမောင်းဆိပ်ဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခမောင်းဆိပ်မှထွက်ခွာ၍ အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး နယ်မြေရှင်းလင်းခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မြေသားလမ်းတွင် အကျယ် ၁ဝ ပေ၊ အနက် ၈ ပေခန့် မြေကျင်းတစ်ခု ဖြစ်ပေါ်ပြီး အရှည်ပေ ၅၀ ခန့် နီ/နက် ဝိုင်ယာကြိုး တစ်ချောင်း၊ AK 47 ကျည်အ တစ်တောင့်၊ ၎င်းကျည်ခွံ သုံးခု၊ ပျောက်ဆုံးနေသူ ဦးကျော်သိန်းမောင်နှင့် အနီးရှိ လှိုင်သီချောင်းဘေးတွင် ဦးမောင်မဲတို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဦးစံအောင်ဖြူအပါအဝင် ဒဏ်ရာရရှိသူ သုံးဦးသည် ခမောင်းဆိပ်မှတစ်ဆင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
သတင်းစဉ်
<zawgyi>
မောင်တောမြို့နယ်၌ ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
Tuesday, March 31, 2020

မောင်တောမြို့နယ်၌ မတ်လ(၃၀) ရက်နေ့ နံနက်ပိုင်းတွင် ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၈ နာရီ ၅၅ မိနစ်တွင် မောင်တော မြို့နယ် မင်္ဂလာညွန့်ကျေးရွာနေ ဦးစံအောင်ဖြူ (အသက် ၅၀) အပါအဝင် ဒိုင်းနက်အမျိုးသား ၁၂ ဦးသည် ငှက်ထောင်ချောက်များ သိမ်းရန်အတွက် ၎င်းတို့၏ ဆိုင်ကယ်လေးစီးအား ခမောင်းဆိပ်ကျေးရွာနှင့် အောင်ဇူ ကျေးရွာကြား ရပ်တန့်ထားခဲ့ကာ တောအတွင်းသို့ ခြေကျင်ဝင်ရောက်စဉ် ဘော်တလာကျေးရွာသွား လမ်းဆုံအနီး လှိုင်သီချောင်းတံတားနှင့် ပေ ၂၀ ခန့်အကွာ အရောက်၌ ARSA အဖွဲ့က ဆွဲမိုင်း တစ်လုံ ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဦးစံအောင်ဖြူ နှင့် အဖွဲ့ ထွက်ပြေးစဉ် ၎င်းတို့၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရကြောင်း၊ နံနက် ၉ နာရီ ကျော်တွင် ဦးစံအောင်ဖြူပါ ၁၀ ဦးသည် ခမောင်းဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ဦးစံအောင်ဖြူ အပါအဝင် သုံးဦးတွင် ပေါက်ပြဲဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိကာ အောင်သပြေကျေးရွာနေ ဦးကျော်သိန်းမောင် (၃၅)နှစ်နှင့် ခမောင်းဆိပ်ကျေးရွာနေဦးမောင်မဲ (အသက် ၂၀)တို့ နှစ်ဦး ပျောက်ဆုံးနေခဲ့ကြောင်း သိရှိရသည်။

နံနက် ၉ နာရီခွဲတွင် ခမောင်းဆိပ်ဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခမောင်းဆိပ်မှထွက်ခွာ၍ အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး နယ်မြေရှင်းလင်းခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မြေသားလမ်းတွင် အကျယ် ၁ဝ ပေ၊ အနက် ၈ ပေခန့် မြေကျင်းတစ်ခု ဖြစ်ပေါ်ပြီး အရှည်ပေ ၅၀ ခန့် နီ/နက် ဝိုင်ယာကြိုး တစ်ချောင်း၊ AK 47 ကျည်အ တစ်တောင့်၊ ၎င်းကျည်ခွံ သုံးခု၊ ပျောက်ဆုံးနေသူ ဦးကျော်သိန်းမောင်နှင့် အနီးရှိ လှိုင်သီချောင်းဘေးတွင် ဦးမောင်မဲတို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဦးစံအောင်ဖြူအပါအဝင် ဒဏ်ရာရရှိသူ သုံးဦးသည် ခမောင်းဆိပ်မှတစ်ဆင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment