Friday, March 27, 2020

မြန်မာနိုင်ငံအနေဖြင့် ယခုအခါကမ္ဘာပေါ်တွင် Covid-19ကူးစက်သူအများဆုံးဖြစ်နေသည့် အမေရိကန်နိုင်ငံဖြစ်စဉ်ကိုကြည့်ပြီး သင်ခန်းစာယူစေချင်

Image may contain: 1 person, night and outdoor

အိမ်နီးချင်းအာဆီယံနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာရောဂါကူးစက်မှုဒဏ်ကို အလူးအလိမ့်ခံနေရချိန်တွင်မြန်မာနိုင်ငံတွင် ကူးစက်သူလုံးဝမရှိကြောင်း မတ်လ ၁၆ရက်၌(လွန်ခဲ့သည့်၁၁ရက်ခန့်)နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင်က ယုံကြည်မှုအပြည့်ဖြင့် ကမ္ဘာသိထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တဖန်အစိုးရပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံသားများရဲ့ လူ‌ေနမှုဓလေ့/အစားအစာ/အကြွေးဝယ်ကဒ်(Credit Card)သုံးစွဲမှုမရှိခြင်းဟာ ရောဂါမကူးစက်/မဖြစ်ပွါးစေခြင်းရဲ့အဓီကအချက်များဖြစ်တယ်လို့ အတိအလင်းထုတ်ပြောခဲ့ပါတယ်။
မြန်မာပြည်တွင်းနေထိုင်သူအများစုအနေဖြင့် ကူးစက်မှုပြင်းထန်မြန်ဆန်သော ဒီCovid ဗိုင်းရပ်အပေါ် ယခုအချိန်အထိတကယ့်ကို အလေးထားဂရုပြု/ရှောင်ကြဉ်နေပြီလား ဆိုတာကိုတော့ မြန်မာပြည်တွင်း၌လက်ရှိနေထိုင်သူများကပိုမိုတွေ့မြင်သိရှိကြမှာပါ။
အမေရိကန်နိုင်ငံ၌ Covid-19 ပထမဆုံးကူးစက်မှုအားဇန်ဇဝါရီလ၂၁ရက်နေ့ ကစတင်တွေ့ရှိခဲ့ပါတယ်။ ၄ရက်အကြာဇန်ဇဝါရီ၂၅ရက်ထိ အမေရိကန်တဝှန်းကူးစက်သူ ၃ယောက်သာရှိပါသေးတယ်။ အဲဒီတုန်းကအမေရိကန်မှာနေသူတွေဒီနေ့ဒီလိုဖြစ်လာလိမ့်မည်ဟုအိပ်မက်ပင်မမက်ခဲ့ပါ။ စိုးရိမ်မှုလည်းအလျဉ်းမရှိခဲ့ပါ။
အမေရိကန်အတွက်စတင်ကံဆိုးစေခဲ့တာကတော့ ဂျပန်ဆိပ်ကမ်းရှိ Covid ကူးစက်သူများပါဝင်သည့် အပျော်စီးသင်္ဘောကြီး Diamond Princess မှ ဗိုင်းရပ်ကူးစက်သူ၁၄ဦးအပါအဝင် အမေရိကန်နိုင်ငံသား၃၃၈ယောက်ကို ပြည်တွင်းသို့ပြန်လည်ခေါ်ယူခဲ့တာပါ။

မိမိနိုင်ငံသားများကိုပြန်လည်ခေါ်ယူရန် အစိုးရအနေဖြင်ငြင်းပယ်၍လည်းမရပါ။ အဆိုပါခရီးသည်များပြည်ပမှ ပြန်လည်ရောက်ရှိလာပြီးနောက် ၁၀ရအ်အတွင်းအမေရိကန်တဝှန်ုးအတည်ပြုကူးစက်သူ ၇၀ကျော်လာပါတယ်။
မတ်လ၁ရက်နေ့တွင်‌ နယူးယောက်နှင့်ဖလော်ရီဒါ ခံစစ်စည်းပေါက်ပြီးနောက်ပြည်နယ်များ မီးခိုးကြွက်လျှောက်ကဲ့သို့ ဆက်တိုက်ကူးစက်ခဲ့ရာ၁ပါတ်အတွင်း ပြည်နယ်၄၀ကျော်သို့ကူးစက်ခဲ့ပါပြီ။
မတ်လဆန်း၁၀ရက်အတွင်းကူးစက်သူရာဂဏန်းမှ စတင်ထောင်ကျော်ခဲ့ပါတယ်။ ထို့နောက်ပိုင်းနေ့စဉ်ရာဂဏန်းမဟုတ်တော့ဘဲ ထောင်ဂဏန်းဖြင့်ထပ်ပွါးမြင့်တက်လာကာ ၁ပါတ်အတွင်း(၅၀၀၀)ကျော်ခဲ့ပါတယ်။ ဒီကြားထဲနယူးယောက်ပြည်နယ်တွင်း ဆိုးရွားစွာကူးစက်မှုကြောင့် ၂ရက်အတွင်းမှာပင် အမေရိကန်တဝှန်းကူးစက်သူ စတင်သောင်းကျော်ခဲ့ပါတော့တယ်။

ဤမျှဖြင့်အရှိန်မလျောကျသွားသေးဘဲ လွန်ခဲ့သည့် ၅ရက်ကစပြီး နေ့စဉ်ထောင်ဂဏန်းကူးစက်နေရာမှ ထိတ်လန့်ဖွယ်ရာသောင်းဂဏန်းအထိ ခုန်တက်ပြီးဆင့်ပွါးကူးလာခဲ့ရာ ယနေ့တွင်တော့ကူးစက်သူ၈သောင်းကျော်သွားခဲ့ပြီး ကမ္ဘာပေါ်၌ကူးစက်သူအများဆုံးအဖြစ်သို့ ရောက်ခဲ့ရပါတော့တယ်။
သေဆုံးသူမှာလည်း စတင်၁ထောင်ကျော်ခဲ့ပြီး ရောဂါကူးစက်မှုအနေအထားမှာ ယခုအချိန်အထိလျော့ပါးလာသည့် အရိပ်အယောက်မတွေ့ရသေးပါ။
Image may contain: 2 people
Source- Dr Myo Tun (Emergency Department) #Myanmar_Online_News

>>zawgyi<<
မြန်မာနိုင်ငံအနေဖြင့် ယခုအခါကမ္ဘာပေါ်တွင် Covid-19ကူးစက်သူအများဆုံးဖြစ်နေသည့် အမေရိကန်နိုင်ငံဖြစ်စဉ်ကိုကြည့်ပြီး သင်ခန်းစာယူစေချင်
Friday, March 27, 2020

အိမ်နီးချင်းအာဆီယံနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာရောဂါကူးစက်မှုဒဏ်ကို အလူးအလိမ့်ခံနေရချိန်တွင်မြန်မာနိုင်ငံတွင် ကူးစက်သူလုံးဝမရှိကြောင်း မတ်လ၁၆ရက်၌(လွန်ခဲ့သည့်၁၁ရက်ခန့်)နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင်က ယုံကြည်မှုအပြည့်ဖြင့် ကမ္ဘာသိထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တဖန်အစိုးရပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံသားများရဲ့ လူ‌နေမှုဓလေ့/အစားအစာ/အကြွေးဝယ်ကဒ်(Credit Card)သုံးစွဲမှုမရှိခြင်းဟာ ရောဂါမကူးစက်/မဖြစ်ပွါးစေခြင်းရဲ့အဓီကအချက်များဖြစ်တယ်လို့ အတိအလင်းထုတ်ပြောခဲ့ပါတယ်။
မြန်မာပြည်တွင်းနေထိုင်သူအများစုအနေဖြင့် ကူးစက်မှုပြင်းထန်မြန်ဆန်သော ဒီCovid ဗိုင်းရပ်အပေါ် ယခုအချိန်အထိတကယ့်ကို အလေးထားဂရုပြု/ရှောင်ကြဉ်နေပြီလား ဆိုတာကိုတော့ မြန်မာပြည်တွင်း၌လက်ရှိနေထိုင်သူများကပိုမိုတွေ့မြင်သိရှိကြမှာပါ။
အမေရိကန်နိုင်ငံ၌ Covid-19 ပထမဆုံးကူးစက်မှုအားဇန်ဇဝါရီလ၂၁ရက်နေ့ ကစတင်တွေ့ရှိခဲ့ပါတယ်။ ၄ရက်အကြာဇန်ဇဝါရီ၂၅ရက်ထိ အမေရိကန်တဝှန်းကူးစက်သူ ၃ယောက်သာရှိပါသေးတယ်။ အဲဒီတုန်းကအမေရိကန်မှာနေသူတွေဒီနေ့ဒီလိုဖြစ်လာလိမ့်မည်ဟုအိပ်မက်ပင်မမက်ခဲ့ပါ။ စိုးရိမ်မှုလည်းအလျဉ်းမရှိခဲ့ပါ။
အမေရိကန်အတွက်စတင်ကံဆိုးစေခဲ့တာကတော့ ဂျပန်ဆိပ်ကမ်းရှိ Covid ကူးစက်သူများပါဝင်သည့် အပျော်စီးသင်္ဘောကြီး Diamond Princess မှ ဗိုင်းရပ်ကူးစက်သူ၁၄ဦးအပါအဝင် အမေရိကန်နိုင်ငံသား၃၃၈ယောက်ကို ပြည်တွင်းသို့ပြန်လည်ခေါ်ယူခဲ့တာပါ။

မိမိနိုင်ငံသားများကိုပြန်လည်ခေါ်ယူရန် အစိုးရအနေဖြင်ငြင်းပယ်၍လည်းမရပါ။ အဆိုပါခရီးသည်များပြည်ပမှ ပြန်လည်ရောက်ရှိလာပြီးနောက် ၁၀ရအ်အတွင်းအမေရိကန်တဝှန်ုးအတည်ပြုကူးစက်သူ ၇၀ကျော်လာပါတယ်။
မတ်လ၁ရက်နေ့တွင်‌ နယူးယောက်နှင့်ဖလော်ရီဒါ ခံစစ်စည်းပေါက်ပြီးနောက်ပြည်နယ်များ မီးခိုးကြွက်လျှောက်ကဲ့သို့ ဆက်တိုက်ကူးစက်ခဲ့ရာ၁ပါတ်အတွင်း ပြည်နယ်၄၀ကျော်သို့ကူးစက်ခဲ့ပါပြီ။
မတ်လဆန်း၁၀ရက်အတွင်းကူးစက်သူရာဂဏန်းမှ စတင်ထောင်ကျော်ခဲ့ပါတယ်။ ထို့နောက်ပိုင်းနေ့စဉ်ရာဂဏန်းမဟုတ်တော့ဘဲ ထောင်ဂဏန်းဖြင့်ထပ်ပွါးမြင့်တက်လာကာ ၁ပါတ်အတွင်း(၅၀၀၀)ကျော်ခဲ့ပါတယ်။ ဒီကြားထဲနယူးယောက်ပြည်နယ်တွင်း ဆိုးရွားစွာကူးစက်မှုကြောင့် ၂ရက်အတွင်းမှာပင် အမေရိကန်တဝှန်းကူးစက်သူ စတင်သောင်းကျော်ခဲ့ပါတော့တယ်။

ဤမျှဖြင့်အရှိန်မလျောကျသွားသေးဘဲ လွန်ခဲ့သည့် ၅ရက်ကစပြီး နေ့စဉ်ထောင်ဂဏန်းကူးစက်နေရာမှ ထိတ်လန့်ဖွယ်ရာသောင်းဂဏန်းအထိ ခုန်တက်ပြီးဆင့်ပွါးကူးလာခဲ့ရာ ယနေ့တွင်တော့ကူးစက်သူ၈သောင်းကျော်သွားခဲ့ပြီး ကမ္ဘာပေါ်၌ကူးစက်သူအများဆုံးအဖြစ်သို့ ရောက်ခဲ့ရပါတော့တယ်။
သေဆုံးသူမှာလည်း စတင်၁ထောင်ကျော်ခဲ့ပြီး ရောဂါကူးစက်မှုအနေအထားမှာ ယခုအချိန်အထိလျော့ပါးလာသည့် အရိပ်အယောက်မတွေ့ရသေးပါ။
Source- Dr Myo Tun (Emergency Department) #Myanmar_Online_News

0 comments:

Post a Comment