Wednesday, March 25, 2020

လှည်းကူးမြို့နယ်ရှိ ပြည်သူကျန်းမာရေးကွင်းဆင်းသင်တန်းဌာနနှင့် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တို့တွင် တပ်မတော်မှ နေ့တိုင်းပိုးသတ်ဆေးဖျန်းပေးမည်

Image may contain: one or more people, people sitting, table and indoor


ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများအား Quarantine ဆောင်ရွက်ရာတွင်နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်းသင်တန်းဌာနရှိ အိပ်ဆောင်များ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် နေရာများ၊ ရေချိုးခန်း၊ အိမ်သာများ၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသား တစ်ဦးနေထိုင်ခဲ့သော အိပ်ဆောင် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေးအတွက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များ COVID-19 Quarantine ဆောင်ရွက် လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ၎င်းတို့၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများ၊ အဆိုပါ ကျောင်းတိုက်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာ များအား ယနေ့နေ့လယ်ပိုင်းတွင် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးသည်။
ထို့ပြင် အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့သည် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပိုးသတ်ဆေးဖျန်းခြင်းများ ကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
လှည်းကူးမြို့နယ်ရှိ ပြည်သူကျန်းမာရေးကွင်းဆင်းသင်တန်းဌာနနှင့် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တို့တွင် တပ်မတော်မှ နေ့တိုင်းပိုးသတ်ဆေးဖျန်းပေးမည်
Thursday, March 26, 2020

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများအား Quarantine ဆောင်ရွက်ရာတွင်နေထိုင်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်းသင်တန်းဌာနရှိ အိပ်ဆောင်များ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် နေရာများ၊ ရေချိုးခန်း၊ အိမ်သာများ၊ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသား တစ်ဦးနေထိုင်ခဲ့သော အိပ်ဆောင် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေးအတွက် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများပါဝင်သော အဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများဆောင် ရွက်ပေးသည်။
ဆက်လက်ပြီး အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များ COVID-19 Quarantine ဆောင်ရွက် လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်ရှိ ၎င်းတို့၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများ၊ အဆိုပါ ကျောင်းတိုက်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာ များအား ယနေ့နေ့လယ်ပိုင်းတွင် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးသည်။
ထို့ပြင် အဆိုပါဆေးတပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့သည် ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပိုးသတ်ဆေးဖျန်းခြင်းများ ကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment