Monday, March 30, 2020

COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်နိုင်ရန် ဗီယက်နမ်မြို့ကြီးတွင် lockdown အတွက် အသင့်ပြင်ထားကြရန် ဝန်ကြီးချုပ် အသိပေး

Image may contain: 4 people, people standing

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၀၀ နီးပါးထိ မြင့်တက်လာခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်တန့်စေဖို့အတွက် နိုင်ငံရဲ့ အဓိကမြို့ကြီးများအနေဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က အသိပေးပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော ဟနွိုင်းနဲ့ ဟိုချီမင်းစီးတီးမြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဉ်သစ်တွေ ထုတ်ပြန်ဖို့ ရှိနေပြီး ပိတ်ဆို့ကန့်သတ်မှုအတွက် အဆင်သင့်ပြင်ထားကြဖို့ ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကို ရောက်ရှိနေပြီး နိုင်ငံရဲ့ မြို့ကြီးတွေမှာ သတ်မှတ်ထားတဲ့ အစီအမံတွေကို နာရီတိုင်း၊ မိနစ်တိုင်း အရှိန်မြင့်လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် က ကြေညာချက်မှာ ပြောကြားထားသည်။
ထို့ကြောင့် ဗီယက်နမ်အစိုးရဟာ လေကြောင်းခရီးစဉ်များ၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ၊ လူထုစုဝေးပွဲများနဲ့ မလိုအပ်တဲ့ ဝန်ဆောင်မှုတွေကို အနည်းဆုံး လာမယ့်ဧပြီလ ၁၅ ရက်နေ့ထိ ပိတ်ထားတယ်လို့ သိရပါပြီး ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ ဝင်ရောက်လာကြတဲ့ နိုင်ငံသားများနဲ့ အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားများမှ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့ပွားခဲ့ပြီး ယင်းကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ သီးခြားခွဲနေခြင်းနဲ့ အဆက်အသွယ်ခြေရာကောက်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၉၄ ဦး ရှိနေပြီး သေဆုံးသူတော့ မရှိသေးကြောင်းသိရသည်။
Image may contain: one or more people and outdoor
Image may contain: 1 person, text
Ref : channelnewsasia #Myanmar_Online_News
>>Zawgyi<<
COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်နိုင်ရန် ဗီယက်နမ်မြို့ကြီးတွင် lockdown အတွက် အသင့်ပြင်ထားကြရန် ဝန်ကြီးချုပ် အသိပေး
Tuesday, March 31, 2020

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၀၀ နီးပါးထိ မြင့်တက်လာခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်တန့်စေဖို့အတွက် နိုင်ငံရဲ့ အဓိကမြို့ကြီးများအနေဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က အသိပေးပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော ဟနွိုင်းနဲ့ ဟိုချီမင်းစီးတီးမြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အစီအစဉ်သစ်တွေ ထုတ်ပြန်ဖို့ ရှိနေပြီး ပိတ်ဆို့ကန့်သတ်မှုအတွက် အဆင်သင့်ပြင်ထားကြဖို့ ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကို ရောက်ရှိနေပြီး နိုင်ငံရဲ့ မြို့ကြီးတွေမှာ သတ်မှတ်ထားတဲ့ အစီအမံတွေကို နာရီတိုင်း၊ မိနစ်တိုင်း အရှိန်မြင့် လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် က ကြေညာချက်မှာ ပြောကြားထားသည်။
ထို့ကြောင့် ဗီယက်နမ်အစိုးရဟာ လေကြောင်းခရီးစဉ်များ၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ၊ လူထုစုဝေးပွဲများနဲ့ မလိုအပ်တဲ့ ဝန်ဆောင်မှုတွေကို အနည်းဆုံး လာမယ့်ဧပြီလ ၁၅ ရက်နေ့ထိ ပိတ်ထားတယ်လို့ သိရပါပြီး ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ ဝင်ရောက်လာကြတဲ့ နိုင်ငံသားများနဲ့ အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားများမှ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့ပွားခဲ့ပြီး ယင်းကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ သီးခြားခွဲ နေခြင်းနဲ့ အဆက်အသွယ်ခြေရာကောက်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၉၄ ဦး ရှိနေပြီး သေဆုံးသူတော့ မရှိသေးကြောင်းသိရသည်။
Ref : channelnewsasia #Myanmar_Online_News

0 comments:

Post a Comment