Friday, March 27, 2020

(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆုများ ချီးမြှင့်

No photo description available.

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အစဉ်ဆောင်ရွက်ခဲ့ရာ (၇၅)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော် နှင့်တပ်မတော်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ထူးခြားစွာတာဝန်ထမ်းဆောင်ဆဲဖြစ်သော အရာရှိ၊ စစ်သည်များ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများနှင့် မှီခိုသူရဲမေများ စုစုပေါင်းအင်အား (၅၈၄၈၃)ဦး၊ အဖွဲ့လိုက်ဆု (၁)ဆုတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆု (၁၀)မျိုးအား ချီးမြှင့် အပ်နှင်း လိုက်ပါသည်။
အဆိုပါချီးမြှင့်အပ်နှင်းလိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆုများမှာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ပြုဆု (၁၄၈၉)ဦး၊ အမှုထမ်းကောင်းဆိုင်ရာဂုဏ်ပြုဆု (၅၆၇၄၆)ဦး၊ အနုပညာ ဆိုင်ရာဂုဏ်ပြုဆု တစ်ဦးချင်း ၂၆ ဦးနှင့် အဖွဲ့လိုက်တစ်ဆု၊ စာပေဆိုင်ရာဂုဏ်ပြုဆု ၅၄ ဦး၊ စီးပွားရေးဆိုင်ရာ ဂုဏ်ပြုဆု ၃၁ ဦး၊ နည်းပညာဆိုင်ရာဂုဏ်ပြုဆု ၅၈ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဂုဏ်ပြုဆု လေးဦး၊ အားကစားဆိုင်ရာဂုဏ်ပြုဆု ၂၉ ဦး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ကယ်ဆယ်ရေး ဆိုင်ရာဂုဏ်ပြုဆု ၃၆ ဦးနှင့် အကြံပေးပုဂ္ဂိုလ်များဆိုင်ရာဂုဏ်ပြုဆု ၁၀ ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။
No photo description available.
Source- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆုများ ချီးမြှင့်
Friday, March 27, 2020

မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အစဉ်ဆောင်ရွက်ခဲ့ရာ (၇၅)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော် နှင့်တပ်မတော်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ထူးခြားစွာတာဝန်ထမ်းဆောင်ဆဲဖြစ်သော အရာရှိ၊ စစ်သည်များ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများနှင့် မှီခိုသူရဲမေများ စုစုပေါင်းအင်အား (၅၈၄၈၃)ဦး၊ အဖွဲ့လိုက်ဆု (၁)ဆုတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆု (၁၀)မျိုးအား ချီးမြှင့် အပ်နှင်း လိုက်ပါသည်။
အဆိုပါချီးမြှင့်အပ်နှင်းလိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုဆုများမှာ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ပြုဆု (၁၄၈၉)ဦး၊ အမှုထမ်းကောင်းဆိုင်ရာဂုဏ်ပြုဆု (၅၆၇၄၆)ဦး၊ အနုပညာ ဆိုင်ရာဂုဏ်ပြုဆု တစ်ဦးချင်း ၂၆ ဦးနှင့် အဖွဲ့လိုက်တစ်ဆု၊ စာပေဆိုင်ရာဂုဏ်ပြုဆု ၅၄ ဦး၊ စီးပွားရေးဆိုင်ရာ ဂုဏ်ပြုဆု ၃၁ ဦး၊ နည်းပညာဆိုင်ရာဂုဏ်ပြုဆု ၅၈ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဂုဏ်ပြုဆု လေးဦး၊ အားကစားဆိုင်ရာဂုဏ်ပြုဆု ၂၉ ဦး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ကယ်ဆယ်ရေး ဆိုင်ရာဂုဏ်ပြုဆု ၃၆ ဦးနှင့် အကြံပေးပုဂ္ဂိုလ်များဆိုင်ရာဂုဏ်ပြုဆု ၁၀ ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။
Source- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment